ဗဟိုဘဏ်တွေမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုလာကြတော့မှာလား…

ကမ္ဘာပေါ်မှာ ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်တွေက ကျဆင်းနေပေမယ့် လုံးဝပျောက်ကွယ်သွားခြင်းတော့ မရှိသေးပါဘူး။ ပုဂ္ဂလိက ဒစ်ဂျစ်တယ်ငွေကြေးစနစ်က သိပ်ရေပန်းစားတဲ့ အခြေအနေ မဟုတ်သေးပေမယ့် ဗဟိုဘဏ်တွေကတော့ မိမိတို့ နိုင်ငံတွေရဲ့ ငွေကြေးတွေကို ဒစ်ဂျစ်တယ်ငွေကြေးတွေအဖြစ် ပြောင်းလဲဖို့ စမ်းသပ်လိုနေကြပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ ဗဟိုဘဏ်ဆိုတာ သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးဥပဒေ၊ ငွေကြေးဖောင်းပွမှု စတာတွေကို ထိန်းချုပ် ကိုင်တွယ်ရာ ဌာနပါ။ (၂၀၁၈)ခုနှစ်အတွင်း နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ International Monetary Fund (IMF) ရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံး ကမ္ဘာတစ်ဝန်းက ဗဟိုဘဏ် ၁၅ ခုမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အသုံးပြုဖို့ စဉ်းစားကြလျက်ရှိတယ်လို့ သိရပါတယ်။

IMF
Unsplash

အခုလို ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုဖို့ စဉ်းစားကြရတဲ့ အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က ဒစ်ဂျစ်တယ်ငွေကြေးဟာ ငွေသား အသုံးပြုမှု အခန်းကဏ္ဍကို လျှော့ချပစ်နိုင်ပါတယ်။ ဗဟိုဘဏ်တွေအနေနဲ့ ထိုစနစ်ကို သုံးပါက ဘဏ်အကောင့်မရှိတဲ့ နိုင်ငံသားပေါင်းများစွာရဲ့ သန်းနဲ့ချီတဲ့ ငွေကြေးတွေကို နိုင်ငံရဲ့ ငွေကြေးလည်ပတ်မှုထဲကို ရောက်ရှိစေနိုင်မှာပါ။ နောက်တစ်ချက်ကတော့ ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုခြင်းဖြင့် ငွေစက္ကူထုတ်လုပ်ရာမှာ ကုန်ကျတဲ့စရိတ်ကို သက်သာစေနိုင်မှာ ဖြစ်တဲ့အတွက်ပါ။

READ
ဖုန်းမေ့ကျန်ခဲ့တာနဲ့ အချက်ပေးသံမြည်မယ့် စမတ်ဂျက်ကတ်တစ်မျိုး Google တီထွင်

“ငွေကြေးတွေက ပြောင်းလဲလာပါပြီ။ သမာရိုးကျ စည်းမျဉ်းတွေအတိုင်း မဟုတ်ဘဲ အစိုးရတွေဘက်ကရော ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက်ကို ထိန်းချုပ်ထားနိုင်မှာလား။ လစ်လပ်သွားတဲ့ ငွေသားလည်ပတ်မှု နေရာကို ဖြည့်ပေးနိုင်မှာလား” လို့ IMF ဥက္ကဌ Christine Lagarde က အစီရင်ခံစာအသစ်မှာ ထည့်သွင်းသုံးသပ်ခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးတွေက ကမ္ဘာ့ငွေကြေးလည်ပတ်မှုကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေစေပြီး ဗဟိုဘဏ်တွေကလည်း ဒီစနစ်နဲ့ ပတ်သက်လို့ နားလည်ဖို့ လိုအပ်သလို၊ နားလည်အောင်လည်း ကြိုးစားဖို့ Christine က တိုက်တွန်းသွားခဲ့ပါတယ်။

