လက်ဆေးဘေစင်ကို ပန်းချီပိတ်ကားသဖွယ် အသုံးပြုခဲ့တဲ့ အမျိုးသမီး

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ကာလဟာ လူတော်တော်များများ အိမ်မှာနေပြီး ပျင်းနေကြမှာ အမှန်ပါပဲ။ လူတော်တော်များများကတော့ ဒီလိုအချိန်မျိုးမှာ အပျင်းပြေအောင် ကိုယ်ဝါသနာပါပြီး မလုပ်ခဲ့တဲ့ အလုပ်တွေကို လုပ်လေ့ ရှိကြပါတယ်။ တစ်ချို့ကျတော့လဘ်း ဒီအတိုင်း ပျင်းလို တစ်ခုခုကို လျှောက်လုပ်နေရင်းနဲ့ တစ်ကယ်တမ်း ကိုယ်ဝါသနာပါတဲ့အရာကို တွေ့ရှိသွားတတ်ပါတယ်။ အခုလည်း အမျိုးသမီးတစ်ယောက်ဟာ လက်ဆေးဘေစင်ကို ပန်းချီပိတ်ကားသဖွယ်အသုံးပြုပြီး တော်တော်လှပတဲ့ ပုံတစ်ချို့ကို ဖန်တီးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါအမျိုးသမီးရဲ့ နာမည်ကတော့ Marta Gross ဖြစ်ပြီး ဖန်တီးမှုဒါရိုက်တာ တစ်ယောက်လည်း ဖြစ်ပါတယ်။ Disney, Vogue အစရှိတဲ့ ကုမ္ပဏီကြီးတွေမှာ လုပ်ကိုင်ခဲ့ဖူးပြီး လက်ရှိမှာတော့ အလုပ်ကိစ္စတစ်ခုနဲ့ အီတလီနိုင်ငံ၊ Milan မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သိပ်မကြာခင်အချိန်မှာပဲ COVID 19 ကပ်ရောဂါကြောင့် အီတလီနိုင်ငံကို Lockdown ချလိုက်တဲ့အချိန်မှာ Milan မြို့ရှိ ဟိုတယ်မှာ ပိတ်မိနေခဲ့တာပဲ ဖြစ်ပါတယ်။

[email protected]

တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သူ့ရဲ့ ပန်းချီပိတ်ကားတွေလည်း ကုန်သွားတာကြောင့် နောက်ဆုံးမှာတော့ Marta ဟာ သူမနေတဲ့ အခန်းထဲက လက်ဆေးဘေစင်ကို ပန်းချီပိတ်ကားသဖွယ် အသုံးချပြီး ရေဆေးပန်းချီလက်ရာတွေ ဖန်တီးဖို့ စိတ်ကူးရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါဘေစင်ပေါ်မှာ ပန်းပင်ပုံတွေ၊ အဆောက်အဦးပုံတွေ၊ ရှုခင်းတွေ၊ တိရစ္ဆာန်အကောင်ပုံလေးတွေ တစ်မျိုးပြီး တစ်မျိုး ဖန်တီးခဲ့ပါတယ်။

READ
ဓာတ်ပုံလှလှလေးတွေ ဘယ်လိုရိုက်ကူးခဲ့တယ်ဆိုတာ ဖွင့်ချပြခဲ့တဲ့ဓာတ်ပုံဆရာ
[email protected]

“အခုတလော ကြားကြားနေတဲ့ စကားက လက်ကို မကြာမကြာဆေးဖို့ပါပဲ။ ဒီလိုလက်ဆေးဖို့အတွက် ဘေစင်လေးက လက်ဆေးဖို့ ဆွဲဆောင်မှုရှိနေမယ်ဆိုရင် လူတွေက လက်ဆေးချင်ကြရှာမှာပဲလို့ တွေးမိခဲ့တယ်။ အဲဒီအချိန် ကျွန်မမှာ ပါလာတဲ့ ပန်းချီပိတ်ကားတွေလဲ ကုန်သွားတာကြောင့် ဘေစင်ကြွေပြားပေါ်မှာ ပန်းချီဆွဲဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ Marta က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE