အသုံးချ စိတ်ကောက်ပညာ

အယ်လယ်။ အသုံးချ စိတ်ကောက်ပညာ ဆိုပါလား။ တကယ်တော့ အသုံးချ စိတ်ကောက်ပညာ ဆိုတာက အသုံးချစိတ်ပညာ နဲ့ ဘာမှတော့ မဆိုင်ပါဘူး။ ဒါပေမယ့် စိတ်ကောက်တာကလည်း အသုံးချတတ်ရင် အကျိုးရှိတယ်ဆိုတာ အသိပေးဖို့ လိုတယ်လေ။ စိတ်ကောက်တာကိုမှ လက်နက်တစ်ခုလို အသုံးချတတ်တဲ့ ကောင်လေးတွေ ကောင်မလေးတွေလည်း ရှိနေတော့ ဒီဟာလေး ဖတ်ထားလိုက်ရင် အထာနပ်သွားပြီပေါ့။

စိတ်ကောက်ခြင်းကနေ ဘယ်လိုတွေ အသုံးချလို့ရသလဲဆိုတာ သိချင်ရင် အောက်မှာရေးထားတဲ့ အချက်တွေကို ဖတ်ကြည့်လိုက်နော်။

(၁)။ လိုချင်တာတစ်ခုခု ရှိရင် စိတ်ကောက်ပါ

The Zebra

စိတ်ကောက်စရာအကြောင်း ရှိလို့ပဲဖြစ်ဖြစ်၊ မရှိလို့ပဲဖြစ်ဖြစ် လိုချင်တာတစ်ခုခု ရှိပြီဆို စိတ်သာကောက်လိုက်လေ။ ကိုယ်က စိတ်ကောက်ပြီဆိုရင် တစ်ဖက်က ဘာပဲဖြစ်ဖြစ် ချော့ရတော့မယ် မို့လား။ အဲလိုလာ ပြန်ချော့ရင်လည်း လွယ်လွယ်နဲ့ စိတ်မပြေနဲ့ဦး။ တင်းခံထားဦး။ ဒီလိုဆိုရင် ဟိုဖက်က ဟိုဟာလေး ၀ယ်ပေးမယ်၊ ဒီဟာလေး ၀ယ်ပေးမယ် လုပ်လာလိမ့်မယ်။ အဲဒီအခါကျတော့မှ ကိုယ်လိုချင်တာလေးကို ပြောပြပြီး စိတ်ကောက်ပြေလိုက်။ မကောင်းဘူးလား။

READ
Crush မှာ ချစ်သူရှိနေရင် ဘယ်လို လုပ်မလဲ..?

(၂)။ သူ့ကို အသိမပေးပဲ သွားချင်တဲ့ နေရာတစ်ခုခု ရှိရင် စိတ်ကောက်ပါ

www.girlstravelling.com

ကိုယ်က ခရီးတစ်ခုသွားချင်တယ်၊ ဒါပေမယ့် သူ့ကိုပြောရင် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီတော့ အကြောင်း တစ်ခုခုရှာပြီး စိတ်ကောက်လိုက်ပါ။ စိတ်ကောက်ရတဲ့ အကြောင်းကလည်း လုံးဝ ရင်နင့်စရာဖြစ်ဖို့ လိုတယ်နော်။ ခဏနဲ့ချော့လို့ရမယ့် အကြောင်းရင်းမျိုးနဲ့ မကောက်မိစေနဲ့။ အိုကေ စိတ်ကောက်ပြီမို့လား။ ပထမဆုံး သူ့ဖုန်းကို ဘယ်လောက်စိတ်ဆိုးတယ် ဆိုတဲ့အကြောင်း မက်ဆေ့ခ်ျပို့ပါ။ ပြီးရင် ဖုန်းပိတ်ပါ။ အဲဒီနောက် ကိုယ်သွားချင်တဲ့ခရီးကို တိတ်တိတ်လေး သွားပါ။ ပြီးတဲ့နောက် အိမ်ပြန်ရောက်ရင် ဖုန်းပြန်ဖွင့်ပြီး  ဒီလောက်ကြာနေတာကို လာမချော့ဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ စိတ်ထပ်ကောက်ပါ။ အဲဒါဆို သူလာ ချော့ပါလိမ့်မယ်။ အဲကျ စိတ်ပြေလိုက်ပေါ့။

READ
သင့်ကောင်လေးသင့်ကို စိတ်မဝင်စားတော့ကြောင်း ပြနေသည့်အချက်များ

(၃)။ အပျင်းထူချင်ရင် စိတ်ကောက်ပါ

Miss Money Box

သူက ဟိုဟိုဒီဒီ လျှောက်သွားချင်တယ်။ ကိုယ်က ဘယ်မှ မသွားချင်ဘူး။ အေးအေးဆေးဆေးနဲ့ အိမ်မှာပဲ နှပ်နေချင်တယ်။ ဒီလိုဆိုရင် စိတ်သာကောက်လိုက်ပါ။ အဲဒါဆို စကားလည်း ပြောစရာမလို၊ အပြင်လည်း သွားစရာမလိုပဲ အိမ်မှာ စိတ်တိုင်းကျ နှပ်နေလို့ရပြီလေ။ ကိုယ်ပျင်းရတာကို ပျင်းလာပြီဆိုတော့မှ စိတ်ကောက်ပြန်ပြေလိုက်။ သာယာတာပေါ့။

(၄)။ ရည်းစားအသစ် လိုချင်ရင် စိတ်ကောက်ပါ

onlyyouforever

ကိုယ်က သူ့ကိုတွဲရတာ စိတ်ညစ်လာပြီ။ သူက တုံးကလည်းတုံး၊ ရုပ်ကလည်းမချော၊ အရပ်ကလည်းပုနဲ့ သေဒဏ်ပေးပလိုက်ဖို့ပဲ ကောင်းတဲ့ပုံမျိုးဆိုရင် သူ့ကိုအမြန်ဆုံး ထားခဲ့ဖို့အတွက် စိတ်သာ ထိုင်ကောက်နေပါ။ ဘယ်သူပဲဖြစ်ဖြစ် ဘေးနားလာပြီး တစ်ချိန်လုံး စိတ်ကောက်နေတယ်ဆိုရင် ကြာကြာသည်း မခံနိုင်ပါဘူး။ အများကြီးမဟုတ်ပဲ တစ်လအတွင်း အခါ (၂၀)လောက် စိတ်ကောက်လိုက်တယ် ဆိုရင်ပဲ သူစိတ်ကုန်သွားမှာဖြစ်ပြီး သင့်ကိုထားခဲ့ပါလိမ့်မယ်။

Linn

SHARE