ဇနီးသည်ကို ဆုံးရှုံးအပြီး နေအိမ်နဲ့ မွေးထားတဲ့ ခွေးလေးပါ ထပ်ဆုံးရှုံးခဲ့ရတဲ့ မီးသတ်သမား

YouTube/TVNZ

စေတနာ့ဝန်ထမ်း မီးသတ်သမားတစ်ဦးဟာ မနှစ်တုန်းက ကင်ဆာဖြစ်နေတဲ့ ဇနီးသည်ကို ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီနှစ်မှာတော့ သြစတေးလျတောမီးကြောင့် သူ့အိမ်လဲ မီးထဲပါသွားကာ အခု တဲထိုးပြီး နေနေရပါတယ်။ သူ့နာမည်က အက်ရှ်ဂရေဟမ်ဖြစ်ပါတယ်။ အက်ရှ်ဟာ နှစ်သစ်ကူးအကြိုညမှာပဲ နယူးဆောက်သ်ဝေးလ် ကမ်းခြေက သူ့နေအိမ်လေးကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ နေအိမ်ပါသွားပေမယ့် အက်ရှ်ဟာ သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာအချို့နဲ့အတူ သူ့ရဲ့ သစ္စာရှိခွေးလေး ကိုဇီကိုတော့ ခေါ်လာနိုင်ခဲ့ပါတယ်။

ကံဆိုးချင်တော့ နောက်ပိုင်းမှာ ကိုဇီကလည်း ထွက်ပြေးသွားပါတယ်။ အက်ရှ်ဟာ သူတို့နေထိုင်ရာ အိမ်နားတစ်ဝိုက်မှာ မီးလောင်နေတုန်း ကိုဇီကို မီးသတ်စခန်းဆီ ပို့ထားကာ သူကတော့ တခြားသူတွေကို သတိပေးကူညီဖို့ သွားခဲ့ပါတယ်။ ဒီအချိန်မှာ မီးတွေဟာ မီးသတ်စခန်းအဆောက်အဦးနားတောင် ရောက်လာတဲ့အတွက် ကိုဇီဟာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက အက်ရှ်ဟာ ကိုဇီကို မတွေ့တော့ပါဘူး။

အက်ရှ်ဟာ အရင်တုန်းကတော့ အမိုးပြင်သမားတစ်ယောက်အဖြစ် အလုပ်လုပ်ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူက ကင်ဆာနဲ့ နာမကျန်းဖြစ်နေတဲ့အခါ ဇနီးကို ပြုစုစောင့်ရှောက်ပေးဖို့ အလုပ်ကနေ (၆) နှစ်ကြာ အနားယူခဲ့ပါတယ်။ အခုဆိုရင်တော့ အက်ရှ်ဟာ သူ့အိမ်ကလေး မီးထဲ ပါသွားတဲ့အတွက် သူကိုယ်တိုင်နေဖို့ အိမ်ကလေးကို သစ်လုံးတွေဖြတ်ပြီး ဆောက်နေခဲ့တာ ဖြစ်ပါတယ်။ အက်ရှ်နေထိုင်ရာ ရွာကလေးဟာ သြစတေးလျတောမီးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတာ ဖြစ်ပြီး အိမ် (၃) ပုံ (၂) ပုံခန့်ဟာ တောမီးကြောင့် ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Widowed Australian Firefighter Spends All His Time Looking For His Dog

He says his dog Kozi is his best mate, and all he has left since losing his wife to cancer and his home in the bushfires. But now Kozi is missing. 😢

Posted by LADbible on Tuesday, 14 January 2020

အခုဆိုရင် ကိုဇီကလွဲလို့ အခြားခင်တွယ်စရာ မရှိတဲ့ အက်ရှ်ဟာ ကိုဇီကို လိုက်လံရှာဖွေနေပါတယ်။ အက်ရှ်ဟာ ဇနီးသည် သေပြီးကတည်းက ခွေးလေးကိုပဲ သံယောဇဉ်တွယ်လာခဲ့တာပါ။ ဒါကြောင့် အခုထိ ကိုဇီကို ရှာပုံတော်ထွက်နေတာဖြစ်ပြီး ကိုဇီဟာ ရေရှိတဲ့ နေရာအနီးတစ်ဝိုက်မှာပဲ ရှိနေလိမ့်မယ်လို့ အက်ရှ်က ယုံကြည်နေတာကိုလည်း unilad သတင်းအရ သိရပါတယ်။

READ
Stormi ရဲ့ အဖေလားလို့ သတင်းထောက်တွေ မေးတာကို မငြင်းဆန်ခဲ့တဲ့ Tim Chung

လင်းလင်း (ShweMom)

SHARE