Terminator စက်ရုပ်ပုံတူ ဆေးတံကြီးနဲ့ ဂိုက်ပေးကြမ်းနေတဲ့ မင်းသားကြီး အာနိုး

[email protected] [email protected] schwarzenegger

Hollywood ရုပ်ရှင်လောကရဲ့ မင်းသားကြီး အာနိုးကိုတော့ ရုပ်ရှင်ပရိသတ် အကုန်လုံးနီးပါး သိကြမယ်ထင်ပါတယ်။ Terminator ဇာတ်ကားနဲ့ နာမည်ကြီးလာခဲ့တဲ့ အာနိုးကြီးအတွက်တော့ Terminator ဇာတ်ကောင် အာနိုးရဲ့ Icon တစ်ခုလို့တောင် မှတ်ယူနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က အသက် ၇၃ နှစ်ပြည့်သွားပြီဖြစ်တဲ့ အာနိုးကြီးဟာ COVIDN 19 ကာလမှာဆိုရင်လည်း အိမ်မှာနေရင်း သူ့ရဲ့ အချစ်တော် မြင်းလေး Whiskey နဲ့ မြည်းပုလေး Lulu တို့နဲ့သာ အချိန်ကုန်လေ့ ရှိပါတယ်။ အခုလည်း ပြီးခဲ့တဲ့ အာနိုးရဲ့ အသက် ၇၃ နှစ်ပြည့်မွေးနေ့မှာ အာနိုးကြီးရဲ့ အမာခံပရိသတ်ဖြစ်သူတစ်ယောက်ဟာ Terminator ဇာတ်ကောင်ပုံစံတူ ဆေးတံတစ်ချောင်းကို အာနိုးကြီးမွေးနေ့အတွက် အမှတ်တရ ပြုလုပ်ပြီး Reddit မှာ တင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

RadonLab လို့ အမည်ရတဲ့ Reddit အကောင့်ပိုင်ရှင်ရဲ့ Terminator ပုံစံ ဆေးတံဟာ တော်တော်လေးကို အနုပညာမြောက်တယ်လို့ ထင်မိပါတယ်။ သေသေချာချာ စိတ်ပါလက်ပါနဲ့ကို အသေးစိတ်ပြုလုပ်ထားတဲ့ ဆေးတံတစ်ခုပါပဲ။ RadonLab ဟာ အဆိုပါ ဆေးတံကို Reddit မှာတင်ခဲ့ပြီး အာနိုးကြီး မွေးနေ့အတွက် အမှတ်တရလုပ်ခဲ့တာဖြစ်ကြောင်း၊ ဒီပို့ကို အာနိုးကြီးမြင်ပါစေလို့ ဆုတောင်းနေကြောင်း ပို့စ်တင်ခဲ့ပါတယ်။ အဲဒီလိုတင်ပြီး သိပ်မကြာခင်မှာ အာနိုးကြီးဟာ Terminator ဆေးတံကို တွေ့ရှိခဲ့ပြီး RadonLab ကို ဆက်သွယ်ခဲ့ပါတယ်။

READ
ပရိသတ်တွေ မမှတ်မိလောက်အောင် လှနေလွန်းတဲ့ သင်္ကြန်မယ်လေး သံသာမိုးသိမ့်
[email protected]

“ကျွန်တော်အနေနဲ့ တော်တော်လေးကို ကြိုက်ပါတယ်။ သေသေချာချာကို ပြုလုပ်ထားတဲ့ ဆေးတံတစ်ခုပါ။ တော်တော်လေး အထာကျပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မွေးနေ့မှာ အမှတ်တရ တော်တော်လေးကို ဖြစ်ခဲ့ရပါတယ်။ သူကတော့ ကျွန်တော့်ကို မွေးနေ့အတွက် လက်ဆောင်ပေးပေမယ့် ကျွန်တော်ကတော့ ဒီအတိုင်း မယူရက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူသေသေချာချာကို ပြုလုပ်ထားတဲ့ အနုပညာလက်ရာတစ်ခု ဖြစ်တာကြောင့်ပါ။ ကျွန်တော် ထိုက်တန်တဲ့ တန်ကြေးတစ်ခုဈေးဖြတ်ပြီး သူ့ဆီက ဝယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အနုပညာကို လေးစားလို့ပါပဲ” လို့ အာနိုးက ပြောကြားခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE