အီလက်ထရစ်စကူတာနဲ့ စကိတ်ဘုတ်ကို ပေါင်းထားတဲ့ အော်ဒီ အီးထရွန်စကူတာ

Image: Audi

အော်ဒီဟာ အီလက်ထရောနစ်ယာဉ်တွေနဲ့ ပတ်သက်ပြီး ခေတ်ရှေ့ပြေးတဲ့ တီထွင်မှုတစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီ။ အဲဒါကတော့ အီးထရွန်စကူတာကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ ၄င်းစကူတာကို စကိတ်ဘုတ်သဖွယ် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ၄င်းအီးထရွန်မှာ ဘီးလေးလုံးပါဝင်ပြီး တစ်နာရီကို (၁၂) မိုင်ခွဲကြာ သွားနိုင်မှာပါ။ အီးထရွန်စကူတာဟာ အလေးချိန်(၂၆) ပေါင်ရှိပါတယ်။ အော်ဒီဟာ (၂၀၂၀) ခုနှစ်နှောင်းပိုင်းမှာ ၄င်းကို ပျမ်းမျှ ဒေါ်လာ(၂,၂၄၀) နဲ့ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။

Youtube/ YOUCAR

အီး-စကူတာနဲ့ အီ-စကိတ်ဘုတ်နှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ ထူးခြားတဲ့ ယာဉ်မောင်းနှင်မှုအတွေ့အကြုံကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ အီးထရွန်စကူတာကို စီးတဲ့အခါ ပုံမှန်စကူတာစီးသလိုမျိုး ခန္ဓာကိုယ်ကို ရှေ့ဘက်လှည့်စရာမလိုပဲ စကိတ်စီးသလိုမျိုး ဘေးတိုက်စီးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အီးထရွန်စကူတာမှာ လက်တစ်ဖက်တည်းနဲ့ ကိုင်နိုင်တဲ့ လက်ကိုင်ဘားတစ်ခုလည်း ပါဝင်မှာဖြစ်ပါတယ်။ ၄င်းလက်ကိုင်ဘားကို အလှည့်အပြောင်းပြုလုပ်ပြီး အီးထရွန်စကူတာရဲ့ အရှိန်နဲ့ ဘရိတ်တို့ကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ စကူတာရဲ့ ဘက်ထရီကတော့ သူ့လက်ကိုင်ဘားထဲမှာပဲ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

READ
ဗဟိုဘဏ်တွေမှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ် အသုံးပြုလာကြတော့မှာလား...

အော်ဒီကတော့ စကူတာစီးတဲ့အတွေ့အကြုံဟာ ရေလှိုင်းစီးရသလိုပဲလို့တောင် ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဘက်ထရီဟာ ဘယ်လောက်ရာခိုင်နှုန်းကျန်လဲဆိုတာ ကြည့်နိုင်ဖို့ လက်ကိုင်မှာ display သေးသေးလေးတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီးထရွန်စကူတာမှာ ရှေ့မီး၊ နောက်မီးနဲ့ ဘရိတ်မီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အော်ဒီဟာ အသေးစားယာဉ်ဈေးကွက်ထဲကို နောက်ဆုံးမှ ၀င်ရောက်လာခဲ့တာ ဖြစ်တယ်လို့လည်း theverge ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE