ချယ်လ်ဆီးအနိုင်ယူပြီး13 ကြိမ်မြောက် FAဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယခုနှစ်မှာတော့ ပရီမီယားလိဂ်တန်းစီဇယားမှာ အဆင့် 5 နဲ့သာ ရာသီသိမ်းနိုင်ခဲ့လို့ အစဉ်အလာ
တစ်ခုလို ဖြစ်နေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို တစ်နှစ်တာ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်း ဟာ FA ဖလား အကြိမ်အများဆုံးအသင်းမှာ မှတ်တမ်းသစ် ထိုးနိုင်ခဲ့ပါတယ်။

ယမန်နှစ်က FA ချန်ပီယံ မန်ယူအသင်းဟာ အာဆင်နယ်အသင်း တင်ရှိထားတဲ့ 12 ကြိမ်မြောက်ချန်ပီယံဆုကို လိုက်မီခဲ့ ပါတယ်။ ယခုနှစ်မှာတော့ FA ဖိုင်နယ်အဖြစ် ပရီးမီယားလိဂ်ချန်ပီယံဆုကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ချယ်လ်ဆီးအသင်း နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ခြေစွမ်းအသာနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ အာဆင်နယ်ဟာ ယခုနှစ်မှာ လေးကြိမ် ထိပ်တိုက်တွေ့ခဲ့ပြီး အာဆင်နယ်အသင်းက သုံးကြိမ်အထိ အနိုင်ရခဲ့ ပါတယ်။ ယခုပွဲမှာလည်း ချယ်လ်ဆီးဟာ ထင်သလောက် ကစားကွက် တည်ဆောက်ခွင့် မရခဲ့ဘဲ၊ အာဆင်နယ်အသင်းရဲ့ အတိုက်အဖောက် ပြန်မှန်နေတဲ့ လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို သတိထားပြီး ကစားနေခဲ့ရပါတယ်။

READ
(၃-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ပွဲအစ 4 မိနစ်မှာပင် ချယ်လ်ဆီးဟာ ဆန်းချက်ဇ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ 68 မိနစ်မှာ ချယ်လ်ဆီးကစားသမား မိုဆက်စ် အာဆင်နယ် ဂိုးဧရိယာမှာ သိသိသာသာ ဟန်ဆောင်ဒိုင်ဗင် လှဲချခဲ့လို့ နှစ်ဝါတစ်နီနဲ့ အထုတ်ပယ် ခံခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကစားအားက ရုတ်တရက် ပြန်တက်လာခဲ့ပြီး 76 မိနစ်မှာ ကော်စတာက ချေပဂိုးကို လှလှပပ သွင်းပေးခဲ့ပါတယ်။

ဒီလိုနဲ့ ပွဲပြီးကာ အချိန်ပိုဆက်ကစားရမယ်လို့ လူတိုင်းက ထင်ခဲ့ပေမယ့် 79 မိနစ်မှာ အာဆင်နယ် အနိုင်ဂိုးသွင်းနိုင်ခဲ့ ပါတယ်။ ဒီဂိုးကိုတော့ ဂျရှုးပြန်မပေးလိုက်တဲ့ ဘောလုံးကို ကွင်းလယ်ကစားသမား ရမ်မ်ဆေးက ခေါင်းတိုက်သွင်းယူခဲ့တာ ပါ။ ပွဲပြီးတဲ့အခါ အာဆင်နယ်က 2-1 ရလာဒ်နဲ့ FA ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

FA သမိုင်းမှာ အကြိမ်အများဆုံးအဖြစ် မှတ်တမ်းတင်ထားသည့် အသင်းများကတော့ အာဆင်နယ် 13 ကြိမ်၊ မန်ယူ 12 ကြိမ်၊ စပါး (8) ကြိမ်၊ လီဗာပူး၊ ချယ်လ်ဆီ၊ အက်စတွန်ဗီလာ၊ (7) ကြိမ်စီ၊ နယူးကာဆယ်၊ ဘဘက်ဘန်း (6) ကြိမ်စီ၊  အဲဗာတန် 5 ကြိမ် တို့ ဖြစ်ပါတယ်။ ယခုနှစ် FA ဖလားဟာ အာဆင်နယ်အတွက် 13 ကြိမ်မြောက်ဖြစ်ပြီး အာစင်ဝင်းဂါအ တွက်တော့ 7 ကြိမ်မြောက် ရယူပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

READ
၂၈-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

နတ်စည်တော် (Shwemom)

source : metro.co.uk/goal.com/tsmplay.com

SHARE