အာရှသားတွေကို ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ

Image Source: imdb/Acadamy

အာရှနိုင်ငံတွေရဲ့ ရုပ်ရှင် ကဏ္ဍဟာ အခုဆိုရင် တော်တော်လေးကို ဖွံ့ ဖြိုး တိုးတက်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာကိုပဲ သိသိသာသာ တိုးတက်လာခဲ့တာပါ။ရုပ်ရှင်လောကကို အရင်က  အနောက်တိုင်း  ဟော လိဝုဒ် ရုပ်ရှင် တွေက ပဲ လွှမ်းမိုးထားခဲ့ပေမယ့် အခုဆိုရင်တော့ အာရှသားတွေရဲ့ ကြိုးစားမှု ကြောင့် အခုဆိုရင် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားတွေကို မီ လာ၊ကျော်တက် နိုင်တဲ့အ ထိ ဖြစ်လာခဲ့ပါပြီ။ကမ္ဘာကျော်  ဟော လိဝုဒ် အနုပညာရှင် တွေရဲ့ ကြားမှာ မျက်နှာပန်းလှ ခဲ့တဲ့ ( ပူပူနွေးနွေး)အာရှ ဇာတ်ကားတွေ ရှိပါတယ်။အဲ့ဒါတွေ ကတော့….

Bad Genius (2017)

Image Source : gdh

ထိုင်းနိုင်ငံရဲ့ ရုပ်ရှင် အဆင့် အတန်း ကတော့ ပြီးခဲ့တဲ့ နှစ်အနည်း ငယ်လောက်က စပြီး ဖြည်းဖြည်းချင်း သိသိသာသာ တိုးတက်လာခဲ့ပါပြီ။အရင်က ထိုင်း ဇာတ်ကားတွေက အခုလောက်ထိ အားပေးမှု မကျယ်ပြန့် သေးပါဘူး။အခုနောက်ပိုင်းမှာဆိုရင်တော့ ထိုင်း ဇာတ်ကား တွေ၊ ထိုင်းအနုပညာရှင်တွေ က နိုင်ငံ တော်တော် များများကို ထိုးဖောက် လာနိုင်ခဲ့ပါပြီ။Bad Genius  ကတော့ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင် အဆင့်အတန်းမြင့်မားလာမှုကို သက်သေ ပြလိုက်တာ ပါ။ ဟောလိဝုဒ်အထိ မျက်နှာပန်းလှခဲ့တဲ့၊ဟောလိဝုဒ်က အနုပညာရှင် တွေ ဆီက ချီးကျူးလက်ခုပ်သံတွေ အများကြီးကို ရခဲ့တဲ့ ဇာတ်ကားပါ။အသက် (၃၉)နှစ်အရွယ် ထိုင်းလူငယ်ဒါရိုက်တာ Nattawut Poonpiriya ရဲ့ ဖန်တီးမှု လက်ရာပါ။ပုံမှန် မြင် နေကျ ဇာတ်ကား မျိုးတွေနဲ့ လုံးဝ မတူပဲ ကွဲ ထွက်နေတဲ့ ဇာတ်ကားမျိုးဆိုတာကို ကြည့်ဖူးသူတိုင်း သိကြပါတယ်။

ဒီဇာတ်ကားလေးကတော့ စာမေး ပွဲကို လိမ်ညာ ဖြေကြတဲ့ ကျောင်းသားတစ်စု ရဲ့ အကြောင်းပါ။Chutimon၊ Chanon Santinatornkul ၊Teeradon Supapunpinyo  တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။အာရှ သား ထိုင်းလူမျိုး ဒါရိုက်တာ တစ်ယောက်ရဲ့ ဖန်တီးမှုလက်ရာက ကမ္ဘာ့ အဆင့်ကို ကောင်းကောင်းကြီး မီ ခဲ့ပါတယ်။အာရှ သားတွေ မညံ့ ဘူးဆိုတာကို ကမ္ဘာ က သိအောင် ပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။

READ
ပရိသတ်တွေတိုင်း ငေးမောရလောက်အောင် လှနေလွန်းတဲ့ မေတိုးခိုင်

Crazy Rich Asians(2018)

Image Source: imdb

Crazy Rich Asians ကတော့ အာရှသားတွေ မညံ့ မှန်း သက်သေ ပြလိုက်တဲ့ နောက်ထပ် ဇာတ်ကားပါ။ဒီဇာတ် ကားကိုတော့ အာရှအနုပညာရှင်တွေ က အသက်သွင်း ပုံဖော် ထားတာပါ။ (၂၀၀၉)ခုနှစ်တုန်းက The Proposal ဇာတ်ကား နောက်ပိုင်း North American box office ရဲ့ အအောင်မြင်ဆုံး အချစ်ဟာသဇာတ်ကား ဖြစ်လာတဲ့ အထိ ဒီကားက အောင်မြင်ခဲ့တာပါ။

