‘မ နဲ့ မောင်’ စုံတွဲတွေမှာ တွေ့ရတတ်တဲ့ အလွဲအမှားများ

မိန်းကလေးက ယောက်ျားလေးထက် အသက်ပိုကြီးနေတယ်ဆိုရင် မိန်းကလေးဘက်ကပိုပြီး အနစ်နာခံကြရတာများတယ်။ သူတို့စုံတွဲတွေမှာ တွေ့ရတတ်တဲ့ အလွဲတွေကတော့ ဒီအချက်တွေပဲဖြစ်ပါတယ်။

နင်နဲ့ငါ လို့ သုံးကြတာများတယ်

မ နဲ့ မောင် စုံတွဲတွေမှာ တွေ့ရတဲ့ အမှားတွေက နင်နဲ့ငါ လို့ သုံးကြတာပါပဲ။ မိန်းကလေးက အသက်ပိုကြီးတယ်ဆိုရင် နင်နဲ့ငါ လို့ သုံးကြတယ်။ မိန်းကလေးက ယောက်ျားလေးထက် တစ်နှစ်ပဲပိုကြီးရင် ပိုဆိုးပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က သူငယ်ချင်းလိုမျိုး သုံးနှုန်းလာကြတာများတယ်။ အဲဒါက မှားပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ဆရာအလုပ်မခံကြဘူး

မိန်းကလေးကလည်း “ငါက အသက်ကြီးတော့ ငါစကားကပိုမှန်တယ်” ယောက်ျားလေးကလည်း ” ငါ့မှာ မာနရှိတယ်” ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် ဆရာအလုပ်မခံကြဘူး။ ယောက်ျားလေးတွေက သူတို့ကငယ်တယ်ဆိုပြီးတော့ ဆိုးကြတယ်။ မိန်းကလေးကလည်း “ငါက မိန်းကလေးလေ” ဆိုပြီးတော့ မာနတွေထားကြတယ်။ အဲ့လိုတွေ တစ်ယောက်နဲ့တစ်ယောက် မခံချင်စိတ်တွေများနေကြတာ မှားပါတယ်။

READ
လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း

ပုံမှန်ထက်ရန်ပိုဖြစ်ကြတယ် 

အသက်တစ်နှစ်ပဲကြီးတဲ့ မိန်းကလေးနဲ့ တစ်နှစ်ပဲငယ်တဲ့ယောက်ျားလေးတို့ တွေ့ကြရင် တစ်ယောက်နဲ့တစ်ယောက် အလျော့မပေးတတ်တော့ဘူး။ မာနပြိုင်ကြရင်းနဲ့ ရန်ပိုဖြစ်ကြတယ်။ ကြောင်နဲ့ကြွက်လို အမြဲရန်ဖြစ်ကြတယ်။ ပြတ်နိုင်ကြလားဆိုတော့ မပြတ်နိုင်ကြဘဲနဲ့ကို တွေ့တိုင်းရန်ဖြစ်ကြတာ မ နဲ့ မောင် စုံတွဲတွေပါ။ ဒါက သူတို့ဆီမှာတွေ့ရတတ်တဲ့ အလွဲအမှားတွေပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE