အောင်ရဲထွေးအတွက် ယူကြုံးမရဖြစ်နေတဲ့ အောင်မိုးဦးရဲ့ ရင်ဖွင့်စကားသံ

ဟာသ သရုပ်ဆောင် လောကမှာ အောင်ရဲထွေးနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ခဲ့တဲ့ အောင်မိုးဦးကိုလည်း တော်တော်များများ သိပြီးကြမှာပါ။ အောင်ရဲထွေး ကွယ်လွန်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အောင်သူလွင်က ဝမ်းနည်းကြောင်း ရေးခဲ့သလို အောင်မိုးဦးကလည်း ဝမ်းနည်းခဲ့ရပါတယ်။ Facebook မှာတော့ “ငါ့ကိုရူးအောင်လုပ်လိုက်တာလားသူငယ်ချင်းရယ် ငါဘယ်လိုယုံရမှာလဲ” ဆိုပြီး တင်ခဲ့ပါတယ်။

Myanmar Cele 7 နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာလည်း အောင်မိုးဦးက “သူနဲ့ ကျွန်တော်နဲ့  သူငယ်တန်းထဲက အတူတူပေါင်းလာတာ..ဆုံးသွားပြီ ကျွန်တော့်ကိုဖုန်းဆက်တယ်..ကျွန်တော် လိမ်နေတယ် ညာနေတယ်ပဲ ထင်နေတာ..သူ့ အဖေကိုယ်တိုင်ပြောမှ ကျွန်တော်ယုံတာ…။ သူ့အဖေပြောတယ်..သူဆုံးသွားပြီတဲ့..ကျွန်တော် ရန်ဖြစ်တာအထိ ကျွန်တော် သိတယ်။နည်းနည်းပါးပါးပဲ ကျွန်တော်သိတယ်..ကျွန်တော်ဖုန်းတောင် မဆက်ဘူး သူ့ကို..အခုဒီနေ့ကျတော့ဆုံးသွား ပြီတဲ့..ရစရာမရှိဘူးတဲ့..မျက်နှာတစ်ခုလုံးတဲ့။ကျွန်တော်ဘယ်လိုမှလည်း မယုံနိုင်ဘူး။ ဘယ်လိုမှလည်း ဖြေတွေးလို့မရ ဘူး” ဆိုပြီး အစပြုကာ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အောင်မိုးဦးဟာ သူ့သူငယ်ချင်း အတွက် အလွန်ကို ဝမ်းနည်းနေပြီး ယူကြုံးမရလည်း ဖြစ်နေခဲ့ပါတယ်။  အင်တာဗျူး အပြည့်အစုံကိုတော့ Myanmar Cele 7 Facebook Page မှာ ကြည့်နိုင်ပါတယ်။

READ
Jun So Min ဟာသနှောပြီး Propose လုပ်ခဲ့တဲ့ လီကွမ်ဆူ

Source: Myanmar Cele7 & Facebook

SHARE