နိုင်ငံတကာ အာကာသစခန်းက အာကာသယာဉ်မှူးတွေရဲ့ ပီဇာပါတီ

နိုင်ငံတကာအာကာသစခန်းက အာကာသယာဉ်မှူးတွေဟာ သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ပီဇာမုန့်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကို ယခုရက်သတ္တပတ်မှာ တင်ခဲ့ပါတယ်။ ၄င်းတို့ဟာ ယခင်လက အာကာသအတွင်းရှိ စီးပွာရေးးဆိုင်ရာ အထောက်အကူပြု ဂြိုလ်တုကို ပြုပြင်ဖို အာကာသထဲ လာခဲ့ကြသူတွေဖြစ်ပါတယ်။ ပိုနေတဲ့အချိန်မှာ ပေါင်မုန့်ပြား၊ ခရမ်းချဉ်သီး ဆော့စ်၊ ချိစ့်၊ သံလွင်ဆီ၊ စတာတွေကို စုဆောင်းပြီး ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

၎င်းတို့ ကိုယ်ပိုင် ပီဇာတစ်ခုစီပြုလုပ်ပြီးသွားတဲ့အချိန်မှာ အဆိုပါ အာကာသယာဉ်မှူး ၆ဦး က ပီဇာတွေကို လေထဲမှာ လှည့်ပြခဲ့ပြီး အပူပေးမီးကင်ခဲ့ကြပါတယ်။

အဖွဲမှူး Randy Bresnik က အဲဒီ ပီဇာတွေကို “စားသုံးနိုင်တဲ့ ပန်းကန်ပြားပျံတွေ” လို့ အမည်ပေးခဲ့ပါတယ်။

ဗွီဒီယိုထဲက အာကသယာဉ်မှူးတစ်ဦးက ” ကျွန်တော်တို့ရဲ့ စားဖိုမှုးကြီးက ညဘက်ရုပ်ရှင်ကြည့်ရင်းစားဖို့ အရသာရှိတဲ့ ပီဇာတွေကို မီးကင်နေပါတယ်” လို့  ဗွီဒီယိုထဲမှာ ပြောခဲ့ပါတယ်။

READ
မတွေ့ရတာကြာပြီဖြစ်တဲ့ သခင်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ကုလားအုတ်ကြီး
Photo source : Internet

” IPDS ( အာကာသထဲက ပီဇာ နှစ်သက်သူများ) တွေ လက်မထောင်” လို့ အဖွဲ့မှူး Bresnik က ထပ်ပြောလိုက်ပါသေးတယ်။

အီတလီအာကာသယာဉ်မှူး Paolo Nespoli ရဲ့ ပီဇာကြိုက်နှစ်သက်မှုကို စာနာမိတဲ့ နာဆာ အာကာသစခန်း မန်နေဂျာဖြစ်သူ Krik Shireman က နိုဝင်ဘာလလယ်မှာ ပို့ဆောာင်မယ့် Orbital ATK အစားအစာ ဆေးတောင့်တွေအတွင်းမှာ ပီဇာပြုလုပ်ရန် ပါဝင်ပစ္စည်းတွေထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

” တကယ်လို့ ပီဇာ အရမ်းစားချင်စိတ်ဖြစ်လာရင် နိုင်ငံတကာ အာကာသစခန်းက မန်နေဂျာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးပဲ တောင်းဆိုလိုက်ပါ”  လို့ Nespoli က twitter မှာ တင်ခဲ့ပြီး ” ကျွန်တော်တို့ကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ လည်း ပြောခဲ့ပါသေးတယ်။

READ
American Ninja Warrior ပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားခဲ့တဲ့ ဒရူး ရဲ့အံ့သြဖွယ်စွမ်းရည်

ဇူလိုင်လကတည်းက ရောက်ရှိနေပြီး ကမ္ဘာမြေကို ပြန်ဖို့ အချိန် တစ်ပတ်လိုသေးတဲ့ Nespoli ဟာ “မထင်ရလောက်အောင် အရမ်းအရသာရှိတဲ့ ပီဇာပဲ” လို့ အော်ဟစ်လိုက်ပါသေးတယ်။ သူဟာ အဖွဲ့မှူးဖြစ်သူ Bresnik ၊ ရုရှား အာကာသယာဉ်မှုး တစ်ဦး နဲ့အတူ ဒီဇင်ဘာ ၁၅ရက်နေ့မှာ ကမ္ဘာမြေကို ပြန်လည် ဆင်းသက်လာမှာပဲဖြစ်ပါတယ်။

SiThu(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE