မထင်မှတ်ထားနည်းလမ်းလေးများနဲ့ အကြီးအကျယ်ထောင်ထောက်ပြေးကြသူများ (၁)

ကိုယ်တွေ်စိတ်ထဲ ထောင်ဖောက်ပြေးတယ်ဆိုတာ အနှစ်နှစ်အလလ အချက်အလက်တွေစု၊ အစီအစဉ်တွေသေချာဆွဲပြီးကာမှ လက်နှက်တွေလိုရင်လိုသလိုသုံးပြီး ထွက်ပြေးကြမယ်လို့ ထင်ထားကြတာလေ။ ဒါပေမဲ့ အခုဖော်ပြမယ့်ထောင်ဖောက်မှုတွေကတော့ စိတ်ထဲထင်နေတဲ့ ထောင်ဖောက်နည်းလမ်းတွေနဲ့ လွတ်မြောက်သွားတာတွေမဟုတ်ဘဲ ထူးထူးဆန်းဆန်းနည်းလမ်းတွေဖြစ်တာကြောင့် ဖတ်ကြည့်စေချင်ပါတယ်နော်။

(၁) သစ်သားသေနတ်နဲ့ ထောင်ဖောက်ပြေးခဲ့သူ John Dillinger

youtube

John Dillinger ဟာ ပြည်သူ့ချဉ်ဖတ်၊ ရဲတွေအလိုအရှိဆုံးလူတစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၉၃၀ ပတ်ဝန်းကျင်လောက်တုန်းက ဖလော်ရီဒါရဲ့ Lake County ထောင်မှာ အကျဉ်းကျခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် မတ်လ (၃) ရက်နေ့မှာတော့ လွတ်မြောက်ဖို့အတွက် စိတ်ကူးတွေကို John Dillinger တစ်ယောက် အကောင်အထည်ဖော်ခဲ့ပါတယ်။ ထောင်စောင့်တပ်သားတွေကို သေနတ်ပုံစံပြုလုပ်ထားတဲ့ သစ်သားသေနတ်နဲ့ချိန်ရွယ်ကာ ထောင်အခန်းအလွတ်ထဲမှာ ပိတ်ထားခဲ့ပါတယ်။ ပြီးနောက် လက်နှက်ခန်းထဲက တကယ့်သေနတ်တွေဖြစ်တဲ့ စက်သနတ် (၂) လက်ကို ယူကာ သူတစ်လက်၊ သူ့ရဲ့ ကြံရာပါအခြားထောင်သားတစ်လက်ကိုင်ကာ ထွက်ပြေးဖို့ ယာဉ်လိုက်ရှာခဲ့ပါတယ်။ ထောင်မှာရှိတဲ့အမြန်ဆုံးကားဟာ ထောင်မှူးရဲ့ကားဖြစ်တာကြောင့် ကားဂိုထောင်ထဲက အဲဒီကားကို ထုတ်ဖို့အတွက် ဓားစားခံနှစ်ယောက်ခေါ်သွားခဲ့ပါတယ်။ ဓားစားခံတွေကို ကားပေါ်အထိခေါ်သွားပြီး John Dillinger ကို ဖမ်းဖို့ လမ်းမှာ ရဲအယောက် (၅၀) နဲ့ စောင့်နေတာတောင်မှ လွတ်လွတ်ကျွတ်ကျွတ်ကျော်ဖြတ်နိုင်ခဲ့တာပါ။ John Dillinger ပြောခဲ့တဲ့စကားတစ်ခွန်းကတော့ Ha, ha, ha! And I did all this with a wooden gun!” တဲ့။

READ
ရုံးခန်းသဖွယ်နေရပြီး ထောင်သားတွေကို လွတ်လပ်မှုအပြည့်ပေးထားတဲ့ ထောင်သစ်
Picture of John Dillinger by FBI

(၂) နှစ်ကြိမ်တိုင်တိုင် နည်းလမ်းအစမ်းများနှင့် ထောင်ဖောက်ပြေးခဲ့သူ မူးယစ်ဝိဇ္ဇာ El Chapo

