သားဖြစ်သူကို သာသနာ့ဘောင်မှာခေတ္တထားပြီး နိုင်ငံခြားကို ပြန်သွားခဲ့ပြီဖြစ်တဲ့ အောင်ရင်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မိုးအောင်ရင်ကတော့ မူးယစ်ဆေးမှုနဲ့ ထောင်ထဲမှာ ပြစ်ဒဏ်ခံနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းလောက်က အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကတော့ မိုးအောင်ရင်အတွက် အတော်လေးကို ဝမ်းသာခဲ့ကြရပါတယ်။

မိုးအောင်ရင်ကတော့ ထောင်ကနေထွက်လာပြီး ရက်ပိုင်းလောက်မှာ အရှင်မေဃဇေယျဘွဲ့အမည်နဲ့ ရဟန်းသာသနာ့ဘောင်ကိုပျော်သလောက်ဝတ်သွားပါပြီဖြစ်ပါတယ်။ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူအောင်ရင်ကတော့ “သားကသင်္ကန်းစီးပြီး မေဃဇယ ဘွဲ့အမည်နဲ့ရန်ကုန်မှာကျန်ခဲ့တယ် အဖေနဲ့အမေကတော့ဘိလပ်ခဏပြန်ပြီဗျ ” လို့ရေးထားပြီး ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

သာသနာ့ဘောင်မှာ အေးအေးချမ်းချမ်းနဲ့ ပျော်မွေ့နေတဲ့ မိုးအောင်ရင်ရဲ့ ပုံရိပ်တွေကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

Source: Moe Aung Yin

SHARE