ဗင်နီဇွဲလားရဲ့ပထမဆုံး အီကိုနံရံဆေးရေးပန်းချီကိုပြုလုပ်ခဲ့တဲ့ ပန်းချီအနုပညာရှင်

Oscar Olivares

ကမ္ဘာတစ်ဝှမ်းက အနုပညာရှင်တွေဟာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာပြဿနာတွေကို လူတွေပိုပြီးသိရှိနားလည်စေဖို့ ကြိုးစားလာနေကြပြီဖြစ်ပါတယ်။ အခုအခါမှာလည်း အသက် (၂၃) နှစ်အရွယ် အော်စကာအိုလီဗာရက်စ်ရဲ့ သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းပုံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အော်စကာဟာ ဗင်နီဇွဲလားက ဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူ့ရဲ့ဘူးခွံ ပုလင်းခွံတွေနဲ့လုပ်ထားတဲ့ ဧရာမနံရံဆေးရေးပန်းချီကားချပ်တွေဟာ သတင်းခေါင်းကြီးတွေထဲ ပါလာခဲ့တာကို boredpanda သတင်းမှာတွေ့မြင်ရပါတယ်။

Oscar Olivares

အော်စကာဟာ ဒီနံရံဆေးရေးကို ဒေသခံသဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတွေဖြစ်တဲ့ OkoSpiri နဲ့ Movimiento en la Arquitectura para el Futuro တို့နဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အောက်မှာ တွေ့မြင်ရတဲ့ နံရံဆေးရေးပန်းချီကားကြီးမှာ ပလတ်စတစ်ဘူးခွံနဲ့ ခွက်အဖုံးပေါင်းများစွာကို အသုံးပြုထားတာ ဖြစ်ပါတယ်။

OkoSpiri

စတုရန်းတစ်ကွက်စာ နံရံအတွက် ပလတ်စတစ်ဘူးခွံပေါင်း (၂) သိန်းကျော်ကို သုံးထားပြီး (၂.၅) လကြာ ပြုလုပ်ထားခဲ့တာပါ။ နံရံဆေးရေးပန်းချီဟာ အလျား (၄၅) မီတာရှိကာ အနံအားဖြင့် အတိုဆုံးအမှတ် (၃.၅) မီတာရှိကာ အရှည်ဆုံးအမှတ်ထိ (၇.၂၅) မီတာအထိ ရှိကြောင်း သိရပါတယ်။

Oscar Olivares
OkoSpiri

အော်စကာက အခုလို အဖုံးခွံတွေနဲ့ တည်ဆောက်မယ့် ပထမဆုံး recycled နံရံဆေးရေးပန်းချီကိုပြုလုပ်ပေးဖို့ သူ့ကို လာကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါသေးတယ်။ ရလဒ်အဖြစ်ထွက်လာတဲ့ နံရံပန်းချီဟာ ဘူးခွံတွေကိုကောင်းကောင်းအသုံးပြုထားတာကြောင့် အထင်ကြီးလောက်စရာဖြစ်ပြီး ထိုက်တန်တယ်လို့ အော်စကာကပြောပြပါတယ်။ အလျား (၄၅) မီတာအရှည်ရှိတဲ့ ဒီနံရံဆေးရေးပန်းချီကြီးကို (၃) လနီးပါးကြာအောင် အချိန်ယူပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

READ
၈ပတ်သားအရွယ်သာရှိသေးပေမယ့် ဆံပင်ပေါက်အားကောင်းလွန်းတဲ့ကလေးငယ်
OkoSpiri

နောက်ဆုံးမှာတော့ အရောင်စုံလင်ပြီး သဘာဝဆန်တဲ့ အဖုံးခွံပန်းချီကားထွက်လာခဲ့တာ ဖြစ်ပါတယ်။ ပန်းချီထဲမှာတော့ ငှက်တွေအပြင်၊ နေကြာပန်း၊ နဲ့ အယ်လ်အဗီလာသဘာဝဥယျာဉ်ထဲက တောင်တန်းတွေလည်း ပါဝင်ပါတယ်။ ဒီနံရံဆေးရေးပန်းချီကြီးဟာ တောင်အမေရိကမှာ အကြီးဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နံရံဆေးရေးပန်းချီကားဖြစ်တဲ့အပြင် ဗင်နီဇွဲလားမှာလည်း ပထမဆုံးအမျိုးအစားဖြစ်တယ်လို့ဆိုပါတယ်။ နံရံပန်းချီရဲ့ ရည်ရွယ်ချက်ကတော့ ကရာကတ်စ်မြို့မှာနေထိုင်တဲ့ မြို့သူမြို့သားတွေကို သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာဖြန့်ဝေလိုတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

OkoSpiri

 

 

View this post on Instagram

 

¡Queda oficialmente inaugurado el 1er Mural Ecologico de Venezuela en El Hatillo! – Lo hicimos posible, 45 metros de arte con tapas de botellas que han transformado para siempre un espacio público. Una obra de arte que no está hecha con pinceles sino gracias a la consciencia de los ciudadanos venezolanos que hicieron su aporte a este mágico mural. – Quiero agradecer a @okospiri por esta gran iniciativa, a @proyectosmaf por su inmensa labor de apoyo y logística, a @multirecicla por su apoyo en recolectar las tapas, a la @alcaldiaelhatillo por creer en Venezuela y a todos ustedes que lo hicieron posible. – Hoy Venezuela es noticia en el mundo por esta obra, por la inteligencia y creatividad de su gente. Donde algunos ven solo oscuridad otros vemos la posibilidad de crear luz para el mundo.

A post shared by Oscar Olivares (@olivarescfc) on

လင်းလင်း (ShweMom)

SHARE