ကားမောင်းစဉ် မီးပွိုင့်နီနဲ့ မကြုံရအောင် စွမ်းဆောင်ပေးမယ့် Audi ရဲ့ GLOSA နည်းပညာ

နာမည်ကျော် ဂျာမန်မော်တော်ကားထုတ်လုပ်ရေး Audi ကုမ္ပဏီက ကားမောင်းနှင်စဉ် ဖြတ်သန်းသွားလာရမယ့် အဆောက်အအုံတွေကို ကားနဲ့ ချိတ်ဆက်ပေးမယ့် vehicle-to-infrastructure နည်းပညာတစ်မျိုးကို ကုမ္ပဏီက အသစ်ထွက်ရှိလာမယ့် ကားမော်ဒယ်အသစ်တွေမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုနည်းပညာအသစ်ကို Green Light Optimized Speed Advisory (GLOSA) လို့ နာမည်ပေးထားပါတယ်။ မီးပွိုင့်တွေနဲ့ ကားကို ချိတ်ဆက်ပေးဖို့ ကားထဲမှာ built-in ပါဝင်တဲ့ စနစ်ပါ။ Audi ကနေ ထိုနည်းပညာကို ၂၀၁၆ ခုနှစ်က စတီထွင်ခဲ့တာဖြစ်ပါတယ်။

Autocar

GLOSA feature က 4G LTE hot spot ကို အသုံးပြုကာ မီးပွိုင့်က ဘယ်တော့နီမယ်၊ ဘယ်တော့စိမ်းမယ်ဆိုတာ ကားကို ကြိုတင်ပြီး အချက်ပေး အကြောင်းကြားပေးမှာပါ။ ထိုအခါ ဒရိုင်ဘာက ပွိုင့်စိမ်းတာကို မီဖို့ ဘယ်လောက် အမြန်နှုန်းနဲ့ ဆက်မောင်းနှင်ရမယ်ဆိုတာ ကြိုသိနိုင်ပါတယ်။ ဒါ့အပြင် ကားကို ဘယ်အချိန်မှာ ရပ်ရမလဲ၊ အရှိန်နှုန်း ဘယ်လောက်နဲ့ မောင်းနှင်သင့်လဲဆိုတာတွေပါ ညွှန်ပြပေးမှာပါ။

READ
iPhone7နဲ့Samsung Galaxy S7ပေါ်ကို တူပစ်ချပြီးစမ်းသပ်ခြင်း
Pixabay

GLOSA နည်းပညာရဲ့ ရည်ရွယ်ချက်ကတော့ ကားတွေ မီးပွိုင့်မိတဲ့ အကြိမ်အရေအတွက် လျှော့ချနိုင်ပြီး အချိန်နဲ့ စွမ်းအင်ကုန် သက်သာစေဖို့ ဖြစ်ပါတယ်။ ဒီ feature ကို အမေရိကန်နိုင်ငံရဲ့ ဒဲလက်စ်၊ ဒန်ဗာ၊ ဂိန်းစ်ဗီးလ်၊ ဟူစတန်၊ ကန်းဆက်စ်၊ လက်စ်ဗီးဂတ်စ်၊ နယူးယောက်၊ အော်လန်ဒို၊ ဖီးနစ်စ်၊ ပို့တ်လန်း၊ ဆန်ဖရန်စစ္စကို၊ ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီယားမြောက်ပိုင်း စတဲ့ဒေသတွေမှာ အသုံးပြုနေနိုင်ပါပြီ။

Tech Crunch

Ref: Tech Crunch

SHARE