ဖန်တီးပုံဖော်ထားသူတွေ က တော့ နိုင်ငံသားမှာ  အနောက်နိုင်ငံသား အဖြစ် ခံယူထားကြသူတွေ ပါပေမယ့် သူတို့ တွေဟာ အာရှ လူမျိုးတွေ ပါ။ဒါရိုက်တာ Jon M. Chu ရဲ့ ဖန်တီးမှု လက်ရာပါ။သူ့ အ ဖေ နဲ့ အမေ ရဲ့ ဇာတိ ကတော့ တရုတ်-ထိုင်ဝမ် ဘက်ကပါ။အာရှ သား ရိုက်ကူး၊အာရှသားတွေ ပုံ ဖော် ထားတဲ့ ဒီဇာတ်ကား ကလည်း အရမ်းကို အောင်မြင်ခဲ့ပြီး ဆု တွေ အများကြီး ရခဲ့တဲ့ ဇာတ်ကားပါ။စင်ကာပူ ၀တ္ထု ရေးဆရာ Kevin Kwan ရဲ့ ၀တ္ထုကို အသက်သွင်းထား ပြီး ဇာတ်ကား အမျိုးအစား ကတော့ အချစ်ဟာသ ဇာတ်ကားပါ။

Parasite (2019)

Image Source: imdb

ကိုရီးယား ကတော့ နိုင်ငံရဲ့ ခရီးသွား ကဏ္ဍ ကို  ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲ တွေ နဲ့ တစ်ဖက် တစ်လမ်း ကနေ မြှင့်တင်ပေးနေတာပါ။ကိုရီးယားကို လူတွေ အလည်အပတ် သွားချင် စိတ်ဝင်စားရတဲ့ အကြောင်း အရင်း အများ စုကတော့ ကိုရီးယား ဇာတ်ကားတွေရဲ့ ဆွဲ ဆောင်မှု ကြောင့်ပါ။ကိုရီးယားရဲ့ ၀တ်စားမှု၊နေပုံထိုင်ပုံ၊အစား အသောက် .အစရှိတာတွေ ကို ဇာတ်ကားတွေ နဲ့ ဖြည်းဖြည်း ချင်း သိမ်းသွင်း စည်းရုံးပြီး စိတ်ဝင်စားလာအောင် လုပ် နေတာပါ။ကိုရီးယားရဲ့ ရုပ်ရှင်ဇာတ်ကား တွေက အစပိုင်းမှာတော့ အာရှ နိုင်ငံေ တွ ကို ပဲ လွှမ်းမိုးနိုင်ခဲ့ပေမယ့် အခုဆိုရင် တော့ ကိုရီးယား ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေ၊K Pop ဂီတ တွေ က အနောက်နိုင်ငံ တွေ အထိ လွှမ်းမိုးလာနိုင် ခဲ့ပါပြီ။  အောင်မြင်မှုတွေ အများကြီးကို သိမ်းပိုက်ထားတဲ့ Parasite ရုပ်ရှင်ကို ကြည့်ဖူးတယ်ဆိုရင် တော့ ကိုရီးယား ရဲ့ ရုပ်ရှင် အဆင့်အ တန်း ဘယ်လောက်ထိ တိုးတက်မြင့်မားလာပြီလဲ ဆိုတာကို သိနိုင်ပါတယ်။

READ
(၂၀၁၉)ခုနှစ်အတွင်း ရုပ်ရှင်ရုံဝင်ငွေ ဒေါ်လာ(၁၀)ဘီလျံကျော် ရရှိခဲ့တဲ့ Disney ကုမ္ပဏီ
Image:IG/theacademy

ဒါရိုက်တာ Bong Joon Ho ရဲ့ ဖန်တီးမှု နဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင် တွေရဲ့  ကြိုးစားမှု ကြောင့် Parasite က တော့ မကြာသေးမီတုန်းက အော်စကာ ဆုပေးပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလိုက်နိုင်ခဲ့ပါတယ်။အနုပညာ လက်ရာ ဖန်တီးမှု အရမ်း တော် ပါတယ်ဆိုတဲ့ ဟောလိဝုဒ် ဇာတ်ကားတွေကို ကျော် တက်ပြီး  အော်စကာ ဆုပေးပွဲ မှာ Best Picture ဆု  ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။အော်စကာ ဆုပေးပွဲမှာ  International Feature Film ဆု ၊ Best Director နဲ့ “Best Original Screenplay”. ဆုတို့ကိုပါ ရခဲ့ပါတယ်။

#SHWEMOM (Ref;wiki)

SHARE