Vape ထဲထည့်သောက်ကြတဲ့ ပူရှိန်းအရသာတွေဟာ ကင်ဆာဖြစ်ပွားနိုင်ကြောင်း သိရ

အီးစီးကရက် သို့မဟုတ် Vape တွေထဲ ထည့်သောက်ကြလေ့ရှိတဲ့ ပူရှိန်းအရသာတုတွေမှာ ကင်ဆာဖြစ်ပွားစေတဲ့ ပစ္စည်းတွေ ပါဝင်နေကြောင်း သုတေသနတစ်ခုက ဆိုပါတယ်။ ၄င်းသုတေသနအရ မင်သော်ပရုတ်အေးနဲ့ ပူရှိန်းပက်ပါမင့် vape တွေမှာ ကင်ဆာဖြစ်ပွားစေပြီး စိတ်ကိုစွဲလန်းစေတတ်တဲ့ pulegone ဓာတုကွန်ပေါင်းတွေ ပါဝင်ကြောင်း dailymail သတင်းအရ သိရပါတယ်။

Vaping ပစ္စည်းတွေဟာ မင်သော်စီးကရက်တွေထက်စာရင် စိတ်ကိုစွဲလန်းစေတတ်တဲ့ ဓာတုဓာတ်ပေါင်းတွေ ပါဝင်မှုပိုများကြောင်း ဆိုပါတယ်။ ပရုတ်ပါတဲ့ အပင်တွေက ထုတ်ယူထားတဲ့ Pulegone ဓာတုကွန်ပေါင်းတွေကို ပမာဏအများကြီး စားသုံးတဲ့အခါ အသည်းကင်ဆာဖြစ်စေပါတယ်။ ဒါကြောင့် သုတေသနပညာရှင်တွေက vape ပုံမှန်သောက်သုံးတဲ့သူတွေကို ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေကို ပြောပြပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

Pexels/Miguel Arcanjo Saddi

အခုဆိုရင်လည်း ဆေးလိပ်အစားထိုးဆိုပြီး vape ကိုပြောင်းသောက်တော့မှ vape ကြောင့် လူသေတဲ့အထိ အန္တရာယ်ရှိလာပြီဆိုတဲ့ သတင်းတွေကိုပါ ကြားလာရတာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ Pulegone ဓာတုကွန်ပေါင်းကို အစားအသောက်တွေထဲ ထည့်သွင်းမှုမှ တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အင်္ဂလန်မှာတော့ vape တွေထဲ ထည့်သောက်ရတဲ့ အရည်အချို့မှာတော့ ဒီဓာတ်ပေါင်းကို တွေ့နေရတုန်းပါပဲ။

READ
ယူကေမှာ စီးကရက်ဘူးတွေကို ဈေးတင်ပြီး လူတွေကို ဆေးလိပ်ပြတ်အောင် စီစဉ်နေ

အမေရိကန်နိုင်ငံ ကယ်ရိုလိုင်းနားမြောက်ပိုင်း ဒျု့ခ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ Pulegone ပါဝင်တဲ့အရည်တွေကို vape နဲ့ နည်းနည်းလေး ထည့်သောက်တာတောင်မှ တစ်နေ့ကို စီးကရက်(၁၀) လိပ်သောက်တာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ Vape သောက်သုံးသူတွေအနေနဲ့ အန္တရာယ်များလှတဲ့ Pulegone ဓာတ်ပေါင်းတွေကို မသိလိုက်မသိဘာသာနဲ့ ကိုယ်ခန္ဓာထဲစုပ်သွင်းနေတာကြောင့် vape အရည်တွေထဲ ပရုတ်ထည့်သောက်တာတွေ ရှောင်ကြဖို့ သုတေသီတို့က အကြံပြုခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE