လက်ထပ်ပြီး (၉)လအကြာမှာ ပရိသတ်တွေကို တရားဝင်အသိပေးလိုက်တဲ့ ပိုးအိအိခန့်နဲ့ အောင်သူ

နာမည်ကျော် ဘော်လုံးသမား တစ်ယောက်ဖြစ်တဲ့ အောင်သူနဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ပိုးအိအိခန့်တို့ကတော့ သူတို့နှစ်ယောက်ချစ်သူတွေ ဖြစ်တဲ့အကြောင်းကို ဖွင့်ပြောခဲ့တာ ၁ နှစ်ကျော် နီးပါးလောက်ရှိပါပြီ။ သူတို့နှစ်ယောက်ကတော့ ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံတွေ တင်ပေးလေ့မရှိပေမယ့် ပရိသတ်တွေကြားမှာတော့ အရမ်းချစ်ကြတဲ့ မနဲ့မောင်စုံတွဲအဖြစ် နာမည်ကြီးပါတယ်။

ပိုးအိအိခန့်နဲ့ အောင်သူတို့ကတော့ ဒီကနေ့မှာ ပရိသတ်တွေကို သူတို့နှစ်ယောက် လက်ထပ်ပြီးပြီဖြစ်တဲ့အကြောင်းကို အသိပေးကြေငြာပေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်လုံးရဲ့ ဖေစ်ဘုတ်တွေမှာ ဓါတ်ပုံနဲ့အတူ တင်ပြီး ကြေငြာထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်ေ်န့က လက်ထပ်လိုက်ကြတာဖြစ်ပါတယ်။

နောက်ကျနေပြီဖြစ်ပေမယ့်လည်း ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံနှစ်ဦးကို ဂုဏ်ပြုစကားလေး ပြောပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Aung Thu ,Poe Ei Ei Khant

SHARE