“ကျွန်မက မဟေသီ”ရဲ့ ကလေးသရုပ်ဆောင် နှစ်ယောက်ကိုချီးကျူးလိုက်တဲ့ အောင်ရေချမ်း

“ကျွန်မက မဟေသီ” ရုပ်သံဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုတွေကို အပြည့်အဝရရှိထားတာဖြစ်ပြီး လူကြည့်အများဆုံး ရုပ်သံဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ အောင်ရေချမ်း၊သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ မိခင်မေတ္တာကို ဖေါ်ပြထားတဲ့ ဇာတ်လမ်းတွဲလေးလည်းဖြစ်တာကြောင့် ပရိသတ်တွေတိုင်း အကြိုက်တွေ့နေကြတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲမှတော့ ကလေးသရုပ်ဆောင်တွေကလည်း အပိုအလို မရှိအောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပါတယ်။ မင်းမျိုးနွယ်အဖြစ်သရုပ်ဆောင်ထားတဲ့ အောင်ရေချမ်းကလည်း “သရုပ်ဆောင်အရမ်းတော်ကြသော ခလေးများ” လို့ရေးထားပြီး အနွယ်တော်နဲ့ မုန်းမာန်တို့ကို ချီးကျူးထားပါသေးတယ်။

“ကျွန်မက မဟေသီ”ဇာတ်လမ်းတွဲကတော့ ဒီကနေ့မှာ ဇာတ်သိမ်းတော့မှာဖြစ်လို့ မလွတ်တမ်းစောင့်ကြည့်လိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Aung yay chan

SHARE