လေကာမှန်နဲ့ အမိုးမပါတဲ့ ဒေါ်လာ ၉၅၀,၀၀၀ တန် Aston Martin ကားအသစ်

Facebook-Aston Martin

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကားထုတ်လုပ်တဲ့ ဈေးကွက်မှာလည်း နည်းပညာအသစ်အဆန်းတွေ ပါဝင်တဲ့ ကားတွေဟာလည်း တစ်နှစ်နဲ့တစ်နှစ်မတူညီအောင် ကားမျိုးစုံထွက်ရှိနေပါတယ်။ တန်ဖိုးကြီးဇိမ်ခံကားသစ်တွေ အစဉ်မပြတ်ထုတ်လုပ်နေတဲ့ ကားကုမ္ပဏီတွေကတော့ Mercedez, Lamboghini, BMW, McLaren, Bentley, Aston Martin အစရှိတဲ့ ကားကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်။ အခုလည်း Aston Martin ကနေပြီးတော့ ဒေါ်လာ ၉၅၀,၀၀၀ တန် တန်ဖိုးကြီးဇိမ်ခံကားတစ်ခုကို မိတ်ဆက်ပေးလိုက်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ ကားအမျိုးအစားနာမည်ကတော့ V12 Speedster ပဲဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၉၅၀,၀၀၀ ပဲဖြစ်ပါတယ်။ ဒီကားကိုတော့ Geneva Motor Show မှာ စတင်မိတ်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကားရဲ့ အင်ဂျင်ပါဝါကတော့ မြင်းကောင်ရေ ၇၀၀ အားရှိပြီး ကားခေါင်းပိုင်းအောက်မှာပဲ V12 အင်ဂျင်ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ကားရဲ့မြန်နှုန်းကတော့ အနည်းဆုံး တစ်နာရီ မိုင်၆၀နှုန်းအထိမောင်းနိုင်ပြီး အမြင့်ဆုံးအရှိန်ကတော့ တစ်နာရီကို ၁၈၆ မိုင်အထိ မောင်းနှင်နိုင်တာပဲ ဖြစ်ပါတယ်။

ကားရဲ့ကိုယ်ထည်တစ်ခုလုံးကတော့ ပြိုင်ကားပုံစံရှိပြီး ကားမာင်းသူနဲ့ ခရီးသည်ခုံကြားမှာ ကားဘော်ဒီကြီးက ခြားထားပါတယ်။ ဒါ့အပြင်တစ်ခြားပြိုင်ကားပုံစံတွေလို လေကာမှန်နဲ့ ကားခေါင်မိုးလုံးဝမပါရှိတာကတော့ ဒီကားရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ခုပါပဲ။ ကားကတော့ အရေအတွက်ကန့်သတ်ထားတဲ့ကားဖြစ်ပြီး ၈၈ စီးသာထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခုအချိန်ထဲက အော်ဒါများကို ကြိုတင်ကောက်ခံနေပြီဖြစ်ပြီး နောက်နှစ် (၂၀၂၂)မှာ ကားတွေကို ပို့ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

READ
အလုပ်ချိန်အတွင်း သက်တောင့်သက်သာနဲ့ အချိန်ကြာကြာ ထိုင်နိုင်စေမယ့် ထိုင်ခုံ
Facebook-Aston Martin

ဒါပေမဲ့ ဒီကားက ချစ်သူနဲ့စီးရင်တာ့ အဆင်မပြေလောက်ဘူးဗျ။ ဘာကြောင့်ဆို ကားမောင်းသူထိုင်ခုံနဲ့ ဘေးဖက်က ခရီးသည်ခုံအလယ်မှာ အကန့်ကြီးနဲ့လေနော်။

Pyi Hein Kyaw

SHARE