ကုန်စိမ်းသည်ဘဝနဲ့ ရုပ်ဖျက်နေတဲ့ အိန္ဒိယရဲ့ ဝရန်းပြေးဂိုဏ်းစတားကြီး အဖမ်းခံရ

Youtube_TimesofIndia

သူ့နာမည်ကတော့ Ashu Jaat ပါ။ အိန္ဒိယရဲ့ အထင်ကရဂိုဏ်းတစ်ခုဖြစ်တဲ့ Mirchi လူမိုက်ဂိုဏ်းခေါင်းဆောင် လက်ရဲဇက်ရဲနိုင်လှတဲ့ နာမည်ကြီး ဂိုဏ်းစတားတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် မှုခင်းလောကမှာ နာမည်ကြီးဖြစ်လာကာ သက်ဆိုင်ရာအစိုးရရဲ့ ဖမ်းဝရန်းထုတ်ခြင်းကို ခံထားရတာပါ။

Story Pick ရဲ့ဖော်ပြချက်အရ Asu Jaat ကို သက်ဆိုင်ရာမှ ပိုက်စိပ်တိုက်ရှာဖွေနေခဲ့တာ တော်တော်လေးကို ကြာနေခဲ့ပါပြီတဲ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့တုန်းကတော့ Hapur ရဲတပ်ဖွဲ့ရဲ့ Twitter မှတစ်ဆင့် Asu Jaat ကို ဖမ်းမိခဲ့ပြီဆိုပြီး post တစ်ခု တင်လာခဲ့ပါတယ်။ Post မျာ Asu Jaat ရဲ့ ဖမ်းဝရန်းထုတ်ထားခဲ့တုန်းက ပုံနဲ့ အခုလက်ရှိ ပုံတို့ကိုပါ ယှဉ်ပြထားခဲ့ပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့ဟာ Asu Jaat ကို ဖမ်းမိဖို့ သတင်းပေးနိုင်ခဲ့သူကို ဆုငွေ ရူပီး(၂.၅)သိန်းပေးမယ်ဆိုပြိး ဖမ်းဝရမ်း ထုတ်ထားခဲ့ပြီး (၁)နှစ်နီးပါးကြာမှ အခုလို လက်ရ ဖမ်းဆီးနိုင်ခဲ့တာပါ။

READ
ကိုယ့်အိမ်ပြတင်းပေါက်ကို ပါကင်ထိုးရင်း ဝင်တိုက်ခဲ့မိတဲ့ ကားမောင်းသမား

 

Asu Jaat ဟာ ရဲတွေရဲ့အောက်မှာပဲ ရှိနေခဲ့ပေမယ့်လို့ သူ့ရဲ့ပြောင်းလဲသွားတဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့် တော်ရုံ သူ့ကိုဘယ်သူမှ သတိမထားမိခဲ့တာပါ။ အထူးသဖြင့် မုတ်ဆိတ်မွှေးနဲ့ ပသိုင်းမွှေးတွေပေါ့။

READ
ကလေးပေါင်း200ကျော်ကိုလိင်ပိုင်းဆိုင်ရာညှင်းပန်းခဲ့တဲ့လူ

လူသတ်မှုပေါင်း ၄၀  ကျော် အပြင်ကိုမှ ပြန်ပေးစွဲမှု၊ လုရက်မှု၊ အနုကြမ်းဆီးမှုတွေ ကျူးလွန်ခဲ့တဲ့ Asu Jaat ဟာ သူ့ရဲ့ပြစ်မှုတွေကနေ ရှောင်ရှားဖို့အတွက် မွန်ဘိုင်းကိုပြောင်းလာပြီးတော့ Irla ဈေးမှာ လမ်းဘေးမျာ ပျံကျ သစ်သီးရောင်းတဲ့ ရိုးရိုးသားသားလယ်လုပ်သားအဖြစ် ဟန်ဆောင်ပြီး ဇာတ်မြှုပ်နေနေခဲ့တာပါတဲ့။ သူ့ကို သစ်သီးသည်အဖြစ် သိထားကြတဲ့ ပတ်ဝန်းကျင်ကတော့ Asu Jaat ဟာ သိပ်ကို သဘောကောင်းပြီး လူရိုးလူအေးလို့တောင် ထွက်ဆိုခဲ့ကြပါတယ်တဲ့လေ။

Youtube_TimesofIndia

Asu Jaat ရှိနေခဲ့တဲ့ Mirchi ဂိုဏ်းမှာ အိန္ဒိယ ရဲတပ်ဖွဲ့က အလိုရှိနေတဲ့ ဂိုဏ်းသားတွေ အများကြီးရှိနေပါသေးတယ်တဲ့။ဒါပေမယ့် အိန္ဒိယရဲတပ်ဖွဲ့ရဲ့ အလိုအရှိဆုံး တရားခံနံပါတ်(၁) Asu Jaat ကို လက်ရဖမ်းဆီးမိခဲ့တာကတော့ ရဲတပ်ဖွဲ့အတွက် ကြီးမားတဲ့အောင်မြင်မှု တစ်ခုဖြစ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနတွေကို ချီးကျူးဖော်ပြခဲ့ကြပါတယ်။

penny

SHARE