ပိုင်တံခွန်က တော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်၊မင်းသားတစ်ယောက်ပါ။ချောမော ပြီး ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ အရပ် အမောင်းကို ပိုင်ဆိုင်ထား ပြီး နိုင်ငံတကာစံချိန် စံနှုန်းနဲ့ ပြည့် မှီတဲ့ မော်ဒယ် မင်းသား တစ်ယောက်ပါ။မြန်မာ ပြည်တွင်း တင်မဟုတ်ပဲ ပြည်ပ နိုင်ငံ တွေ မှာ ရှိတဲ့ ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးမှုကို အပြည့် အ၀ ကို ရထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။ပိုင်တံ ခွန် တစ်ယောက် ပြီးခဲ့တဲ့ ရက် အနည်းငယ်တုန်းက သာသနာ့ ဘောင် ကို ခဏတာ ၀င် ရောက်ခဲ့ပါတယ်။သင်္ကန်းဝတ် နဲ့ ပုံ တစ်ချို့ကိုလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ ကေ န ဝေမျှ ပေးခဲ့ပါတယ်။
View this post on Instagram
ဘုန်းကြီး ၀တ်နဲ့ တောင် မှ ခန့်ညား ကြည်ညို စရာ ကောင်းလွန်းလို့ လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ ပိုင်တံ ခွန်ရဲ့ ပုံတွေ က နာမည်ကြီး ခဲ့ပါတယ်။ဘယ်လောက် တောင်မှ နာမည်ကြီး လူပြောများခဲ့သလဲ ဆိုရင် တော့ Asia One သတင်းမီဒီယာ မှာပါ ပိုင်တံခွန် အကြောင်းကို ဖော်ပြခဲ့ပါတယ်။Asia One ရဲ့ ဖော်ပြ ချက် မှာတော့.. Flea-bag ဆိုတဲ့ TV စီးရီးနဲ့ အတူ ‘Hot Priest’ အရမ်းလန်းတဲ့ ခရစ်ယာန်ဘုန်းကြီး ဆိုပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နာမည်ကြီး ခဲ့ဖူး တယ်။အခုက တော့ တကယ့် လက်တွေ့ ဘ၀ မှာ ‘Hot Monk’ ဆိုပြီး အင်တာနက်မှာ နာမည်ကြီးနေတယ်ဆိုပြီး အစချီ ထားပါတယ်။
View this post on Instagram
မြန်မာ မင်းသား မော်ဒယ် ပိုင်တံခွန်ရဲ့ ပုံတွေ လွန်ခဲ့တဲ့ ရက် အနည်းငယ်လောက်က ဆိုရှယ်မီဒီယာ ပေါ်မှာ ပျံ့ခဲ့ ကြောင်း၊တခြား သာမန် မင်းသားတွေလို ရုပ် ချော လို့ ဆိုတာ ထက် သာသနာ့ဘောင် ကို ၀င်၊ခေါင်းတုံးတုံး ထား၊သင်္ကန်းဝတ်နဲ့ တောင် မှ ချော မော ခန့်ညား နေတဲ့ အတွက် ကြောင့် နာမည်ကြီး ခဲ့တာပါလို့ Asia One မှာ ဖော်ပြထားပါတယ်။အသက် ၂၄ နှစ်အရွယ် ပိုင်တံခွန်က ဇန်န၀ါရီ ၁၂ ရက်နေ့က Instagram မှာ Post တင်ခဲ့ပါတယ်။”၂၀၂၁ နှစ်သစ်ကို သာသနာ့ ဘောင် ကို ၁၀ ရက် ကြာ ၀င် ရောက်ပြီး ကုန် ဆုံး ခဲ့တယ်၊ငြိမ်းချမ်းမှုကို ခံစားရတယ်..” ဆိုပြီး Post တင်ခဲ့ပါတယ်။အဲ့ဒီ Post အောက်မှာတော့ မိန်းကလေး ပရိသတ်တွေ က သဲသဲလှုပ် ခဲ့ ကြပါတယ်။
View this post on Instagram
ပိုင်တံခွန်က တော့ Runway မော်ဒယ် အဖြစ် ၂၀၁၄ မှာ စတင် ခဲ့တာပါ။နောက်ပိုင်းကျ မှ TV ကြော်ငြာ တွေ၊MV တွေ ၊မဂ္ဂဇင်း ကာဗာ တွေမှာ ပါ ပါဝင် ခဲ့တာပါ။2017 မှာတော့ Midnight Traveller ဇာတ်ကားမှာ ပါဝင် ခဲ့ပါတယ်။၂၀၁၈ မှာတော့ “23 stunning South Asian men” စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ထိုင်းမှာ ပါ အရမ်း နာမည်ကြီးတဲ့ ပိုင်တံခွန်ကတော့ ၂၀၁၉ စက်တင်ဘာ မှာ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ ခရီးသွားသံ တမန် အဖြစ်ခန့် အပ်ခံခဲ့ရပါတယ်။ TC Candler ရဲ့ (၂၀၂၀)အတွက် ရုပ်အချောဆုံး အမျိုးသား စာရင်းမှာတော့ နံပါတ် (၁၀) နေရာကို ရခဲ့ပါတယ်။ပိုင်တံခွန်က တော့ အခုလို Top 10 စာရင်းဝင်နိုင်ခဲ့တဲ့ ပထမဆုံး မြန်မာ အနုပညာရှင် ပါ။
View this post on Instagram
View this post on Instagram
#SHWEMOM(ref:IG/PaingTakhon)