ကြွေထည်မြေထည်ပေါင်း(၁)သောင်းကျော်နဲ့ ဖွဲ့စည်းထားတဲ့ ထူးခြားသောအိမ်ကလေး

theceramichouse

ကြွေထည်မြေထည်အနုပညာရှင်တစ်ဦးဟာ သူမရဲ့အိမ်ကို သူမကိုယ်တိုင်ဖန်တီးထားတဲ့ ကြွေထည်မြေထည်ချပ်ပေါင်း (၁၀,၀၀၀) နဲ့ ထူးထူးခြားခြားအိမ်လေးအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ သူမကတော့ အသက်(၄၈) နှစ်ရှိပြီဖြစ်တဲ့ ကေးအက်ပ်လင်းပဲ ဖြစ်ပါတယ်။ ကေးဟာ ရေချိုးခန်း၊ မီးဖိုဆောင်နဲ့ ပန်းခြံထဲက အလှဆင်ပစ္စည်းတွေကို သူမအနုပညာကျောင်းဆင်းပြီးကတည်းက ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။

theceramichouse.com
theceramichouse.com

သူမရဲ့အိပ်ခန်း() ခန်းပါအိမ်လေးမှာ အခန်းတော်တော်များများကို သူမတတ်မြောက်ထားတဲ့ လက်မှူအနုပညာရပ်ကို အသုံးချပြီး လှပအောင် ပြင်ဆင်ထားခဲ့တာပါ။ ကြွေထည်မြေထည် အချပ်ပေါင်း (၁၀,၀၀၀) ကျော်နဲ့ (၁၁) နှစ်တာ အချိန်ကြာပြီးတဲ့နောက်မှာတော့ နစ်စဉ် လူပေါင်း(၂၀,၀၀) နီးပါးဟာ သူမရဲ့ ကြွေထည်မြေထည် အိမ်လေးဆီ အလည်လာလေ့ရှိတယ်လို့ သိရပါတယ်။

theceramichouse.com
theceramichouse.com
theceramichouse.com

ကေးကတော့“..ကျွန်မက အရောင်တွေကို ချစ်တယ်။ ကျွန်မအိမ်လေးကို လှလှလေးဖြစ်အောင် ပြင်ချင်တဲ့စိတ်ရှိတယ်။ ဒါကြောင့် ကျွန်မတတ်တဲ့ ပညာနဲ့ ကြွေထည်မြေထည်လေးတွေကို စိတ်တိုင်းကျ ဖန်တီးပြီး အိမ်မှာ မွမ်းမံဖြစ်တယ်။ အဲဒါ အိမ်ကို လာလည်တဲ့ သူတိုင်းက ကျွန်မအိမ်လေးကို နေချင်စရာကောင်းလိုက်တာ၊ ချစ်စရာလေးနော်လို့ ခဏခဏ ချီးမွမ်းကြတော့ အိမ်လေးကို ကြွေထည်မြေထည်အိမ်လေးအဖြစ် ပြောင်းဖို့ရယ်၊ ပြတိုက်လေးအဖြစ် ဖွင့်ဖို့ရယ် အကြံရလာတာ…” လို့လည်း ပြောပြခဲ့ပါသေးတယ်။

theceramichouse.com
theceramichouse.com
theceramichouse.com

ကေးက သူမဟာ ဖန်သားရဲ့ အရောင်ကို ကြိုက်နှစ်သက်ပြီး ရွှံ့တွေကိုတော့ လိုသလို ပုံသွင်းနိုင်တဲ့အတွက် နှစ်သက်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ ကြွေထည်မြေထည်တွေကို သူမစိတ်ကြိုက် ဒီဇိုင်းဖန်တီးရတာ၊ အလင်းအမှောင်နဲ့ အရိပ်တွေထည့်သွင်းပြီး သူမအနုပညာကို အသက်ဝင်အောင် လုပ်ရတာဟာ သူမအတွက်တော့ မရိုးနိုင်တဲ့ အတွေ့အကြုံဖြစ်တယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ကေးနဲ့ အမျိုးသားဖြစ်သူဟာ အိမ်ကလေးကို အလည်လာလိုသူတွေနဲ့ ညအိပ်ငှားရမ်းလိုသူတွေအတွက် အဆင်ပြေအောင် အခန်းတွေငှားပေးလျက် ရှိပြီး သူမအိမ်ကလေးကို ပြတိုက်လေးအဖြစ် ဖွင့်လှစ်ဖို့လည်း စိတ်ကူးနေတယ်လို့ သိရပါတယ်။

theceramichouse.com
theceramichouse.com

လင်းလင်း (ShweMom)

READ
ခွေးပိုင်ရှင်တွေက ကြောင်ပိုင်ရှင်တွေထက် ပိုချော၊ ပိုလှ၊ ပိုပျော်ဟု စစ်တမ်းတစ်ရပ်ထုတ်ပြန်

Ref : www.theceramichouse.co.uk

SHARE