အက်ဆစ်နဲ့ပက်တဲ့အမှု ထောင်ဒဏ်နှစ်ပေါင်းများစွာ ချမှတ်ခံရ

အစီိအစဉ်တင်ဆက်သူ Ferne McCann ရဲ့ ချစ်သူဟောင်း Arthur Collins ဟာ နိုက်ကလပ်တစ်ခုမှာ လူအုပ်ထဲကို အက်ဆစ်နဲ့ပက်ခဲ့တဲ့အတွက် ကိုယ်ထိလက်ရောက် ထိခိုက်ပျက်စီးစေတဲ့အမှုနဲ့  ပြီးခဲ့တဲ့လက တရားစွဲဆိုခံခဲ့ရပါတယ်။ ၄င်းတိုက်ခိုက်မှုကြောင့် လူ (၁၆) ဦးမှာ အက်ဆစ်လောင်ကျွမ်းဒဏ်ရာတွေ ရခဲ့ကာ လူ (၃)ဦးမှာ အမြင်အာရုံထိခိုက်မှုတွေ ဖြစ်ခဲ့ရပြီး ယင်းတို့အနက် နစ်နာသူ (၁၄) ဦးဟာ Collins ကို တရားစွဲမှုများ ပြုလုပ်ခဲ့ပါတယ်။

တရားခံ Collins ဟာ နိုက်ကလပ်ထဲရှိ လူအုပ်ထဲသို့ အက်ဆစ်စပရေးနဲ့ ဖျန်းခဲ့ပြီး တရားလို Lauren Trent ဆိုသူက နိုက်ကလပ်ထဲမှာ ကိုကာကိုလာဘူး ဖွင့်တဲ့အသံလိုမျိုးကြားလိုက်ရပြီး သူမရဲ့ လည်ပင်းအပေါ် အရည်တစ်မျိုးကျလာချိန်မှာတော့ သူမရဲ့ အသားတွေ ကွာကျလာခဲ့ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ နစ်နာသူတွေထဲက Kwami Licorish ဆိုသူမှာ အနံ့ပြင်းပြင်းတစ်ခု ရလိုက်ပြီးနောက် သူ့ရဲ့ အမြင်အာရုံတွေ မှုန်ဝါးသွားခဲ့ပြီး Ruam Mota ဆိုသူမှာတော့ သူ့မျက်နှာနဲ့ လည်ပင်းမှာ လောင်ကျွမ်းသွားခဲ့ကာ သူ့ဂျက်ကတ်အင်္ကျီက အရည်ပျော်ကျလာခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

READ
နောက်ဆုံးအချိန်ရောက်နေပြီဖြစ်တဲ့ကင်ဆာရောဂါသည်ဖေဖေရဲ့ ကြေကွဲဖွယ်စိတ်ကူး

Collins ဟာ အက်ဆစ်ပြင်းက လူတွေရဲ့ အသားအရည်အပေါ် ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတာကို သိသော်လည်း တမင်အန္တရာယ်ပြုခဲ့ကာ လိမ်ညာထွက်ပြေးပုန်းရှောင်ခဲ့ပြီး နောင်တအနည်းငယ်ပင်မပြသတဲ့ တရားခံဖြစ်ကြောင်း တရားသူကြီးက မှတ်ချက်ပေးခဲ့ပြီး ထောင်ဒဏ်နှ်စ် (၂၀)ချမှတ်ခဲ့ပါတယ်။ အက်ဆစ်ထဲမှာ PH1 မြင့်မားစွာ ပါဝင်နေခဲ့ပြီး တရားခံက အက်ဆစ်နဲ့ ပက်တာ ဝန်ခံခဲ့ပေမယ့် ပက်ခဲ့ချိန်မှာ အက်ဆစ်မှန်း မသိခဲ့ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ ယခုနှစ်လယ်ပိုင်းက လန်ဒန်အရှေ့ပိုင်းရှိ နိုက်ကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Collins ဟာ VIP နေရာရှိ ယောက်ျားအချို့နဲ့ ခိုက်ရန်ဖြစ်ပွားရာမှ အက်ဆစ်နဲ့ သုံးကြိမ်ဖျန်းခဲ့ကာ အနီးရှိလူများအပေါ်ပါ စင်သွားခဲ့ပါတယ်။ တရားခံဟာ ရည်ရွယ်ချက်ရှိရှိ ထိခိုက်ပျက်စီးစေမှု (၅)မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု (၉)မှုတို့နဲ့ ပြီးခဲ့တဲ့လက တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။

White (Shwemom)

SHARE