ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန်လာတဲ့ အောင်ရင်

Image:Fb/Moe Aung Yin

တစ်ခေတ်တခါ က အရမ်းကို နာမည်ကြီး အောင်မြင်ခဲ့တဲ့ အဆိုတော် အောင်ရင်ကတော့ အခုဆိုရင် ကျန်းမာရေး အ ခြေ အနေ ပြန်ကောင်းမွန်လာခဲ့ပါပြီ။မိုးအောင်ရင်က ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဖခင်ဖြစ်သူဟာ Covid 19  ကူး စက် ခံ နေရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။အားလုံးကလည်း ဦးအောင်ရင်ရဲ့ ကျန်းမာရေး အတွက် စိတ်ပူခဲ့ ကြပြီး လူမှုကွန် ရက်စာမျက်နှာ ပေါ်ကနေ ၀ိုင်းပြီး ဆုတောင်းပေးခဲ့တာတွေကိုလည်း တွေ့ရပါတယ်။အားလုံး စိတ်ပူ နေကြတဲ့ သူ့ရဲ့ ကျန်းမာ ရေး ဟာ အခုဆိုရင် ပြန်ကောင်းလာပါပြီလို့ အောင်ရင်က ဧပြီ (၃)ရက်နေ့က သူ့ရဲ့ လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ တင်ထားပါတယ်။

Image:Fb/Aung Yin

အောင်ရင်ရဲ့ ပြောစကားမှာတော့ သူတို့ဆီမှာ အသက်ရှုရ ခက်ခဲတဲ့ လူနာတွေ လောက်သာ ဆေးရုံတက် ကုသ မှု ခံယူ ကြ ကြောင်း၊သူ့ သူငယ်ချင်းနှစ်ယောက်ဆိုရင်လည်း အိမ်မှာပဲ self quarantine လုပ်ပြီး သက်သာ သွားခဲ့ တာလို့ ဆိုပါတယ်။သူက တော့ ကိုယ်ခံ အားကောင်းအောင် စားသောက် နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။အခုဆို ရင် တော့ ကျန်းမာရေး အခြေ အ နေ ပြန်ကောင်းလာပြီလို့ ပြောခဲ့ပါတယ်။

READ
ကောင်မလေးကို အထင်ကြီးအောင်လုပ်ပြရင်း ပထမဆုံးကြော်ငြာရိုက်ခဲ့ရတဲ့ Salman Khan
Image:Fb/Aung Yin

“မင်္ဂလာပါကိုဗစ်လား ငဗစ်လားမသိပါဘူးကျနော်နေမကောင်းတော့ ဘိလပ်ကသူငယ်ချင်းဆရာဝန်က Covid 19 ကူးစက်ခံရတဲ့ လက္ခဏာပြနေတယ်ပြောပါတယ်အင်္ဂလန်မှာ ဒီလက္ခဏာပြပေမဲ့အိမ်မှာပဲနေရတယ် Test လုပ်မှသာလျှင် Positive လား Negative လားသိနိုင်ပါမယ် ဒီမှာက ဆေးရုံတက်ရတဲ့သူပဲ Test လုပ်ပေးပါ တယ်ဆေးရုံကိုလည်းအသက်ရှုရတာခက်တဲ့လူနာမှသာလက်ခံပြီးတင်ပါတယ် ဘာပဲဖြစ်ဖြစ် ကျနော်နေကောင်း ပါပြီဆုတောင်းမေတ္တာပို့သပေးသူများအားလုံး ကျေးဇူးတင်ရှိပါတယ် 🙏🙏🙏ပါရာစီတမော ၂ လုံး ၄ ကြိမ်နဲ့ ၁၂

Image:Fb/Aung Yin

ရက်မနက်တိုင်း Vitamin C တလုံးသောက်ပါတယ်ဘိလပ်က ကျနော့်ရဲ့သူငယ်ချင်း ဆရာဝန် ၃ ယောက်ဟာ လည်းCorona Virus ကြောင့်နေမကောင်းဖြစ်တာအိမ်မှာ ၂ ပါတ် self quarantine လုပ်ပြီး ပြန်ကောင်းတာ တွေ့ရ လို့ အမျိုးတွေကိုလည်းသိပ်ပြီး အကြောက်မလွန်ဖို့ ပြောချင်ပါတယ်ကိုယ်ခံအားကောင်းဖို့သာဂရုစိုက်ကြပါ
ကျနော့်ကိုလည်း ကိုယ်ခံအားကောင်းဖို့ယခုလိုချက်ပြုတ်ကျွေးတဲ့ ဒေါ်မိုးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ 😍…” ဆိုၿပီး အောင်ရင်က သူ့ရဲ့ Fb မှာ ဝေမျှထားပါတယ်။

Source:Fb/Aung Yin

SHARE