ခြူးလေးဘက်ကနေ ရပ်တည်ပြီးပြောပေးလိုက်တဲ့ အေသင်ချိုဆွေ

တီဗွီဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်တဲ့ ခြူးလေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူမရဲ့ အချစ်ရေး အဆင်မပြေမှုတွေကြောင့် ကိုယ့်ကိုကိုယ်သေကြောင်းကြံစဉ်တဲ့ အခြေအနေတွေအထိရောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူမရဲ့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအချို့ရှဲု အားပေးကူညီမှုတွေကြောင့် စိတ်အခြေအနေ ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ပရိသတ်တွေကိုလည်း စိတ်မပူကြဖို့ သူမရဲ့ ဖေ့စ်ဘုတ်မှာ ပြောထားပါသေးတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး နာမည်ကျော် အဆိုတော် အေသင်ချိုဆွေကတော့ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ အခုလိုပဲ ပြောဆိုထားတာဖြစ်ပါတယ်။ အေသင်ချိုဆွေကတော့ ခြူးလေးကို မေးမြန်းထားတဲ့ အင်တာဗျူး ဗီဒီယိုကိုကြည့်ပြီးတော့ ခြူးလေးဘက်ကနေ၊  မိန်းကလေးတစ်ယောက်ဘက်ကနေ ပြောဆိုရေးသားလာတာဖြစ်ပါတယ်။

ခြူးလေးကတော့ လက်ရှိမှာ ဆေးခန်းခဏခဏသွားနေရဆဲဖြစ်တယ်လို့လည်း အင်တာဗျူးထဲမှာ ဖြေပေးထားပါတယ်။

Single is the best ဆိုတာ ရွဲ့ပြီးဖြေခဲ့မိတာပါ ဆိုတဲ့ ခြူးလေး

"သူကတောင်းပန်တယ်ဆိုပြီး သူများတွေကိုဖုန်းဆက်ပြီး ငိုပြနေတာ၊ ခြူးနဲ့ ဆက်သွယ်ဖို့ကျတော့ အကုန် ဘလော့ထားတယ်၊ ကျန်းမာရေးကတော့ ဆေးရုံ ဆေးခန်းတွေ ခဏခဏ သွားနေရတယ်" လို့ပြောလာတဲ့ သရုပ်ဆောင် ခြူးလေး နှင့် ခဏတာ။Myanmar Celebrity Relationship: Well-known Actress Chu Lay talk about her relationship & health. #ChuLay

Posted by Myanmar Celebrity on Thursday, January 10, 2019

Source: Chuelay, Athen Choswe, Myanmar Celebrity

SHARE