တစ်ချက်ကြည့်ရုံနဲ့ အိုဇေလ်းဟာ ဘောလုံးကိုရောက်အောင်ပို့ပေးပါလိမ့်မယ်လို့ ပြောလိုက်တဲ့ ဝဲလ်ကော့

 အိုဇေလ်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံကို ပြသနေပြီး အာဆင်နယ်အသင်းရဲ့ ချန်ပီယံအိမ်မက်ကို အသက်သွင်း
ပေးနေပါတယ်။ ဒီရာသီမှာ ၁၆ကြိမ်အထိ Assists လုပ်ထားပြီးဖြစ်ပါတယ်။

ဝဲလ်ကော့က အာဆင်နယ်အသင်းသားတွေနဲ့ အိုဇေလ်းစိတ်ချင်း ဆက်နွယ်မှုရှိနေကြာင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါ
တယ်။ “ခင်ဗျား သူနဲ့Eye Contact လုပ်ဖို့ပဲလိုပါတယ်။ သူက ခင်ဗျားဘယ်ကို ပြေးတော့မလဲ ဆိုတာသိပါတယ်။
ပြီးရင် အဲ့ဒိနေရာကို ဘောလုံးရောက်အောင် ပို့ပေးပါလိမ့်မယ်၊ ကျွန်တော့်ကို ပြေးသာပြေးနေဖို့ သူက ပြောပြီး
ရှာဖွေပြီးဘောလုံးပို့ပေးမယ့်တာဝန်က သူ့တာဝန်လို့ ဆိုပါတယ်။၊ ကျွန်တော်က ဂိုးသွင်းဖို့ ကြိုးစားရုံပဲ” ဖြစ်ပါတယ်။

Arsenal-v-Bournemouth

၂၀၀၂-၂၀၀၃ ခုနှစ်မှာ ဟင်နရီတင်ထားတဲ့ 20 Assists ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ (၄)ကြိမ်သာလို ပါတော့တယ်။
ဝဲလ်ကော့က အိုဇေလ်းဟာ ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားလို့ ဆိုပါတယ်။ အာဆင်နယ်အသင်း
ရဲ့ ချန်ပီယံလမ်းကြောင်းကိုလည်း အိုဇေလ်းပုံဖော်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

READ
၃၁-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Myanmar Online Media

Source: mirror.co.uk

SHARE