ပေါင် (၄၀၀)ရှိနေလို့ စိတ်ဓာတ်ကျခဲ့ရာမှ ပြုံးပျော်သွားနိုင်ပြီဖြစ်တဲ့ ဆယ်ကျော်သက်လေး

ဂျိတ်ခ်ဘွတ်ချာအမည်ရတဲ့ ဆယ်ကျော်သက်လေးတစ်ဦးဟာ အသက်(၁၅) နှစ်အရွယ်မှာ ပေါင် (၃၈၀) နီးနီး ရှိခဲ့ဖူးပါတယ်။ တစ်နေ့တစ်ခြား ၀သထက်ဝလာလို့ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားတာလည်း အဆင်မပြေပါဘူး။ လေ့ကျင့်ခန်းလုပ်တိုင်း ခန္ဓာကိုယ်နေရာအနှံ့အပြားက နာကျင်ကိုက်ခဲရတဲ့ ဝေဒနာကို ဂျိတ်ခ်က မခံနိုင်ပါဘူး။ ကျောင်းမှာလည်း ၀လွန်းလို့ အစအနောက်ခံရတဲ့အခါ ကြာလာတော့ ဂျိတ်ခ်ဟာ စိတ်ညစ်လာပြီး ကျောင်းထွက်တဲ့အထိတောင် ဖြစ်လာခဲ့ပါတယ်။

Source:BodyAndSoul

ဂျိတ်ခ်ဟာ ခန္ဓာကိုယ်က တရိပ်ရိပ်ဝလာပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့ပါတယ်။ သူဟာ လေးနှစ်လုံးလုံး စားသောက်ဖို့နဲ့ ချိန်းထားတဲ့ ကိစ္စတွေကလွဲလို့ အပြင်မထွက်တော့ပဲ အိမ်ထဲမှာသာ အောင်းနေခဲ့တာပါတယ်။ ၀လွန်းလို့ ဆရာဝန်သွားပြတော့လည်း ဂျိတ်ခ်က ပိုလို့တောင် စိတ်ညစ်လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါသွားပြတိုင်း အရင်ထက် ပေါင် (၄၀) လောက် တိုးတိုးလာတာပါ။

Source:BodyAndSoul

ဝလာတော့ ဂျိတ်ခ်ဟာ နှလုံးနဲ့ အသဲရောဂါတွေလည်း ၀င်လာပါတယ်။ ဆရာဝန်ကတော့ ဂျိတ်ခ်ကို ဒီပုံအတိုင်းသာ ဆက်သွားနေရင် အသက်(၂၀) တောင် ပြည့်အောင် နေရမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဆရာဝန်က ဂျိတ်ခ်ကို အကြံတစ်ခုပေးပါတယ်။ အဲဒါကတော့ အစာအိမ်ကို ခွဲစိတ်ဖြတ်တောက်တဲ့ gastric sleeve ဆာဂျရီပြုလုပ်ဖို့ ဖြစ်ပါတယ်။ Gastric sleeve ဆာဂျရီဟာ အစာအိမ်ဖြတ်ထုတ်တဲ့ ခွဲစိတ်မှုဖြစ်တာကြောင့် ခွဲစိတ်ပြီးတဲ့အခါ အစာအိမ်ဟာ မူလထက် (၁၅) ရာခိုင်နှုန်းကျုံ့သွားမှာပဲ ဖြစ်ပါတယ်။

READ
လူမြင်ကွင်းမှာ ကလေးတွေရန်ဖြစ်သလို လုံးထွေးသတ်ပုတ်ခဲ့ကြတဲ့ လေးပွင့်ဆိုင်ရန်ပွဲ
Source:BodyAndSoul

အစားအသောက်လည်း မလျော့နိုင်၊ လေ့ကျင့်ခန်းလည်း မလုပ်နိုင်တဲ့ ဂျိတ်ခ်အတွက်ကတော့ ဒီနည်းနဲ့ အဆင်ပြေသွားခဲ့ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီး ပထမအပတ်မှာပဲ (၁၁) ပေါင်၊ နောက်အပတ်မှာလည်း(၁၁) ပေါင်စီနဲ့ နောက်ပိုင်းမှာတော့ တစ်ပတ်ကို (၃) ပေါင်နီးနီးစီ ဆက်တိုက် ပေါင်တွေကျလာခဲ့ပါတယ်။ အခုဆိုရင်တော့ ဂျိတ်ခ်ဟာ ခွဲစိတ်မှုခံယူပြီးတဲ့နောက်ပိုင်း ပေါင် (၂၀၀) တောင် ကျသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အ၀မလွန်တော့တဲ့အတွက် ဂျိတ်ခ်ဟာ သူသွားချင်တဲ့နေရာကို သွားလာရဲနေပြီဖြစ်ပြီး လက်ဝှေ့ထိုး၊ တောင်တက်စတဲ့ အားကစားတွေကိုပါ ပြုလုပ်နေနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Source:BodyAndSoul

လင်းလင်း (ShweMom)

Ref: bodyandsoul

SHARE