အောင်ရဲထွေးရဲ့ ဈာပနမြင်ကွင်း

Facebook  သုံးတဲ့သူတိုင်းလိုလို ဘဝမှာ စိတ်ညစ်စရာလေးတွေ ရှိတိုင်း အောင်ရဲထွေးရဲ့ ဗီဒီယိုလေးတွေ ကြည့်ပြီး ဘဝအမောတွေ ဖြေခဲ့ကြပါတယ်။ သူဟာ ပရိသတ်တွေကို ဟာသဗီဒီယိုလေးတွေနဲ့ ဖျော်ဖြေနေခဲ့တဲ့ လူငယ်လေး တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရယူထားနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ ၂ရက်နေ့မှာတော့ အောင်ရဲထွေး ဆုံးပြီဆိုတဲ့သတင်း ကြားခဲ့ရပါတယ်။

  

  

သူ့ရဲ့ဈာပနကိုတော့ ယနေ့ ဇန်နဝါရီလ ၃ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါဈပနကို ဆွေမျိုးများ၊မိသားစုဝင်များ၊ သူငယ်ချင်းများ အပါအဝင် ပရိသတ်တွေလည်း တက်ရောက်ခဲ့ပြီး အောင်ရဲထွေးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတွေ များပြားခဲ့ပါတယ်။ အောင်ရဲထွေးရဲ့ ချစ်သူလည်း အောင်ရဲထွေးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ပါတယ်။။ အောင်ရဲထွေးရဲ့ မိသားစုကတော့ တရားခံတွေကို အမြန်ဆုံး ဖမ်းမိစေချင်ပြီး တရားမျှတမှုကို ရရှိဖို့ဆန္ဒရှိနေကြပါတယ်။

အောင်ရဲထွေးဆိုတာ ပရိသတ်တွေရဲ့ ရင်ထဲမှာ ထာဝရကျန်ရှိနေမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ပျော်အောင်လုပ်ပေးခဲ့
တဲ့သူ့ကို ချစ်တဲ့သူတိုင်း မေ့မှာ မဟုတ်ပါဘူး။

READ
ပုံအသစ်လေးတွေတင်လိုက်တဲ့ ပရိသတ်အချစ်တော် သင်ဇာဝင့်ကျော်

Photo Source: News Watch

SHARE