အောင်ရဲလင်းနဲ့ မိုးဟေကိုတို့အတူတွဲသရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုထွက်ရှိ

moe hay ko facebook/legacy music

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ နာမည်ကျော် ထိပ်တန်း အနုပညာရှင်တွေဖြစ်တဲ့ အောင်ရဲလင်းနဲ့ မိုးဟေကိုတို့ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက အနုပညာလှုပ်ရှားမှုတစ်ခု အတူပြုလုပ်ခဲ့ကြတာကို ဖေစ်ဘုတ်ပေါ်မှာ အသိပေးခဲ့ပါတယ်။

moe hay ko facebook

သူတို့နှစ်ယောက်ကတော့ အဆိုတော် မဉ္ဇူရီ သီဆိုထားတဲ့ “နားလည်ပါတယ်” ဆိုတဲ့ သီချင်းထဲမှာ အတူပါဝင်ပြီး သရုပ်ေ်ဆာင်ခဲ့ကြတာဖြစ်ပါတယ်။ ချစ်သူနှစ်ယောက် မတူညီတဲ့ ဘဝအခြေအနေတွေကြောင့် ကွဲကွာသွားရတဲ့ အကြောင်းကို သီဆိုထားတဲ့ ဒီသီချင်းလေးမှာတော့ အောင်ရဲလင်းနဲ့ မိုးဟေကို တို့က တွဲဖက်ညီညီနဲ့ သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

moe hay ko facebook

“နားလည်ပါတယ်”သီချင်းကိုတော့ တေးရေးဝေကြီးက ရေးစပ်ပေးထားတာဖြစ်ပါတယ်။ သီချင်းကောင်းတစ်ပုဒ်ဖြစ်လို့ နားထောင်ကြည့်လိုက်ပါဦးနော် ပရိသတ်ကြီးရေ။

မဉ္ဇူရီ- နားလည်ပါတယ်

မဉ္ဇူရီ သီဆိုထားတဲ့ နားလည်ပါတယ် သီချင်းကို နားဆင်ခံစားနိုင်ပါပြီ ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။ ဒီသီချင်းလေးကို Online Platform များမှာ နားဆင်နိုင်ရန်အတွက် Legacy မှဖြန့်ချိပေးထားပါတယ်။ ဝေကြီး ရေးစပ်ပေးထားတဲ့ ဒီအသဲကွဲသီချင်းလေးကို နားဆင်ခံစားပေးပါအုံးနော် 💔MMS- http://www.myanmarmusicstore.com/AlbumDetail.aspx?albumid=B0003316YouTube- https://youtu.be/M91WPZO-g0Y

Posted by Legacy Music on Monday, 22 July 2019

Source: Legacy music / moe hay ko facebook

SHARE