သတို့သမီးဝတ်စုံ ကြောင့် အိမ်မက်တွေ တကယ်ဖြစ်လာတဲ့ အမျိုးသမီး

Image:IG/ Taylor Ann Linko

Artist တိုင်းမှာ သူတို့ ဒီလက်ရာကို ဘာ ကြောင့် ဖန်တီးလဲ ဆိုတဲ့ နောက်ကွယ်က သမိုင်း ကြောင်းတွေ ရှိပါတယ်။ ဖန်တီးမှုလက်ရာတစ်ခုဆိုတာကလည်း အကြိမ်ကြိမ် ကျရှုံးမှုတွေ၊အဆင် မ ပြေမှုတွေ ဒါတွေ အားလုံး ကို ကျော် ဖြတ် ပြီးမှ ရတာမျိုးပါ။ Taylor Ann Linko  ဆိုတဲ့ အမျိုးသမီး ကတော့ သူမရဲ့ အိမ် မက်က Artist တစ်ယောက် ဖြစ် လာဖို့ပါ။မူလတန်း ကျောင်းသူဘ၀ တည်းက ဒီလို ဖြစ်ချင်လာခဲ့တဲ့ သူမဟာ သစ်သီး ခြင်းတွေ ကို အလှ ဆင် ပြီး  မိခင်ရဲ့ သူငယ်ချင်းတွေ ကို ရောင်းချ ခဲ့ဖူးပါတယ်။အကြိမ်ကြိမ် ရှုံးနိမ့်မှုတွေ နဲ့ ကြုံ ခဲ့ရ ပေမယ့် အိမ်မက်က လက် ထပ်ပြီး လအနည်းငယ်အကြာမှာ အ ကောင်အထည် ပေါ်လာခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ boredpanda မှာ ဖော်ပြထားတာပါ။

မင်္ဂလာဆောင်မှာ သူမ ကြိုက်တဲ့ စိတ်တိုင်းကျ သတို့သမီး ၀တ်စုံကို ဖန်တီးခဲ့ပါတယ်။သူမရဲ့ မင်္ဂလာ ပွဲ မတိုင် ခင် လ ပိုင်း အလိုမှာေ တာ့ သူများနဲ့ မတူ ထူးခြားတဲ့ မင်္ဂလာ သတို့ သမီးဝတ်စုံကို ၀တ်မယ်ဆိုပြီး စိတ်ကူး ရ ခဲ့တာပါ။ဝတ်စုံ ရဲ့ အ ပေါ် ပိုင်းက တော့ ပုံမှန်ဆိုပေမယ့် အောက်မှာတော့ မီး တောက်တွေ လို မျိုး ဆေးခြယ်ခဲ့တာပါ။ဝတ်စုံ ကို ၀ယ်ပြီး တခြား ဖန်တီးမှု အ တွ က် က တော့ တစ်ပတ် လောက် အချိန်ယူ ဖန်တီးခဲ့တာပါ။

ဆေးခြယ်ဖို့ အတွက် က Brush ကိုပဲ သုံးခဲ့တာပါ။ဝတ်စုံမှာ ဆေးမခြယ်ခင် အ ရောင်စမ်းတာ မျိုး ကိုလည်း လုပ် ခဲ့ ပါတယ်။သူမရဲ့ ဖန်တီးမှုတွေ အပြီးမှာ တော့ သူများနဲ့ မတူ ထူးခြားတဲ့ ၀တ်စုံ ထွက် ပေါ် လာခဲ့ပါတယ်။လက်ထပ်ပြီး လ အနည်းငယ်အကြာမှာတော့ သူမရဲ့ ၀တ်စုံကို သတိထားမိတဲ့ လူတွေ ရဲ့ တဆင့်စကား တစ်ဆင့် နား ကြား တွေေ ကြာင့် သူမရဲ့ အရည်အချင်းကို အသိအမှတ်ပြု သူတွေ များလာပါတယ်။

နောက်ပိုင်းမှာတော့ UK က Page တစ်ခု မှာ ဖော်ပြ ခံခဲ့ရပါတယ်။သူမရဲ့ သတို့သမီး ၀တ်စုံက အွန်လိုင်း ပေါ် မှာ  အရမ်း နာမည်ကြီး ခဲ့ပါတယ်။အဲ့ဒီမှာပါ လူရာ ပေါင်းများစွာက သူတို့ရဲ့ ၀တ်စုံ တွေကိုလည်း ဆေးခြယ် ပေး ဖို့ တောင်း ဆိုခဲ့ ကြပါတယ်။

Taylor Ann Linko က လည်း သ ဘော တူလိုက်ပြီး သူမ ဖြစ်ချင်တဲ့ အိမ်မက်က  အ ကောင် အထည် ပေါ် လာခဲ့တာပါ။အခုဆိုရင်တော့ Full Time Artist အ ဖြစ်ပါ ရပ်တည် နေပါပြီ။

 

View this post on Instagram

 

I’m well practiced at never leaving the house. Expert on limited social interaction, got years of practice being self employed and just anti social. If your a newbie forced into it here some tips. ❤ play music – try different genres and sing along find podcasts you like call people make a plan for the day each morning set a timer and switch between tasks to keep it fresh learn something new – YouTube it, can be something simple like new way to fold your clothing. got a porch? Balcony? Just sit outside a bit and get a bit of sun. above all stay busy, keep your mind occupied and you might avoid talking to yourself. No guarantees though, I might do that more than the average human ‍♀️

A post shared by Taylor Ann Art (@taylorannart) on

#SHWEMOM

SHARE