ဒိတ်ဒိတ်ကြဲ သူဌေးကြီးတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ အာရှဆယ်လီများ

အာရှဆယ်လီတော်တော်များများရဲ့ ဘ၀လက်တွဲဖော်ဟာ သူတို့လို နာမည်ကြီးအနုပညာရှင်တွေထဲ ဟုတ်ရင် မဟုတ် ၊မဟုတ်ရင် သူဌေးတွေ (သို့)သူဌေးသားတွေ ဖြစ်တာ များပါတယ်။လူချမ်းသာ ဒိတ်ဒိတ်ကြဲ သူဌေးကြီးတွေနဲ့ လက်တွဲ ခဲ့ကြတဲ့ အာရှရဲ့ ဆယ်လီ အချောအလှလေးတွေရှိပါတယ်။သူတို့တွေကတော့….

(1)Barbie Hsu

pinterest

သူကတော့ ထိုင်ဝမ်မင်းသမီးပါ။(၁၉၇၆)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အခုဆိုရင်တော့ အသက် (၄၂)နှစ်ရှိနေပါပြီ။သူမဟာ ပြည်မကြီးရဲ့ စွန့်ဦးတီထွင်သူ တကယ့်လူချမ်းသာ Wang Xiaofei နဲ့ (၂၀၁၀) ခုနှစ်က လက်ထပ် ခဲ့တာ ပါ။ခမ်း နားထည်ဝါလွန်းတဲ့ မင်္ဂလာပွဲကြီးကိုတော့ Hainan ကျွန်းမှာ ကျင်းပဆင်နွှဲ ခဲ့တာပါ။ချစ်သူတွေ ဖြစ်ပြီး ရက် (၂၀) လောက် အကြာမှာပဲ စေ့စပ်ခဲ့ကြတဲ့ စုံတွဲပါ။(၂၀၁၇)မှာတော့ သူမရဲ့ ခင်ပွန်းဟာ ဟိုတယ်ဖွင့်ခဲ့ပါတယ်။နာမည်ကို ဇနီးဖြစ်သူရဲ့ nickname “Big S” က  S ဆိုတဲ့ စာလုံးကိုယူ ပေးထားပါတယ်။Taj Mahal ကိုတည်ဆောက်တဲ့ ဘုရင်ကြီးလောက် တော့ ခမ်းခမ်းနားနားနဲ့ သူ့အချစ်ကို မပြနိုင်ပေမယ့် S Hotel  လောက်နဲ့တော့ ဇနီးအပေါ်ထားတဲ့ အချစ်ကို ပြခဲ့ပါတယ်။

pinterest

(2)Vivian Hsu

whosdatedwho.com

နောက်ထပ်ကံထူးရှင်လေးကတော့ Vivian Hsu ပါ။ထိုင်ဝမ် အဆိုတော် မင်းသမီးလေးပါ။(၂၀၁၄) မှာ တော့ သူမဟာ Singapore-listed logistics ကုမ္ပဏီ Marco Polo Marine ရဲ့ CEO ဖြစ်သူ Sean Lee နဲ့ လက်ထပ်ခဲ့ပါတယ်။ကုမ္ပဏီကိုတော့ Sean Lee ရဲ့ ဖေဖေက ထူထောင်ခဲ့တာပါ။“Sex Agogo”  ဆိုတဲ့ ရိုက်ကွင်း မှာ  Vivian နဲ့ Sean တို့ စတင်ဆုံဆည်းခဲ့ကြတာပါ။အဲ့ဒီဇာတ်ကားမှာတော့ Vivian က ရင်းနှီးမြှုပ်နှံ ငွေ စိုက်ထုတ် ထားတာပါ။ဒါပေမယ့် Vivian အတွက် အရာအားလုံးက ဒီလောက်မလွယ်ခဲ့ပါဘူးMarco Polo Marine  ကုမ္ပဏီ ဟာ (၂)နှစ်အကြာမှာ ငွေရေးကြေးရေးအကြပ် အတည်းနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ဒါပေမယ့် Sean က စီးပွားရေးကို ပြန် လည်ဦးမော့လာနိုင်အောင် လုပ်ခဲ့ပါတယ်။Vivian က သူ မ ရဲ့ ခင်ပွန်းနဲ့ မိသားစုရဲ့ စီးပွားရေးကြပ်တည်းမှုကို ဖြေရှင်းနိုင်အောင် အလုပ်တွေ ကို ပိုပြီး ကြိုးစားလုပ်ခဲ့တယ်လို့ သိရပါတယ်။ခင်ပွန်းဖြစ်သူရဲ့ လုပ်ငန်းဒေ၀ါလီ ခံ ပြီ လို့ သတင်းထွက်လာချိန်မှာတော့ ဒါဟာ မဟုတ်ပါဘူးလို့ Vivian က တုံ့ပြန်ခဲ့ပါတယ်။

