လူမဲမလေးကိုချစ်လွန်းလို့ မိဘတွေလက်ခံလာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့အာရှအမျိုးသား

fb/Edna Sophia

လူတစ်ယောက်ကို တစ်ယောက်က ချစ်တာဟာ အများအားဖြင့်တော့ ပြဿနာ  တစ်စုံတရာမရှိနိုင်ပါဘူး။ ဒါပေမယ့် လူမျိုးရေးအဆင့်အတန်း ခွဲကြားမှု ကြီးမားလှတဲ့ လူနေမှုအဖွဲ့အစည်းကြီးတွေထဲမှာတာ့ အသားရောင်ကွဲပြားမှု၊ မတူညီတဲ့ ယဉ်ကျေးမှုတွေဟာ ကြီးမားတဲ့ ပြဿနာကြီးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

အခုလည်း ဟောင်ကောင်စင်္ကာပူ ကပြားတစ်ဦးနဲ့ အာဖရိကမလေးတို့ရဲ့အချစ်ရေးကို ကာယကံရှင်ဖြစ်တဲ့ အမျိုးသားက လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

So excited to see Tori Kelly live this weekend 🎉 – so excited that we did a cover to her song "Psalm 42".

Posted by Edna Sophia on Saturday, 23 March 2019

အမျိုးသားရဲ့အမည်ကတော့ Clarence Tan ဖြစ်ပြီး အမေရိကန်မှာ နေပါတယ်။ ကောင်မလေးအမည်က Edna ပါ။ သူမကတော့ ဂါနာနိုင်ငံသူဖြစ်ပါတယ်။ Tan ဟာ Edna နဲ့ စတင် Date ပြီဆိုကတည်းက မိဘတွေက ဆန့်ကျင်တာကို ခံခဲ့ရပါတယ်။ အထူးသဖြင့် သူ့အဖေပေါ့။ သူ့အဖေက လူမျိုးရေးတွေဘာတွေဆိုတာထက် အကြောင်းပြချက် နှစ်မျိုးနဲ့ ကန့်ကွက်ခဲ့ပါတယ်။

READ
အသက်(၅)နှစ်ကတည်းက ကိုယ်ကာယဆရာမကြီး ဖြစ်နေပြီဖြစ်တဲ့ အံ့ဖွယ်ကလေးငယ်လေး

ပထမအကြောင်းပြချက်ကတော့ ယဉ်ကျေးမှုမတူညီခြင်း၊ ဒုတိယကတော့ အာရှလို လူမျိုးရေးခွဲခြားတဲ့ နယ်ပယ်မှာ ဒီလိုလင်မယား စီးပွားရေးလုပ်မယ်ဆိုရင် သေချာပေါက် ကျရှုံးဖို့ ဖြစ်လိမ့်မယ်လို့ အကြောင်းပြခဲ့တာပါ။ တကယ်လို့ Tan က နားမထောင်ဘဲ Edna ကို ဇွတ်ယူမယ်ဆိုရင် မိဘတွေက ကောင်းချီးပေးမှာ မဟုတ်ကြောင်း ပြောပါသတဲ့။

အဲဒီနောက် Tan ဟာ Edna ကို နေ့တိုင်းအိမ်အလည်ခေါ်ပါတော့တယ်။ ပထမတော့ မိဘတွေက ရှောင်ဖယ်ရှောင်ဖယ်လုပ်လို့ Edna ကလည်း စိတ်မကောင်းသလို၊ နောက် မလိုက်ချင်ကြောင်း စသဖြင့် ချစ်သူ Tan နဲ့ မကြာခဏ စကားများရပါတယ်။ သူမကိုယ်တိုင်က မိဘတွေ မကြည်ဖြူတာကို စိတ်ထဲမကောင်းသလို ဝမ်းလည်း နည်းနေပုံပါ။

Photo by: Melanie Sanchez

Posted by Edna Sophia on Monday, September 2, 2019

ဒါပေမယ့် တဖြည်းဖြည်း အကြိမ်ရေများလာတဲ့အခါ Tan ရဲ့မိဘတွေက Edna ကို လိမ္မာရေးခြားရှိသူ၊ အလိုက်သိသူ၊ ဉာဏ်ကောင်းသူ၊ ရိုးသားယဉ်ကျေးသူအဖြစ် ရှုမြင်လာကြပါတော့တယ်။ Tan ဟာ Edna ရဲ့ အကူအညီနဲ့ ကိုယ်ပိုင်ကုမ္ပဏီလည်း ထောင်နိုင်ခဲ့ပြီဖြစ်ပြီး၊ နောက်ဆုံး Tan ရဲ့မိဘတွေက လိုလိုချင်ချင် မီးစိမ်းပြလိုက်ပါတော့တယ်။

READ
အိန္ဒိယလေကြောင်းလိုင်းက ကျွေးတဲ့အစားအစာ ပိုးဟပ်တစ်ကောင်ပါလာ

သူ့အနေနဲ့ အလွန်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုကို (၁၀၀)%အောင်မြင်အောင် လုပ်နိုင်ခဲ့တာဖြစ်ပြီး၊ Edna လို အမျိုးသမီးတစ်ယောက်အတွက် အခုလို လုပ်ပေးခဲ့ရတာကလည်း ထိုက်တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဟာ မကြာသေးမီက မင်္ဂလာပွဲ ကျင်းပနိုင်ခဲ့ပြီး၊ သာယာတဲ့အနာဂတ်ခရီးလမ်းကို အတူတူ လျှောက်လှမ်းနေကြပါပြီ။

နေသူရိန်

SHARE