ရောဂါပိုး သံသယရှိသူကို အ၀င်ခံလိုက်တဲ့ ကိစ္စအပေါ် မေးခွန်းထုတ်လိုက်တဲ့ အေသင်

Image:fb/Athen Cho Swe

ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ မြန်မာနိုင်ငံကို ရောက်လာတဲ့  ကိစ္စ ကတော့ လက်တ လောမှာ အရမ်းကို လူ ပြောများနေပါတယ်။China Southern လေ ကြောင်းလိုင်းရဲ့ လေ ယာဉ် တစ်စီးဟာ မြန်မာနိုင်ငံကို ဒီကနေ့ ဇန်န၀ါရီ (၃၁) ရက်နေ့က ဆိုက်ရောက်လာခဲ့တာပါ။အဲ့ဒီ လေယာဉ် ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ပါလာခဲ့တာဖြစ်ပြီး လက်တလောမှာတော့ လူနာကို ဝေဘာဂီ ဆေးရုံကို ပို့ဆောင် ထားပါတယ်။ဒီသတင်း ထွက်ပေါ်လာပြီး နောက်မှာတော့ ဘာ ကြောင့် China Southern လေ ကြောင်းလိုင်း ကို အ၀င်ခံ လဲ၊သံသယူလူနာကို ဝေဘာဂီ  ဆေးရုံကို ပို့ လိုက်လဲ ဆိုတဲ့ မေးခွန်းတွေ ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့ နေပါတယ်။အဆိုတော်  အေသင် ချို ဆွေ ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမရဲ့ Fb မှာ  မ ကျေနပ် ချက်တွေကို ရင်ဖွင့်လိုက်ပါတယ်။

Image:fb/Athen Cho Swe

ဝူဟန်ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ် ဖို့ကိုတော့  နေ့ရွှေ့ ည ရွှေ့ လုပ် နေတယ်၊China souther n လေ ကြောင်းလိုင်းက လေယာဉ် ကိုတော့ ဘာလို့ မြန်မာနိုင်ငံထဲ ရက်ရက်ရောရော ပေးဝင်တာလဲ၊ရောဂါ ပိုး သံသယရှိသူကို ပြန်မပို့ပဲ နဲ့ ဘာလို့ ဝေဘာဂီ  ဆေးရုံပို့လိုက်လဲ ဆိုတာကို သူမရဲ့ Fb စာမျက်နှာပေါ်မှာ အခုလို မေးခွန်းထုတ်ထားပါတယ်။

READ
ကမ်းခြေရောက် ပုံလေးတွေ တင်လိုက်တဲ့ လုလုအောင်
Image:fb/Athen Cho Swe

“ဝူဟန်ရောက်နေတဲ့ ကိုယ့်မြန်မာနိုင်ငံသား ကျောင်းသားတွေကို

ပြန်သွားခေါ်ဖို့ အတွက်ကျ နေ့ရွှေ့ ညရွှေ့နဲ့၊

ဟင် …..
ကိုယ့်မြန်မာလူမျိုးအချင်းချင်း
ဖေးမမှုမရှိပဲ အတ္တကြီးစွာနဲ့ ပြန်မလာနဲ့ဘာညာနဲ့
ဆစရက ကောမန့်တွေ ကရှိသေးတယ်။ 

Image:fb/Athen Cho Swe

အခုကျတော့ China southern airline လေယာဉ်ကြီး အစင်းလိုက်ကို ရက်ရက်ရောရော ကို ပေးဝင်လိုက်ကြတာ။ အဲ့လိုပါဆို……
တကယ်ဆို ရောဂါပိုး သံသယရှိရင်
တရုတ်နိုင်ငံသားလဲဖြစ်တယ်ဆို အဝင်မခံပဲလေယာဉ်နဲ့ ပြန်ထည့်ပေးလိုက်ရမာဟုတ်ဘူးလား

လူနာကိုတောင် ဝေဘာဂီဆေးရုံပို့တယ်တဲ့
ဝေဘာဂီဆေးရုံမှာရှိတဲ့လူနာတွေက ကိုယ်ခံအားကျဆင်းတဲ့​အားနည်းနေတဲ့ သူတွေလေ။
ပိုဆိုးကုန်မှာမဟုတ်ဘူးလား။

လိုက်မမှီတော့ဘူးကွယ်
ဆိုက်ကားလေးနဲ့ပတ်ခေါ်ပြီးနည်းနည်းလောက်ရှင်းပြကြပါ ကျွန်မကို…” ဆုိၿပီး တင္ထားပါတယ္။

Image:Fb/Athen Cho Swe
Image:Fb/Athen Cho Swe

Source:Fb/Athen Cho Swe

SHARE