Livemint
Unsplash

ဒစ်ဂျစ်တယ်ငွေကြေး ပညာရှင်၊ အင်္ဂလန်ဗဟိုဘဏ် သုတေသနပညာရှင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Robleh Ali ကလည်း Christine Lagarde ရဲ့ ထင်မြင်ချက်ကို ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗဟိုဘဏ်တွေ ရင်ဆိုင်ရမယ့် အခက်အခဲတစ်ချို့ကိုတော့ သုံးသပ်သွားခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ငွေကြေးကို အစိုးရတွေကနေ ပြည်သူတွေဆီ ဖြန့်ဝေဖို့ တာဝန်ယူမှာလား။ ငွေသားအသုံးပြုမှုတွေ ပျောက်ကွယ်သွားတဲ့တိုင်အောင် ဒစ်ဂျစ်တယ်ငွေကြေးကို ဆက်ထိန်းထားနိုင်မှာလား ဆိုပြီးတော့ပါ။

ဆွီဒင်နိုင်ငံမှာဆိုရင် မိုဘိုင်းမှတစ်ဆင့် ငွေပေးချေမှု မြင့်တက်လာတာကြောင့် အချို့လုပ်ငန်းတွေမှာ ငွေသားတောင် လက်မခံတော့ဘူးလားဆိုတဲ့ ငွေသားပျောက်ကွယ်သွားမယ့် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ဆွီဒင်နိုင်ငံရဲ့ ထိပ်တန်းဘဏ်တစ်ခုဖြစ်တဲ့ Riksbank ကတော့ လာမယ့် နှစ်အနည်းငယ်အတွင်း ဆွီဒင်နိုင်ငံမှာ ငွေသားကိုင်ဆောင် အသုံးပြုမှု ပျောက်ကွယ်သွားတော့မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်လို့ သုတေသနလုပ်ဖို့ Digital Currency Research Institute ကိုတောင် တည်ထောင်ထားပါပြီ။

READ
ဈေးကွက်ထဲကိုအသစ်ဝင်ရောက်လာဖို့ရှိတဲ့ Smartphone(၃)လုံး
Unsplash

ဒစ်ဂျစ်တယ်ငွေကြေးအကြောင်း အနည်းငယ်ရှင်းပြရမယ်ဆိုရင် ၎င်းဟာ ငွေသားကို အစားထိုးဖို့ နည်းပညာ အသုံးပြု ထန်းချုပ်ထားတဲ့ ငွေကြေးလို့ ဆိုနိုင်ပါတယ်။ Cryptocurrency ၊ Virtual Currency လို့လည်း ခေါ်ကြပါတယ်။ သာမန်ငွေကြေးစနစ်တွေကတော့ ဗဟိုဘဏ်မှာ ရိုက်နှိပ်ထုတ်ဝေကာ ဗဟိုဘဏ်အောက်မှာ လည်ပတ်ရတာဖြစ်ပေမယ့် ဒစ်ဂျစ်တယ် ငွေကြေးကတော့ အဲဒီလို ထိန်းချုပ်ခြင်းမရှိတဲ့ စနစ်နဲ့ လည်ပတ်တာပါ။

လက်ရှိအသုံးများဆုံး ဒစ်ဂျစ်တယ်ငွေကြေးကတော့ Bitcoin ဖြစ်ပါတယ်။ Satoshi Nakamoto ဆိုတဲ့ ဘယ်သူဘယ်ဝါ အတိအကျမသိရတဲ့ အဖွဲ့တစ်ဖွဲ့မှ ထိုစနစ်ကို ၂၀၀၉ ခုနှစ်က ဖန်တီးခဲ့တာပါ။ Ethereum (ETH)၊ Ripple (XRP)၊ Bitcoin Cash (BCH)၊ Cardano (ADA) တို့အပါအဝင် အခြားဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစား (၁၀၀၀) ကျော်လည်း ရှိသေးပြီး ဈေးကွက်ပေါင်း (၇၀၀၀) ကျော်မှာ လည်ပတ်နေပါတယ်။

Ref: Technology Review, Coin Market Cap , IMF

SHARE