နေကိုအရင်းခံပြီး မှန်ဘီလူးတစ်လက်နဲ့ အနုပညာဖန်တီးနေသူ

မှန်ကို တိုက်ရိုက်ဖြတ်ပြီး အလင်းယိုင်လာတဲ့ နေရောင်ခြည်ဟာ အပူစွမ်းအင် ဖြစ်ပေါ်နိုင်တာကို သိကြမှာပါ။ ထိုအပူတွေစုထားတဲ့ အလင်းတန်းဟာ လိုက်ကာ၊ အ၀တ်အထည်နဲ့ အိမ်သုံးပရိဘောဂတွေအပြင် အိမ်ကိုပါ မီးစွဲလောင်စေတဲ့အထိ အပူပြင်းပါတယ်။ ဒီအချက်ကို ပန်းချီပညာရှင်တစ်ဦးဖြစ်တဲ့ မိုက်ကယ် ပါပါဒါကစ်စ်ဟာ ကောင်းကောင်းအသုံးချခဲ့ပါတယ်။

(Picture: Michael Papadakis)

မိုက်ကယ်ဟာ နေရောင်ခြည်သုံး အလင်းယိုင် နည်းပညာနဲ့ သစ်သားပေါ်မှာ ရင်သပ်ရှုမောလောက်ဖွယ် ဒီဇိုင်းတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၁)နှစ်ပဲ ရှိသေးတဲ့ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ နေထိုင်သူ မိုက်ကယ်ဟာ အခုဆိုရင် လေဘာတီရုပ်ထု၊ တောင်တန်းတွေနဲ့၊ တောရိုင်းတိရစ္ဆာန် ပုံတွေကိုပါ သဘာဝက ပေးထားတဲ့ အရင်းအမြစ်တွေနဲ့ အသေးစိတ် ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

(Picture: Michael Papadakis)

မိုက်ကယ်ဟာ နေရောင်ခြည်စွမ်းအင် သုံးပြီး စိတ်ကြိုက်ပန်းချီတွေ ဖန်တီးတတ်ဖို့ လေ့လာခဲ့တာ (၆)နှစ်တိုင် ရှိနေပါပြီ။ ယင်းပညာရပ်ကိုတော့ Heliography လို့ခေါ်ပါတယ်။ Heliography ဆိုတဲ့ဝေါဟာရပ်ဟာ (၁၈၂၂)ခုနှစ်လောက်မှာ ပြင်သစ်ဓာတ်ပုံဆရာ Joseph Nicéphore Niépce  ဆိုသူက နေရောင်ခြည်ကို မှန်ဘီလူးနဲ့ စုပြီး သဘာဝတရားရဲ့ ရုပ်ပုံတွေကို စတင်ဖန်တီးခဲ့ရာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကမ္ဘာတစ်ခွင်ကို ခရီးလှည့်လည်ပြီးတဲ့နောက် မိုက်ကယ်ဟာ သူမြင်တွေ့ရသမျှကို ပန်းချီရေးဆွဲဖို့ စိတ်ကူးရလာခဲ့တာပါ။

READ
ခရစ္စတီယာနိုရော်နယ်ဒို လိုဖြစ်ရမယ်လို့ အိပ်မက်မက်ခဲ့ဖူးတဲ့ လိပ်နင်ဂျာလေး(သို့) အမ်ဘက်ပီ
(Picture: Michael Papadakis)

“(၂၀၁၂) ခုနှစ်မှာ ကျွန်တော် အမေရိကန်ကနေ ထွက်ခွာခဲ့ပါတယ်။ တစ်နှစ်ခွဲလောက် ကျွန်တော် ကမ္ဘာလှည့်ပြီး ခရီးထွက်ခဲ့တယ်။ အာရှတိုက် အလယ်ပိုင်းကိုလည်း ရောက်ခဲ့တယ်။ Silk Road လို့ခေါ်တဲ့ ရှေးတုန်းက အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ဆက်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းဆီလည်း ရောက်တယ်။ အဲဒီကိုရောက်တော့ ကျွန်တော်သုံးနေကျ အနုပညာပစ္စည်းတွေကို စွန့်ခဲ့ပြီး မှန်ဘီလူးတစ်လက်ပဲ ပန်းချီဖန်တီးဖို့ သယ်လာလိုက်တော့တယ်။ ပန်းချီကားတစ်ချပ်စီကို သူ့ရဲ့ အရွယ်အစားနဲ့ ရှုပ်ထွေးမှုပေါ် မူတည်ပြီး (၁)နာရီ ကနေ နာရီ(၃၀)အထိ ကြာတတ်ပါတယ်။ ပန်းချီကားအများစုကတော့ ကျွန်တော့ဆီအပ်ထားတဲ့ လူတွေအတွက် လုပ်ပေးရတာပါ။” လို့ မိုက်ကယ်က ပြောပြခဲ့ပါသေးတယ်။

(Picture: Michael Papadakis)

နေရောင်ခြည်ကို စုခံပြီး သစ်သားပေါ်မှာ ထွင်းရတဲ့အတွက် အလင်းယိုင်လာတဲ့ ရောင်ခြည်တွေဟာ အရမ်းပြင်းပါတယ်။ ဒါကြောင့် မျက်လုံးကို အထိခိုက် သက်သာအောင် မိုက်ကယ်ဟာ အပူဒဏ်ခံနိုင်တဲ့ မျက်မှန်တွေကိုလည်း အမြဲလိုလိုဆောင်ထားရကြောင်း သိရပါတယ်။

READ
အောင်မြင်တဲ့လူတိုင်း ပေးဆပ်ခဲ့ရသောအရာများ
(Picture: Michael Papadakis)
(Picture: Michael Papadakis)

လင်းလင်း (ShweMom)

Ref: Metro

SHARE