အာရှတိုက်ဟာ ကမ္ဘာလုံးထဲကကမ္ဘာသစ်ကြီးတစ်ခုဆိုတာ သက်သေပြနေတဲ့အချက်များ

ကမ္ဘာမှာ အာရှသားတွေဆိုရင် ထက်မြက်ကြတယ်၊ ချမ်းသာကြတယ်၊ ရှိရင်းစွဲအသက်ထက် ပိုငယ်တတ်ကြတယ်၊ အမြဲတစေတိုးတက်အောင် ကြိုးစားနေသူတွေလို့ အကောင်းဘက်ကနေထင်မြင်ကြတတ်ပါတယ်။ ဒီအပြင် အာရှရဲ့နိုင်ငံတော်တော်များများကိုကြည့်မယ်ဆိုရင်လည်း သူမတူတဲ့ ဗိသုကာလက်ရာတွေ၊ စိမ်းစိမ်းစိုစိုနဲ့သဘာဝရေမြေတောတောင်တွေနဲ့ စိတ်ကိုညှို့ယူနိုင်မယ့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာလည်း ကမ္ဘာအနှံ့ကတခြားသောတိုက်တွေကို ဆွဲဆောင်နေလေ့ရှိပါတယ်။

အခုတစ်ခေါက်မှာတင်စားချင်တဲ့အချက်ကတော့ အာရှာဟာ ကမ္ဘာကြီးထဲက ကမ္ဘာသစ်လေးတစ်ခုဖြစ်ကြောင်းပါပဲ။ ဘာလို့ဒီလိုပြောရသလဲဆိုရင်တော့ အာရှတိုက်ထဲမှာ တခြားတိုက်တွေနဲ့မတူညီတဲ့ အရာတွေဟာ ကမ္ဘာသစ်လေးဖြစ်ကြောင်း သက်သေပြနေလို့ပါပဲ။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။

ကမ္ဘာကြီးမှာ မတူညီတဲ့အချိန်ဇုန်တွေရှိသလိုမျိုးပဲ အာရှတိုက်ထဲက တရုတ်နိုင်ငံမှာတင် အခုလိုမျိုးတစ်ချိန်ထဲမှာပဲ နေရောင်ရရှိမှုတွေကွဲပြားနေပါတယ်။ ဒီပုံကတော့ ည ၁၀ နာရီမှာတွေ့ရတဲ့ နေရာနှစ်ခုပါ။ တရုတ်နိုင်ငံအရှေ့ဘက်မှာနေထိုင်သူတွေကတော့ ဒီလိုနေရောင်ရရှိမှုကွာဟချက်တွေကို သိပ်မသိသာပေမယ့် အနောက်ပိုင်းဒေသတွေမှာတော့ တော်တော်လေးကို သိသာနေတာကို Kashgar မှာတွေ့ရမှာပါ။ အဲဒီ Kashgar မှာဆိုရင် ဇူလိုင်လပတ်ဝန်းကျင်တွေမှာ နေဝင်တာကို ည ၁၁ နာရီလောက်မှ တွေ့နိုင်ပါတယ်။

READ
ငိုကြွေးတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘယ်လိုအခြေအနေတွေဖြစ်ပေါ်မလဲ
© depositphotos.com

ဘုရားကပေးတဲ့ဆုလဘ်ကိုပိုင်ဆိုင်ထားသလိုမျိုး ပျိုမြစ်ခြင်းတွေကို အာရှတိုက်သားတွေတော်တော်များများက ပိုင်ဆိုင်ထားကြပါတယ်။ ရှိရင်းစွဲအသက်ထက် ပိုနုပျိုတယ်လို့ ထင်မှတ်ရသလိုပဲ အသက်အပိုင်းအခြားမျာလည်း တခြားတိုက်တွေထက် ပိုရှည်နေကြပါတယ်။ သူတို့နှစ်ယောက်ကိုကြည့်မယ်ဆိုရင် အသက် ၂၅ ပတ်ဝန်းကျင်လောက်သာထင်ရပေမယ့် Lure Hsu ကတော့ အသက် ၄၃ နှစ်ရှိနေပြီဖြစ်ပြီး အမျိုးသားဖြစ်တဲ့ Chuando Tan ကတော့ ၅၂ နှစ်ပါတဲ့။

Instagram
Instagram

အာရှရဲ့တချို့သောဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း ရင်သက်ရှုမောဖွယ် ဗိသုကာလက်ရာများ ရှိလို့နေပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အထူးဆွဲဆောင်နေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။

Instagram

တရုတ်နိုင်ငံ၊ Zhangjiajie မြို့မှာရှိတဲ့ ကျောက်တောင်တွေဟာ သင့်ကိုတခြားကမ္ဘာတစ်ခုကို ရောက်သွားစေတယ်လို့မခံစားရဘူးလား။ ဟောလိဝုဒ်နာမည်ကြီးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Avatar ကို ကြည့်ဖူးမယ်ဆိုရင်တော့ ပိုသိမှာပါနော်။

© Emile Guillemot / usplash

စက်ရုပ်တွေဟာဆိုရင် အနောက်နိုင်ငံတွေနဲ့ တခြားစသာနိုင်ငံတွေထက် ဂျပန်တို့၊ တရုတ်တို့လိုမျိုး အာရှနိုင်ငံမှာ ပိုပြီးတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။ ဈေးဝယ်ပေးတဲ့စက်ရုပ်တို့၊ အဖိုးအဖွားတွေကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့စက်ရုပ်တို့အပြင်ကိုမှ စက်ရုပ်တွေကို ဝန်ထမ်းအဖြစ်ခန့်ထားတဲ့ဟိုတယ်ကြောင့် သင့်ကိုယ်သင့်ဒီကမ္ဘာနဲ့မတူဘဲ ပိုဖွံ့ဖြိုးနေတဲ့ ကမ္ဘာတစ်ခုမှာကျင်လည်နေရသလိုခံစားမှုမျိုး အသစ်အဆန်းဖြစ်စေပါတယ်။

READ
ဂျပန်လူမျိုးတွေရဲ့ ထူးခြားတဲ့ အနှီးထုပ် ကုထုံး

 

 

View this post on Instagram

 

A post shared by Lu’cwy (@lulucwy) on Jan 20, 2019 at 11:17pm PST

အာရှတိုက်ကြီးဟာ ကမ္ဘာကတခြားသောတိုက်တွေနဲ့ယှဉ်လိုက်မယ်ဆိုရင် နိမ့်ကျတယ်လို့ ထင်ရပေမယ့် တကယ်တမ်းထဲထဲဝင်ဝင်လေ့လာသိရှိတဲ့အခါမှာတော့ ဓလေ့ထုံးတမ်းအဆန်းတွေ၊ သူမတူတဲ့ရေမြေသဘာဝအလှတွေနဲ့ အာရှတိုက်သားတို့ရဲ့ ဇွဲကောင်းလွန်းတဲ့တိုးတက်မှုအပေါ် ကြိုးစားလွန်းတဲ့လုံ့လကောင်းတွေကြောင့် အပြောင်းလဲကြီးပြောင်းလဲနေတာကို မျက်မြင်တွေ့မြင်ရမှာပါ။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးက အာရှတိုက်၊ အာရှသားတွေဆိုရင် အရင်တုန်းကလို အထင်အမြင်သေးခြင်းမျိုးမရှိတော့ဘဲ သီးသန့်ကမ္ဘာထဲက ထက်မြက်ကြိုးစားကြတဲ့ ဂြိုဟ်သားတွေလို့တောင် တင်စားနေကြပါပြီ။

Source: Bright Side

Penny

SHARE