အိုင်ယာလန်ရဲ့ တောင်တန်းတွေပေါ်မှာ မီးသီးပေါင်းထောင်ချီနဲ့ အလှဆင်ခဲ့တဲ့ အနုပညာရှင်

Youtube/WorldNews

အနုပညာရှင်တစ်ဦးဟာ စိန့်ပက်ထရစ်နေ့အထိမ်းအမှတ်အဖြစ် အိုင်ယာလန်တောင်တန်းတွေပေါ်မှာ မီးသီးတွေထွန်းညှိကာအလှဆင်ခဲ့ကြောင်း dailymail သတင်းစာမျက်နှာအရ သိရပါတယ်။ ဖင်လန်လူမျိုး အနုပညာရှင် မစ္စတာကာရီကိုလာဟာ အိုင်ယာလန်နိုင်ငံ ကောင်တီဂဲလ်ဝေး ကွန်နယ်မာရာခရိုင်က တောင်တန်းတွေပေါ်မှာ မီးသီးတွေ ထွန်းညှိခဲ့တာဖြစ်ပါတယ်။

Youtube/WorldNews

ကာရီကိုလာဟာ အပြာနဲ့အစိမ်းရောင်ပါ မီးသီးပေါင်း (၁၀၀၀) ကို စိန့်ပက်ထရစ်နေ့ရဲ့ ရိုးရာအမှတ်တရအရောင်အဖြစ် ဆင်ယင်ခြယ်သခဲ့တာ ဖြစ်ပါတယ်။ မီးသီးတွေဆင်ထားရာတောင်တန်းရဲ့ တစ်ဖက်မှာတော့ အိုင်ယာလန်ရဲ့ရေခဲကန် Lough Na Fuaiche ရှိပါတယ်။ ကာရီကိုလာဟာ သူရဲ့ ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှပလွန်းတဲ့ မီးသီးအပြင်အဆင်ကို Savage Beauty လို့အမည်ပေးထားပါတယ်။

Youtube/WorldNews
Youtube/WorldNews

မီးသီးတွေဟာ ကွန်နယ်မာရာတောင်တန်းတစ်လျှောက် စုစုပေါင်း (၅) ကီလိုမီတာအကွာအဝေးမှာ ဖြန့်ကျက်ပြီးရှိနေတာ ဖြစ်ပါတယ်။ Savage Beauty ကို ကနဦးတုန်းက စနေနေ့ကနေ အင်္ဂါနေ့ထိ တပ်ဆင်ထားဖို့ ရည်ရွယ်ထားပေမယ့် အဲ့ဒီညမှာပဲ တပ်ဆင်ရေးအဖွဲ့ဟာ မီးသီးတွေကို ပြန်ဖြုတ်ခဲ့ရကြောင်း သိရပါတယ်။ အိုင်ယာလန်ဟာ ဒပ်ဘလင်မြို့လမ်းတစ်လျှောက်မှာ ခါတိုင်းလို လူစုလူဝေးနဲ့ စီတန်းလှည့်လည်ပွဲတွေပြုလုပ်တာမျိုးကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

READ
နယူးယောက်က လမ်းတစ်လမ်းကို မာဗယ်လ်ဖခင်ကြီး အမှတ်တရ နာမည်ပေးအပ်
Youtube/WorldNews

အခုတွေ့မြင်ရတဲ့ မြင်ကွင်းတွေကတော့ Savage Beauty ကိုဖြုတ်မချခင်အချိန်မှာ တွေ့ရတဲ့ မီးသီးတွေရဲ့အလှအပပဲ ဖြစ်ပါတယ်။ မီးသီးတွေရဲ့အလှကိုတွေ့မြင်ခဲ့တဲ့ ဂျင်မ်လီနန်ဂန်ဆိုသူ အမျိုးသားကတော့ “..ကာရီကိုလာရဲ့Savage Beauty က Lough Na Fuaiche ရဲ့ရေကန်ဘေးမှာ အမှန်ပဲ တောက်ပခွင်ရခဲ့တယ်။ အရမ်းကို လှပလွန်းတဲ့မြင်ကွင်းလေးပါ။ မြူတွေက တောင်ထိပ်ပေါ်မှာ ရစ်သိုင်းလွှမ်းခြုံနေတော့ တကယ့်ကို နူးညံ့သိမ်မွေ့လွန်းတဲ့ အလှတရားပါပဲ..” လို့ ပြောပြပါတယ်။

ကာရီကိုလာရဲ့ အခုလို မီးသီးအပြင်အဆင်ဟာ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားမှုကြောင့် ချက်ချင်းဆိုသလို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ကာရီကိုလာကတော့ ဒီညွှန်ကြားချက်အပေါ် စိတ်ပျက်ခဲ့ရပေမယ့် နောက်ပိုင်းမှာလည်း လူတွေမမျှော်လင့်ထားတဲ့အရာမျိုးကို ဒီဂျစ်တယ်နည်းနဲ့ ပြသခွင့်ရဖို့ ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE