၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဆုရရှိသွားခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ

ဒီကနေ့မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေတိုင်း ရင်ခုန်စွာစောင့်ကြည့်ခဲ့ရတဲ့ အကယ်ဒမီပေးပွဲကြီးက အောင်မြင်စွာနဲ့ ပြီးမြောက်သွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုချီးမြင့်တဲ့ ဒီကနေ့ အကယ်ဒမီပွဲကြီးမှာတော့ ပရိသတ်တွေမှန်းထားတဲ့အတိုင်း ရရှိခဲ့တဲ့ အကယ်ဒမီဆုတွေလည်း ရှိခဲ့ပါတယ်။ဒီကနေ့မှာတော့ အကယ်ဒမီဆုပေါင်း ၁၂ ဆုကို ချီးမြင့်ပေးခဲ့တာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကို စောင့်ကြည့်နေကြတဲ့ ပရိသတ်တွေအတွက် ဒီကနေ့မှာ အကယ်ဒမီဆုရရှိခဲ့ အနုပညာရှင်တွေကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်။

ရုပ်ရှင် တစ်သက်တာဆု -မင်းသမီးကြီး မြင့်မြင့်ခင်

ရုပ်ရှင် အသံဆု-ကိုအေး

အကောင်းဆုံး တည်းဖြတ်ဆု- ကျော်ခိုင်စိုး

အကောင်းဆုံး ရုပ်ရှင် ဓာတ်ပုံ ဆု-ဝင်းလွင်ထက်

အကောင်းဆုံး တေးဂီတ ဆု-ရှလုံးအမ်ရောနမ်

အကောင်းဆုံး ဇာတ်ညွှန်းဆု-ဝိုင်း

အကောင်းဆုံး ဒါရိုက်တာဆု- သြရသ

အကောင်းဆုံး ဇာတ်ကားဆု- ရွှေကြာ 

 အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု- ကျော်ကျော်ဗို

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု- အေးမြတ်သူ 

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု- ဖွေးဖွေး 

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု- သူထူးစံ

Source: အကယ်ဒမီဆုချီးမြင့်ပွဲ

SHARE