နာမည်ကျော် မင်းသမီးသုံးယောက်နဲ့အတူတွဲတွေ့ရမယ့် အောင်ရဲလင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် မင်းသမီးချောတွေဖြစ်တဲ့ အေးမြတ်သူ၊အိချောပိုနဲ့ မေမြင့်မိုရ်တို့ကတော့ သုံးယောက်အတူတွဲပြီး အနုပညာလှုပ်ရှားမှုတွေကိုပြုလုပ်နေပြီဖြစ်ပါတယ်။ သူတို့ကတော့ လတ်တလောမှာ တောင်ကြီးကို ရောက်နေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားသစ်တစ်ခုကို ရိုက်ကူးနေတာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် မင်းသမီးသုံးယောက်နဲ့အတူ အောင်ရဲလင်း ကို အတူတူတွဲပြီး တွေ့ရတော့မှာဖြစ်ပါတယ်။ တောင်ကြီးမှာ ရိုက်ကူးရေးလုပ်နေတဲ့ ပုံရိပ်တွေကိုတော့ မေမြင့်မိုရ်က ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

မေမြင့်မိုရ်၊ အေးမြတ်သူ၊ အိချောပို နဲ့ အောင်ရဲလင်းတို့သုံးယောက် ဘယ်လိုမျိုး အတွဲညီညီနဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Source: May Myint Mo

SHARE