ကားပေါ်ကို ဝန်ချီစက်ပြုတ်ကျခဲ့ပေမယ့် ကံကောင်းခဲ့တဲ့ ယာဉ်မောင်း

အသက် (၂၉)နှစ်အရွယ် Mr. Li ဆိုသူဟာ သူ့ရဲ့ကားပေါ်ကို ဆောက်လုပ်ရေးဝန်ချီစက်က မတော်တဆပြုတ်ကျသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ကွမ်တုံပြည်နယ်၊ ဇူဟိုင်မြို့မှာ အောက်တိုဘာ (၁၇)ရက် မနက် (၈)နာရီ၊ (၁၅)မိနစ်လောက်က ဖြစ်ပွားခဲ့တာပါ။  Mr. Li ဟာ အလုပ်ကိုသွားနေတဲ့အချိန်မှာ အခုလိုမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး CCTV ကရရှိတဲ့ ရုပ်သံအရ ဝန်ချီစက်ဟာ ယာဉ်တစ်စီးလုံးပျက်စီးသွားတဲ့အခြေအနေအထိ ပြုတ်ကျသွားခဲ့တဲ့အတွက် ယာဉ်မောင်းအသက်ရှင်ကျန်ရှိမယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ပါဘူး။

ဒါပေမယ့် အချိန်အနည်းငယ်အကြာမှာ ပျက်စီးသွားတဲ့ ခေါင်မိုးအပေါက်ကတဆင့် ယာဉ်မောင်းသူ Mr. Li ထွက်လာခဲ့တဲ့တာဟာ အံ့သြစရာဖြစ်ရပ်ပဲဖြစ်ပါတယ်။ သူဟာ မူးဝေနေတဲ့ပုံစံနဲ့ ကားခေါင်မိုးကနေ အပြင်ကိုထွက်လာခဲ့တာပါ။

“ကရိန်းပြုတ်ကျလာတုန်းက ပြုတ်ကျလာတဲ့အရိပ်အယောင်ကို ကျွန်တော်လုံးဝမတွေ့ခဲ့ပါဘူး” လို့ Mr. Li ပြောခဲ့ပါတယ်။ “ကျွန်တော် ရုတ်တရတ်ကြောင်သွားပြီး ကားထဲကထွက်လာတော့ ကျွန်တော် တစ်ကိုယ်လုံး နာကျင်နေပါတယ်” လို့ သူက ထပ်မံပြောခဲ့ပါသေးတယ်။ Mr. Li ကို ဆေးရုံကိုခေါ်သွားပြီး စစ်ဆေးကြည့်ရာမှာ ညာဘက်ဒူးကျိုးသွားတယ်လို့ သိရပေမယ့် ဒါဟာ ဖြစ်ပွားခဲ့တဲ့မတော်တဆမှုနဲ့ကြည့်ရင် အရမ်းကို ကံကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်။

READ
သဝန်တိုနေတဲ့ ရည်းစားဟောင်းရဲ့ နှိပ်စက်တာခံခဲ့ရတဲ့ မိန်းကလေး

SiThu(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE