စပါးအုံးမြွေကြီးကို မကြောက်မရွံ့နဲ့ ပွတ်သပ်ကျီစယ်နေတဲ့ (၅)နှစ်အရွယ် ကောင်မလေး

(၁၂)ပေအရှည်ရှိတဲ့ သက်ရှိမြွေကြီးတစ်ကောင်နဲ့ မျက်နှာချင်းဆိုင်ဆုံပြီး မတုန်မလှုပ်ပဲ နေနိုင်ဖို့ဆိုတာ မြွေချစ်ပါတယ်ဆိုတဲ့သူတွေ အတွက်တောင် ခက်ခဲတဲ့အရာပါ။ ဒါပေမယ့် ကလေးမလေးတစ်ယောက်ကတော့ လူ့အသက်ကို အန္တရာယ်ပြုနိုင်တဲ့ မြွေကြီးတစ်ကောင်ရဲ့ ရှေ့မှာ ဘာမှမဖြစ်သလို မတုန်မလှုပ်ပဲ နေနိုင်တဲ့အပြင် မြွေကြီးနဲ့ဆော့နေတာကိုပါ တွေ့ရပါတယ်။

YouTube/ Sonny and Cher Reticulated Pythons

ယင်းအဖြစ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာတော့ အသက်(၅)နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ လမ်းကြားကျဉ်းကျဉ်းလေးတစ်ခုထဲမှာ ရှည်လျားကြီးမားတဲ့ အ၀ါရောင်စပါးအုံးကြီးကို ပွတ်သပ်ကျီစယ်နေတာပါ။ ဗီဒီယိုရိုက်ကူးထားတဲ့ နေရာကိုတော့ မသိရပေမယ့် ဗီဒီယိုထဲမှာပါတဲ့ ကလေးမလေးရဲ့ ဖခင် အက်ဒ်တာအိုကာ ဆိုသူကတော့ မကြာခဏဆိုသလို အွန်လိုင်းမှာ မြွေနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေတင်လေ့ရှိသူပါ။ သူမွေးထားတဲ့ စပါးအုံးနှစ်ကောင်က သမီးဖြစ်သူနဲ့ ဆော့ကစားနေတဲ့ ဗီဒီယိုဖိုင်တွေကို ရိုက်ကူးပြီး အွန်လိုင်းတင်လေ့ရှိပါတယ်။

YouTube/ Sonny and Cher Reticulated Pythons

အက်ဒ်ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာ Facebook နဲ့ YouTube တွေမှာ အကြိမ်ရေထောင်နဲ့ချီပြီး ကြည့်ရှုခံခဲ့ရပါတယ်။ ဗီဒီယိုတစ်ခုမှာဆိုရင် စပါးအုံးမြွေကြီးက အက်ဒ်ရဲ့သမီးလေးကို ရစ်ပတ်ပွေ့ပိုက်ထားတာကိုတောင် ရိုက်ကူးထားပါတယ်။

READ
ကြံကြံဖန်ဖန် ခေါင်မိုးပေါ်မှာ ချစ်တင်းနှောကြတဲ့ စုံတွဲ

အက်ဒ်က “မြွေတွေဟာ အမြဲသွေးဆာနေတဲ့ သတ္တ၀ါဆိုးတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် မီဒီယာတွေရဲ့ မြွေတွေအပေါ် မှားယွင်းတဲ့ ပုံဖော်မှုကြောင့် လူတွေက မြွေတွေကို ကြောက်ရွံ့ထိတ်လန့်ကြပါတယ်။ ကျွန်တော်ကတော့ စပါးအုံးနှစ်ကောင်ကို သေချာမွေးထားပါတယ်။ သူတို့ကို ဆိုနီနဲ့ချာလို့ အမည်ပေးထားပါတယ်။” လို့ဆိုထားပါတယ်။

YouTube/ Sonny and Cher Reticulated Pythons

ကလေးမလေးနဲ့ မြွေကြီးရဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်က လူတွေက အမျိုးမျိုးဝေဖန်ရေးသားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ငယ်ရွယ်သေးတဲ့ ကလေးမလေးနဲ့ မြွေကြီးတစ်ကောင်တို့ တစ်ဦးကိုတစ်ဦး ကျီစယ်နေတာကို သဘောကျနှစ်ခြိုက်တဲ့သူတွေရှိနေသလို အန္တရာယ်များတဲ့ သတ္တ၀ါနဲ့ သမီးငယ်ကို အတူတူလွှတ်ထားရပါ့မလားဆိုပြီး ဝေဖန်တဲ့သူတွေလည်း ရှိနေပါတယ်။ အွန်လိုင်းသုံးသူတစ်ဦးကလည်း ကိုယ်အိမ်မှာမရှိတဲ့အချိန် စပါးအုံးက ကလေးကိုမြိုခဲ့ရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ မေးခွန်းထုတ်ထားတဲ့အပြင် မြွေဆိုတာ မြွေရဲ့ သဘာဝအတိုင်း ပြုမူမှာပဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ ပြောပြထားပါသေးတယ်။ ဒါပေမယ့် သူတို့ပြောတာလည်း မှန်ပါတယ်။ စပါးအုံးမြွေမျိုးဟာ တိရစ္ဆာန်အကောင်ကြီးကြီးသေးသေး အရွယ်မရွေး မြိုတတ်တာကြောင့် စိတ်ချထားလို့တော့ မရပါဘူး။ အာရှ၊ နီပေါနဲ့ သြစတေးလျနေရာတွေမှာလည်း စပါးအုံးတွေက အိမ်မွေးတိရစ္ဆာန်တွေ၊ ကလေးတွေအပါအ၀င် အရွယ်ရောက်လူကြီးတွေကိုတောင် မြိုကျတာကို ကြားဖူးကြမှာပါ။

READ
ကိုရီယား မင်းသမီးကြီးတွေရဲ့ နုပျိုလှပဆဲအချိန်က ဓါတ်ပုံများ

လင်းလင်း (ShweMom)

Ref: Dailymail

SHARE