သင်မကြားဖူးသေးလောက်မယ့် Youtube ရဲ့ ထူးထူးခြားခြားအချက်များ

Youtube ကတော့ ကမ္ဘာတစ်ဝှမ်း အသုံးပြု ကြည့်ရှုသူ အများဆုံးဖြစ်တဲ့ ဗီဒီယိုဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ သင်တို့လည်း Youtube ထဲက ဗီဒီယိုတွေကို နေ့စဉ် ဝင်ထွက်ကြည့်ရှုဖြစ်ကြမယ်လို့ ထင်ပါတယ်။ အသုံးတွင်ကျယ်နေပေမယ့် Youtube နဲ့ ပတ်သက်လို့ မသိကြသေးတာတွေ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့-

Youtube ကို တည်ထောင်ခဲ့ကြသူများ

Youtube ကို တည်ထောင်ခဲ့တာကတော့ Chad Harley, Steve Chen နဲ့ Jawed Karim တို့ ဖြစ်ပါတယ်။ ဒီ founder သုံးယောက်ဟာ အွန်ုလိုင်းငွေချေမှုစနစ် ကုမ္ပဏီ PayPal မှာ အလုပ်တူတူလုပ်ခဲ့ကြတဲ့ ဝန်ထမ်းဟောင်းတွေပါ။ PayPal ကို eBay က ဝယ်ယူပြီးနောက် ရလာတဲ့ အပိုဆုငွေတွေကနေ Youtube ကို တည်ထောင်ဖို့ ပထမဆုံး ရန်ပုံငွေ ရရှိခဲ့တာပါ။ ဒါကြောင့် PayPal မရှိခဲ့ရင် Youtube ဆိုတာ ဖြစ်မလာဘူးလို့ ပြောလို့ရပါတယ်။

READ
Folding phone တွေကို မထင်မှတ်ထားတဲ့နည်းနဲ့ ယှဉ်လိုက်တဲ့ LG V50

Youtube ဟာ အစတုန်းက dating site ပါ

ကနဦးတုန်းက Youtube ဆိုတာ ယနေ့မြင်နေရတဲ့ Youtube မဟုတ်ခဲ့ပါဘူး။ “Tune In Hook Up” ဆိုတဲ့ ဗီဒီယိုတွေနဲ့ အတွဲရှာပေးတဲ့ ဝက်ဘက်ဆိုဒ်ဖြစ်ခဲ့ပါတယ်။

Youtube ရဲ့ ပထမဆုံး ဗီဒီယို

Youtube ကို တည်ထောင်သူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ Jawed Karim ရဲ့ ဗီဒီယိုဟာ Youtube ပေါ်က ပထမဆုံး ဗီဒီယိုဖြစ်ပါတယ်။ ၂၀၀၅ ဧပြီလ ၂၃ တုန်းက တင်ခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာ တိရိစ္ဆာန်ရုံထဲက Jawed ကို ဆင်တွေရှေ့မှာ တွေ့ရမှာပါ။

Youtube ရဲ့ April Fools

Youtube ရဲ့ ချစ်စရာဓလေ့တစ်ခုကတော့ ၎င်းရဲ့ အသုံးပြုသူတွေကို နှစ်စဉ် ဧပြီ ၁ ရက်နေ့ (April Fools Day) မှာ နောက်ပြောင်ကျီစားမှုအစီအစဉ်လေးတွေ လုပ်တတ်တာပါ။ Youtube ရဲ့ ပင်မစာမျက်နှာကို ဇောက်ထိုးကြီးဖြစ်အောင် လုပ်ထားတာမျိုးတွေ အပါအဝင် တစ်နှစ်တစ်မျိုး မရိုးရအောင် April Fools အစီအစဉ်လေးတွေ လုပ်တတ်ပါတယ်။ ဧပြီ ၁ ရက်နေ့ကျရင် Youtube ထဲ ဝင်ကြည့်လိုက်ကြနော်။

READ
2025မှာ အမျိုးသမီးများစက်ရုပ်များနှင့်ပိုနေလိမ့်မည်ဟုသိပ္ပံပညာရှင်များဆို
Shutterstock

Youtube နဲ့ပတ်သက်လို့ အခြားစာရင်းအင်းတွေကတော့..

  • လစဉ် Youtube ကို အသုံးပြုသူ အရေအတွက် ၁.၉ ဘီလီယံရှိပါတယ်။ ဒါဟာ အင်တာနက်အသုံးပြုသူရဲ့ တစ်ဝက်တောင် ရှိတဲ့ အရေအတွက်ပါ။
  • Youtube ဟာ ဘာသာစကား အမျိုး ၈၀ နဲ့ အလုပ်လုပ်ပါတယ်။
  • Youtube အသုံးပြုမှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှား၊ တရုတ် ဖြစ်ပါတယ်။

Ref: Huffington Post, Hootsuite

SHARE