READ
အရင်လိုပဲ နုပျိုလှပနေဆဲအလှတွေကို ပြသလိုက်တဲ့ မင်းသမီး ဂန္တဝင်

(3)Patty Hou

pinterest

ထိုင်ဝမ်သတင်းကြေညာသူ၊အစီအစဉ်တင်ဆက်သူ၊Presenter လေးပါ။သူမဟာ Citibank ရဲ့ ဒုဥက္ကဌ ဖြစ်သူ  Ken Huang နဲ့ ဆုံဆည်းခဲ့ပါတယ်။ Ken Huang ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ပါ။(၂၀၁၁)မှာတော့ Patty နဲ့ Ken  တို့ ဘာလီမှာ မင်္ဂလာပွဲဆင်နွှဲခဲ့ပါတယ်။(၆)ကာရက်ရှိတဲ့ လက်ထပ်စိန် လက်စွပ်ကြီး နဲ့ ဆင်နွှဲခဲ့တာပါ။(၃)နှစ်အကြာမှာတော့ ချစ်စရာသားလေးတစ်ယောက်ကို ပိုင်ဆိုင်နေပါပြီ။

pinterest

(4)Gigi Lai

pinterest

သူမကတော့ ဟောင်ကောင်မင်းသမီးပါ။သူမကတော့ “War and Beauty”  နဲ့ “Young and Dangerous” ဆိုတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးသူပါ။သူမကတော့ ဟောင်ကောင် ဘီလီယံနာ Patrick Ma နဲ့ (၂၀၀၉) မှာ လက်ထပ် ခဲ့ပါတယ်။Patrick ကတေ့ တကယ့်ဒိတ်ဒိတ်ကြဲ The Oriental Press Group ကြီးရဲ့ အမွေဆက်ခံ သူပါ။အရှေ့ဖျားဒေသရဲ့ သတင်းစာလောကမှာတော့ The Oriental Press Group က အကြီးဆုံး လုပ်ငန်း တွေထဲက တစ်ခုပါ။သူတို့စုံတွဲမှာတော့ အခုဆိုရင် ချစ်စရာသမီးလေး (၃)ယောက်ရှိပါတယ်။

READ
“အပြင်းစားအချစ်” ရိုက်ကွင်းပေါ်က သက်မွန်မြင့်
pinterest

(5)Ariel Lin

asianpopnews

ထိုင်ဝမ်မင်းသမီး Ariel Lin ကတော့ စီးပွားရေးလုပ်ငန်းရှင် Charles Lin နဲ့ လက်ထပ်ခဲ့တာပါ။သူမခင်ပွန်း မိသား စုရဲ့ ချမ်းသာကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ  သန်း(၂၀၀) ပါ။ Charles Lin က ကယ်လီဖိုးနီးယားမှာ မိသားစု ရဲ့ စီးပွားရေးကို ဦးစီးနေခဲ့ရပြီး Ariel Lin  ကတော့ ထိုင်ဝမ်မှာ အနုပညာအလုပ်တွေ လုပ် နေခဲ့ရသူမို့ သူတို့ကတော့ LDRS စုံတွဲပါ။

(6)Aimee Sun

herworld

Aimee Sun ကတော့ Pacific Electric Wire & Cable ရဲ့ chairman ဟောင်း ရဲ့ သမီးပါ။သူမဟာ ကြော်ငြာ တွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။(၁၉၉၉)ခုနှစ်မှာတော့ စီးပွားရေးလုပ်ငန်းရှင် Henry Liao နဲ့ လက်ထပ် ခဲ့ပါတယ်။Henry ကတော့ တိုင်ပေ Shopping Center Breeze ရဲ့ Founder ပါ။

(7)Tracy Lee

herworld

Tracy  ကတော့ မလေးရှားမင်းသမီးပါ။သူမဟာ Tee Yih Jia Foods ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်သူ  Ben Goi ဆိုတဲ့ သူဌေးနဲ့ လက်ထပ်ခဲ့ပါတယ်။သူ့ရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ကန်ဒေါ်လာ (၃၀၀)သန်းပါ။

herworld

Source asiaone

SHARE