slate

ကမ္ဘာပေါ်မှာရှိတဲ့ မူးယစ်ဆေးဖြန့်ဖြူးရောင်းဝယ်မှုလုပ်ငန်းထဲ အကြီးအကျယ်ဆုံးလုပ်ငန်းကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဟီရိုးအင်း၊ စိတ်ကြွဆေး၊ ကိုကင်းနဲ့ ဆေးခြောက်အပါအဝင် အခြားမူးယစ်ဆေးပေါင်းစုံကို မက္ကစီကိုမှာရောင်းချနေသူပါ။ ၂၀၀၁ ခုနှစ်မှာ ထောင်ကျနေစဉ် လျှော်ဖို့အဝတ်တွေထည့်တဲ့လှည်းထဲလိုက်ပါကာ ထောင်မှလွတ်မြောက်ခဲ့ပြီး ပြန်လည်ဖမ်းဆီးရမိဖို့အတွက် (၁၃) နှစ်တာ ကြာခဲ့ပါတယ်။ ထပ်မံဖမ်းမိပြီးနောက် ၂၀၁၅ မှာတော့ ဒုတိယတစ်ခေါက်ထပ်ပြီး ထောင်ဖောက်ပြေးခဲ့ပါတယ်။ ဒုတိယတစ်ခေါက်ကိုတော့ သူ့ရဲ့ထောင်အခန်းထဲမှာရှိတဲ့ ရေချိုးခန်းထဲကနေတစ်ဆင့် လှိုင်ခေါင်းတူးကာ ထွက်ပြေးခဲ့ခြင်းဖြစ်ပါတယ်။ ရေချိုးခန်းကြမ်းပြင်နဲ့ ဆိုင်ကယ်ထားထားတဲ့မြေအောက်လှိုင်ဂူဆီရောက်ဖို့အတွက် ဆင်းရတဲ့တွင်းအကျယ်ဟာ ၃၀ စင်တီမီတာသာရှိခဲ့တာပါ။ ၃၀ စင်တီမီတာသာကျယ်တဲ့တွင်းထဲကနေဆင်းပြီးကာမှ နည်းနည်းပိုကျယ်ပြီး ဆိုင်ကယ်ထားထားတဲ့ ဒုတိယလှိုင်ခေါင်းထဲရောက်ရှိကာ အရံသင့်ထားထားတဲ့ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ သို့ပေမယ့် El Chapo ကို (၂) နှစ်အကြာ ၂၀၁၇ ခုနှစ်မှာ ပြန်ဖမ်းမခဲ့ပါတယ်။

(၃) ခင်ပွန်းဖြစ်သူကို ထောင်မှကယ်ထုတ်ရန် ဟယ်လီကော်ပတာမောင်းနည်းသင်ခဲ့တဲ့ ဇနီးသည်

READ
လက်ခြေတွေ တုပ်နှောင်ခံထားရတဲ့ကြားက ရေထဲမှာ အသက်ရှင်နိုင်အောင် ဘယ်လိုလုပ်မလဲ
toptenz

၁၉၈၆ ခုနှစ်မှာ Nadine Vaujour ဆိုသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Michel ဟာ ပြစ်သစ်ကထောင်တစ်ခုမှာ ထောင်ဒဏ် (၂၈) နှစ်ကျခဲ့ပါတယ်။ ထောင်မှဖောက်ပြေးဖို့ Michel ဟာ (၂) ကြိမ်တိုင်တိုင်ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးတော့ ကြံရာမရတဲ့အဆုံး ဘဝရဲ့လက်တွဲဖော်ကို ထောင်ဖောက်ပြေးရာမှာပါဝင်ပေးဖို့အတွက် ပြောခဲ့ပါတယ်။ ဒါကြောင့်လည်း Nadine ဟာ ခင်ပွန်းပြောတဲ့အတိုင်း ဟယ်လီကော်ပတာမောင်းနှင်နည်းကို အချိန်ယူကာသင်ကြားခဲ့တာပဲဖြစ်ပါတယ်။ ဇနီးဖြစ်သူ ဟယ်လီကော်ပတာမောင်းနည်းသင်နေတုန်း ထောင်ထဲမှာ Michel တစ်ယောက်ကတော့ မက်မွန်သီးတွေကို ခိုးစုကာ လက်ပစ်ဗုံးလိုမျိုးဆေးရောင်ခြယ်နေခဲ့ပါတယ်။ ထောင်ဖောက်ပြေးတဲ့နေ့မှာတော့ သူ့ရဲ့မက်မွန်သီးလက်ပစ်ဗုံးတွေနဲ့ အစောင့်တွေကို ခြိမ်းခြောက်ကာခေါင်မိုးပေါ်တက်ပြီး ဟယ်လီကော်ပတာခြေနင်းကိုတွယ်လိုက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဇနီးဖြစ်သူကို ပြင်သစ်တောင်ပိုင်းမှာဖမ်းမိခဲ့ပြီး ခက်ခက်ခဲခဲနဲ့ထောင်ဖောက်ပြေးခဲ့တဲ့ Michel ကိုတော့ ဘဏ်ဓားပြတိုက်ရာမှပြန်လည်ဖမ်းမိခဲ့ပါတယ်။ ထောင်ထဲပြန်ရောက်ခဲ့သော်လည်း ဟယ်လီကော်ပတာကိုအသုံးပြုကာ ထွက်ပြေးဖို့ နှစ်ကြိမ်တိုင်တိုင်ကြိုးစားခဲ့ပါသေးတယ်။

scoopnest

Source: Scoop Whoop

Penny

 

 

 

 

 

 

SHARE