စမတ်ဖုန်းစွဲလန်းမှုကြီးကို အများသတိထားမိစေဖို့ အနုပညာနဲ့သတိပေးလိုက်သူ

Instagram- @andrewjrae

အခုခေတ်ရဲ့လူနေမှုပုံစံကိုက အရွယ်မရောက်သေးတဲ့ကလေးကစလို့ အသက်ကြီးပိုင်းတွေအထိ စမတ်ဖုန်းတွေကို မျက်လုံးနဲ့မကွာဖြစ်နေတတ်ကြပါတယ်။ အလုပ်အကိုင်ကြောင့်ပဲဖြစ်ဖြစ်၊ စိတ်အပမ်းဖြေချင်လို့ပဲဖြစ်ဖြစ်၊ ဘာပဲလိုလို စမတ်ဖုန်းတစ်လုံးထဲနဲ့ အရာအားလုံးကို အသုံးပြုလို့ရနေတာကြောင့်လည်း လူတွေဟာ စမတ်ဖုန်းရဲ့ကျေးကျွန်တွေ ဖြစ်မှန်းမသိဖြစ်လာခဲ့ကြပါတယ်။

ဒီလိုစွဲလန်းမှုကို ကမ္ဘာကသိနိုင်အောင်ဆိုပြီး အနုပညာရှင်တစ်ယောက်ကတော့ သူ့ရဲ့အနုပညာတွေနဲ့ ဖော်ပြလာခဲ့ပါတယ်။ ပန်းချီတွေရဲ့နာမည်ကိုတော့ “Phone Buddies” လို့ပေးထားပါတယ်။ ဒီလိုပုံတွေဆွဲဖို့ စိတ်ကူးကို ဘယ်လိုကနေဘယ်လိုရရှိခဲ့တာလဲစတာတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ Bored Panda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Instagram- @andrewjrae

သူကတော့ Andrew Rae ပါ။ ပန်းချီပုံများရဲ့နောက်ကွယ်က ပဲ့ကိုင်ရှင်ပဲဖြစ်ပါတယ်။ “Phone Buddies” ဆိုတဲ့ ပရောဂျက်မှာတော့ လူတွေရဲ့ဓာတ်ပုံတွေမှာ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး မိစ္ဆာပုံတွဖြစ်အောင် ရေးဆွဲထားပါတယ်။ မနက်တိုင်း Andrew Rae ဟာ အလုပ်ကိစ္စသွားတာတို့၊ မနက်စာစားတာတို့၊ လမ်းလျှောက်ထွက်တာတို့ စသဖြင့် အပြင်သွားလေ့ရှိပါတယ်တဲ့။ လမ်းလျှောက်တဲ့အခါမှာ တစ်နေ့ထက်တစ်နေ့ ပိုပြီး သတိထားမိလာတာကတော့ လူတွေဟာ စမတ်ဖုန်းကိုတော်တော်လေးစွဲလန်းနေကြတာကိုပါ။

READ
တောထဲနှစ်ပေါက်အောင်နေပြီး အိပ်မက်ဆန်ဆန် သဘာဝရုပ်ထုတွေဖန်တီးခဲ့တဲ့အမျိုးသား

လမ်းသွားရင်းနဲ့လည်းဖုန်းသုံးတယ်၊ လမ်းမလယ်ခေါင်မှာရပ်ပြီးလည်းသုံးတယ်၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖုန်းနဲ့မျက်နှာနဲ့မခွာနိုင်အောင် ဖြစ်နေကြတဲ့အတွက် ဒီအတိုင်းလမ်းလျှောက်တဲ့သူတွေခင်ဗျာ သူတို့ကို ရှောင်ရှားပြီးသွားနေရတာ စိတ်ကသိကအောင့်ဖြစ်စေပါတယ်တဲ့လေ။ နောက်ပြီး သူတွေအကုန်လုံး စမတ်ဖုန်းတဲ့ကျေးကျွန်တွေ ဖြစ်နေပြီဆိုတာ အားလုံးသိကြဖို့အတွက် သူ့အနေနဲ့ တစ်ဖက်တစ်လှမ်းက ကူညီချင်လို့ ဒီပုံတွေကို ဆွဲခဲ့တာပဲဖြစ်ပါတယ်။

Instagram- @andrewjrae
Instagram- @andrewjrae

စပြီး စိတ်ကူးရခဲ့တာကတော့ သူငယ်ချင်း Ruskin Kyle ရယ် သူတို့ကလေးတွေရယ်နဲ့ အပြင်သွားတုန်း Ruskin Kyle  ကနေပြီး မင်းဒီလိုလုပ်ကြည့်ပါလားလို့ အကြံပေးလာတဲ့အတွက် ဆွဲဖြစ်လာခဲ့တာပါတဲ့။ နောက်ပြီး Ruskin Kyle လည်း street photography သမားဆိုတော့ လမ်းမထက်က လူတွေရဲ့ ရုပ်ပုံလွှာတွေကို မှတ်တမ်းတင်ရာမှာ တော်တော်လေး လက်ရာမြောက်နေခဲ့ပါတယ်။ ဒါကြောင့် Ruskin Kyle ရဲ့ ဓာတ်ပုံတွေနဲ့ Andrew Rae ရဲ့ ဒစ်ဂျစ်တယ်ပန်းချီပညာတို့ပေါင်းပြီး အခုလိုပုံတွထွက်လာတော့တာပါပဲ။

Instagram- @andrewjrae
Instagram- @andrewjrae
Instagram- @andrewjrae

ပုံတွေကိုကြည့်မယ်ဆိုရင် စမတ်ဖုန်းတွေထဲကနေ မိစ္ဆာတွေထက်လာပြီး လူ့ဦးခေါင်းတွေကို ဝါးမြိုနေတဲ့ပုံမျိုးတွေပါ။ သင်ရော သင့်စမတ်ဖုန်းရဲ့ကျေးကျွန်ပြုမှုကို ဘယ်လောက်ထိ ခံနေရပြီလဲ။

READ
မျက်မှောက်ခေတ်ရဲ့ လက်တွေ့ကျတဲ့ ပုံရိပ်များထင်ဟပ်နေသည့် ဆိုးဆိုးရွားရွားရုပ်ပုံများ
Instagram- @andrewjrae
Instagram- @andrewjrae

Penny

 

SHARE