အက်စ်ပရင်သောက်သုံးခြင်းဟာ ကင်ဆာအန္တရာယ်ကို လျော့ပါးစေနိုင်ကြောင်း သိရ

shutterstock/fizkes

တစ်ပတ်ကို (၃) ကြိမ်ခန့် အက်စ်ပရင် မှီဝဲခြင်းဟာ ကင်ဆာဝေဒနာကို ခုခံနိုင်စွမ်းရှိတယ်လို့ dailymail သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ အမျိုးသားကျန်းမာရေးတက္ကသိုလ် (NIH) ရဲ့ စစ်တမ်းအရ အမေရိကန် (၁၄၀,၀၀၀) ကို လေ့လာခဲ့ကြရာမှာ အက်စ်ပရင်သောက်သုံးသူတွေဟာ ဆီးကြိတ်ကင်ဆာ၊ အူကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ သားအိမ်ကင်ဆာဖြစ်ပွားမှု လျော့နည်းကြောင်း တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် အက်စ်ပရင်သောက်သုံးလို့ ကင်ဆာဝေဒနာ သက်သာတဲ့ဖြစ်စဉ်ဟာ ပုံမှန်ကိုယ်အလေးချိန်ရှိသူတွေအပေါ်သာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ အက်စ်ပရင်ကြောင့် ကင်ဆာဝေဒနာဖြစ်ပွားနှုန်းလျော့ကျလာတယ်ဆိုတာနဲ့ ပတ်သက်လို့ အခြားသော အချက်အလက်တွေလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ဆိုထားပါတယ်။

shutterstock/antoniodiaz

ပညာရှင်တွေဟာ ယခု (၂၀၁၉) ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်မှာ အမေရိကန် (၁.၈) သန်းဟာ ကင်ဆာဝေဒနာရှိနေလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ကင်ဆာနဲ့ ပတ်သက်ပြီး အမြစ်ပတ်ကုသပေးနိုင်တဲ့ ကုထုံးတွေဟာလည်း အမျိုးမျိုး ပေါ်လာနေတာပါ။ ဒါပေမယ့် တကယ်တမ်း ကင်ဆာကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ထိရောက်တဲ့ ကုသနည်းတွေကတော့ အခုထက်တိုင် ဆေးကုသစရိတ်ကြီးမားစွာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

READ
သံပရိုရည်က ဖြေရှင်းပေးနိုင်တဲ့ ကျန်းမာရေးပြဿနာ(၆)မျိုး

အချို့အထောက်အထားတွေအရတော့ ကင်ဆာဆေးတွေသောက်တဲ့အခါ အက်စ်ပရင်ကိုပါ တွဲဖက်သောက်သုံးတာဟာ လူနာအတွက် အထောက်အကူဖြစ်စေပါသေးတယ်လို့လည်း ဆိုထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကင်ဆာကို ကာကွယ်ဖို့ရန် ကျန်းမာတဲ့ လူနေမှုဘ၀ကို ထူထောင်ဖို့နဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားဖို့၊ အာဟာရမျှတစွာ မှီဝဲဖို့နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

fizkes

အက်စ်ပရင်ကို (၁၈၉၉) ခုနှစ်တုန်းက တီထွက်ခဲ့တာဖြစ်ပြီး ၄င်းဟာ အစွမ်းထက်ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ သူ့ကို နာကျင်ကိုက်ခဲဝေဒနာတွေ သက်သာပျောက်ကင်းဖို့နဲ့ အဖျားကျဆင်းဖို့အတွက် အသုံးပြုပါတယ်။ အက်စ်ပရင်ရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ ရောင်ရမ်းတာတွေကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ အစွမ်းသတ္တိပဲ ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကင်ဆာဆဲလ်တွေ ရောင်ရမ်းကြီးထွားလာတာကို နှေးကွေးစေနိုင်တယ်၊ ဟန့်တားနိုင်တယ်လို့ ဆိုကြတာပါ။

နှလုံးရုတ်တရက် ရှော့ခ်ရတဲ့လူနာကို အက်စ်ပရင်တိုက်ရင် မတော်တဆ သေဆုံးမှုအန္တရာယ်က ကာကွယ်နိုင်တယ်လို့လည်း လေ့လာချက်တွေက ဆိုပါသေးတယ်။ အက်စ်ပရင်ဟာ အစာအိမ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာစတဲ့ ကင်ဆာဝေဒနာအမျိုးမျိုးကြောင့်  သေဆုံးမှုကို လျော့ချပေးနိုင်တာ မှန်ပေမယ့်လည်း အက်စ်ပရင်ရဲ့ ဆေးအာနိသင်ကိုတော့ ပုံမှန်ခန္ဓာကိုယ်အလေးချိန် ရှိသူတွေဟာ ရရှိနိုင်ပြီး အရမ်းပိန်လွန်းသူ ၊ ၀လွန်းသူတွေမှာတော့ အကျိုးအာနိသင်မပြနိုင်ဘူးလို့လည်း သိရပါတယ်။

READ
ဦးနှောက်ကို အစာအစားရမယ့် အချိန် သတင်းပို့ပေးနေတဲ့ အူမကြီးကပ်ပါးကိုတွေ့ရှိ

လင်းလင်း (ShweMom)

SHARE