အောင်ရဲထွေး သေဆုံးမှုအတွက် ရင်ဖွင့်လာတဲ့ အောင်ရဲထွေးရဲ့ မိဘနှစ်ပါးနဲ့အစ်ကို

အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး Facebook ပေါ်မှာ သတင်းတွေ ပြန့်နှံ့နေတာ မနေ့ထဲက ဖြစ်ပါတယ်။ တရားခံ ဖမ်းမိတယ်လို့ ပြောတဲ့သူတွေရှိသလို မမိသေးဘူးလို့ ပြောတဲံသူတွေလည်း ရှိနေပါတယ်။ အောင်ရဲထွေးရဲ့ မိဘနှစ်ပါးနဲ့
အစ်ကို ဖြစ်သူကို Myanmar Celebrityအင်တာဗျူးခဲ့ပြီး ထိုအင်တာဗျူးမှာတော့…

မိခင်ဖြစ်သူက “ကျွန်မသားလေးကို အငယ်ဆုံးလေးလည်း ဖြစ်တယ်..သူဟာ အင်မတန်မှရိုးသားတယ်။ ရိုးသားပြီးတော့
သူဟာ အခု ဒီဟာသလောကမှာ လူတွေ အကုန်ပျော်ရွှင်အောင်လုပ်တဲ့သူ တစ်ယောက်ပါ။ သူ့ကို ရက်ရက်စက်စက်လုပ်
သွားတယ်။ အဲ့တရားခံကို အမြန်ဆုံး ကျွန်မ ဖော်စေချင်ပါတယ်။ သူ့ကို ချစ်တဲ့ဖန်တွေမှန်ရင်  မှန်ခဲ့သော်ရှိရင်  ကျွန်မသားလေးကို ဝိုင်းပြီး ကူညီပြီးတော့ ရှာပေးကြပါလို့.ကျွန်မဒီနေရာကနေပဲ ပြောချင်ပါတယ်ရှင် ဒီထက်ပြောဖို့ အင်အား
လည်း မရှိပါဘူး..”လို့ ဝမ်းနည်းစွာ ရင်ဖွင့်ခဲ့ပါတယ်။

အောင်ရဲထွေးရဲ့ အစ်ကို ဖြစ်သူက “တရားခံ ၅ယောက်မိတယ်လို့ Facebook မှာ တက်တယ်..တရားခံက တစ်ယောက်
မှ မမိသေးဘူး။ အခုအထိ အားလုံး လွတ်မြောက်နေတယ်…အဲ့ဒါ သတင်း အမှားဖြစ်နေတယ်ပေါ့နော်..သတင်း အမှား ဖြစ်နေတယ်..နောက်တစ်ခုက ရဲတပ်ဖွဲ့ကလည်း ဆောင်ရွက်နေဆဲလို့ အကြောင်းကြားထားတယ်..တရားခံတွေကတော့
လွတ်မြောက်နေဆဲပါ။ အခုအထိ မမိသေးပါဘူး။

READ
ထိုင်ဝမ်အဆိုတော် Jay Chou ကို ယာကူဇာနဲ့မှားပြီးထွက်ပြေးခဲ့ကြတဲ့ ဂျပန်လူမျိုးများ

ဖခင်ဖြစ်သူက “တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လေ…ဒဏ်ရာလေ..သူတို..့ခေါင်းကို ဖိနပ်ခွာတွေနဲ့လေ ဝိုင်းပြီးတော့ ကန်ထားတာ..အဆက်မပြတ်ကန်ထားတော့..ခေါင်းရဲ့ဦးခွံက ကြေသွားတယ်…” ဆိုပြီး အစပြုကာ ဝမ်းနည်းစွာနဲ့ Myanmar Celebrity နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ အင်တာဗျူး အပြည့်အစုံကို Myanmar Celebrity ပေ့ခ်ျမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

၂၀၁၈ မှာ မြန်မာနိုင်ငံသားတွေကို ရယ်စရာတွေနဲ့ အမြဲပျော်ရွှင်စေခဲ့သူ အောင်ရဲထွေးကို ဆုံးရှုံးလိုက်ရလို့ အင်တာနက်
အသုံးပြုသူ တော်တော်များများ ဝမ်းနည်းခဲ့ကြရပါတယ်။

အောင်ရဲထွေးဟာ ရုပ်ရှင်တွေ၊ဗီဒီယိုတွေ MTV တွေမှာ စတင်သရုပ်ဆောင်နေရပြီး အောင်မြင်ဖို့ ကြိုးစားနေခဲ့တဲ့ လူငယ်
တစ်ယောက်ဖြစ်ပါတယ်။

Source: Myanmar Celebrity & Facebook

SHARE