Netflix ကရိုက်ကူးထုတ်လွှင့်တော့မယ့် Assassin’s Creed animated series

[email protected]

နာမည်ကြီး ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Assassin’s Creed ဂိမ်းကိုတော့ gamer တော်တော်များများ ကြားဖူးကြမှာဖြစ်သလို တော်တော်လည်း ဆော့လို့ကောင်းတဲ့ ဗီဒီယိုဂိမ်းအမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Assassin’s Creed ဂိမ်းဟာ action-adventure ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပြီး Ubisoft ဂိမ်းကုမ္ပဏီရဲ့ အအောင်မြင်ဆုံး ဗီဒီယိုဂိမ်းဆိုလည်း မမှားပါဘူး။ Assassin’s Creed ဂိမ်းဟာ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလထဲ PlayStation 3 နဲ့ Xbox 360 ဂိမ်းစက်တွေမှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာတော့ Microsoft Windows မှာပါ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အခုလည်း မကြာခင်အချိန်းအတွင်း Netflix ကနေပြီးတော့ အဆိုပါ Assassin’s Creed ဂိမ်းကို Animated series ပုံစံနဲ့ ရိုက်ကူး ထုတ်လွှင့်တော့မှာဖြစ်ကြောင်း The Verge သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အပေါ်မှာတွေ့ရတဲ့ ဗီဒီယိုအပိုင်းအစလေးကတော့ Netflix ရဲ့ twitter အကောင့်ကနေ Netflix နဲ့ Assassin’s Creed တို့ collaboration လုပ်ပြီး မကြာခင်အချိန်မှာ Assassin’s Creed ကို Animated series ပုံစံ ပြန်လည်ရိုက်ကူး ထုတ်လွှင့်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ဟာ ၂၄ နာရီအတွင်း ကြည့်ရှု့သူ ၃ သန်းနီးပါးရှိခဲ့ပြီး Assassin’s Creed ပရိသတ်တွေကလည်း အဆိုပါ Assassin’s Creed animated series ကို ဝမ်းသာအားရနဲ့ မျှော်လင့်နေမှာဖြစ်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

READ
အမှိုက်ပုံးထဲစွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးကို ရွာသားတွေကယ်တင်ခဲ့ရ
[email protected]

“Assassin’s Creed Animated series ကို လူတော်တော်များများ ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ Assassin’s Creed ကတော့ အကုန်လုံး သိတဲ့အတိုင်း ဗီဒီယိုဂိမ်းလောကမှာ တော်တော်လေးကို အောင်မြင်ပြီး လူကြိုက်များခဲ့တဲ့ ဗီဒီယိုဂိမ်းတစ်ခုဖြစ်သလို သမိုင်းဝင်နောက်ခံပုံရိပ်တွေကြားမှာ ခေတ်မှီတဲ့ ဇာတ်အိမ်နဲ့ ခရူးဆိတ်စစ်သည်တော်တွေနဲ့ ဗိုက်ကင်းစစ်သည်တော်တွေရဲ့ တိုက်ပွဲကို မြင်ကြရမှာပါ။ ကျွန်တော်တို့အနေနဲ့လည်း ပရိသတ်တွေ စိတ်မပျက်ရအောင် သေသေချာချာ ရိုက်ကူးတင်ဆက်ပေးသွားမှာပါ”လို့ Netflix original series ရဲ့ President ဖြစ်သူ Peter Friedlander က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE