မွေးနေ့ကို တစ်ဦးတည်းကျင်းပနေရတဲ့ အန်တီကြီးအတွက် လူငယ်လေးရဲ့ ကြင်နာတဲ့လုပ်ရပ်

Weibo/Sohu

မွေးနေ့ဆိုတာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ သိုက်သိုက်ဝန်းဝန်းကျင်းပရတာမျိုးပါ။ ဒါပေမယ့် အခုတွေ့မြင်ရတဲ့ အသက် (၆၉) နှစ်အရွယ် အန်တီကြီးတစ်ယောက်ကတော့ သူမမွေးနေ့မှာ သူမနဲ့အတူ မွေးနေ့ကျင်းပပေးဖို့ လူမရှိတာကြောင့် တစ်ယောက်တည်း စားသောက်နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးကြီးနာမည်ကိုတော့ အန်တီဝမ်လို့ သိရပါတယ်။

အန်တီဝမ်ဟာ ကောင်းကောင်းမွန်မွန် မလှုပ်ရှားနိုင်တော့တဲ့ အသက် (၉၀) အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရပါတယ်။ သူမမှာ သားတစ်ယောက်ရှိပြီး သားကတော့ အဝေးက မြို့တစ်မြို့မှာ အလုပ်လုပ်နေပါတယ်။ သားဖြစ်သူနဲ့ အတူတူ သွားနေချင်ပေမယ့်လည်း မိခင်ကြီးက ရှိနေတဲ့အတွက် အန်တီဝမ်ဟာ မိခင်ကြီးနားမှာပဲနေပြီး မိခင်ကို ပြုစုစောင့်ရှောက်နေရတာ ဖြစ်ပါတယ်။

Weibo/Sohu

ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၇) ရက်မှာတော့ သူမဟာ စားသောက်ဆိုင်တစ်ဆိုင်ဆီ ကိတ်မုန့်သေးသေးလေးတစ်လုံးဝယ်ပြီး သွားခဲ့ပါတယ်။ စားသောက်ဆိုင်မှာ ဟင်းနှစ်ပွဲလောက်မှာပြီး ကိတ်မုန့်ခပ်သေးသေးတစ်လုံးကို သူမရဲ့မွေးနေ့ကျင်းပဖို့အတွက် ၀ယ်လာတာ ဖြစ်ပါတယ်။ အန်တီဝမ်ရဲ့ အမျိုးသားဟာ လွန်ခဲ့တဲ့ နှစ် (၃၀)လောက်ကတည်းက ဆုံးသွားခဲ့တာပါ။ အဲဒီကတည်းကစလို့ အန်တီဝမ်ဟာ သားဖြစ်သူကို တစ်ဦးတည်း ပျိုးထောင်လာခဲ့ရတာ ဖြစ်ပါတယ်။

READ
ဓာတ်တိုင်ပေါ်မှာရှိနေတဲ့ ငှက်သိုက်ကို ပညာသားပါပါ ဖြေရှင်းခဲ့တဲ့ ဂျပန်ကုမ္ပဏီ
Weibo/Sohu

အခုအခါမှာတော့ အန်တီဝမ်ဟာ သားဖြစ်သူကို သူမမွေးနေ့အမှတ်တရ ဗီဒီယိုအတိုလေးတစ်ခု ပို့ဖို့ ကြိုးစားနေခဲ့တာပါ။ အန်တီဝမ်ဟာ ဆိုင်ဝန်ထမ်းလေးတစ်ယောက်ကို ခေါ်ကာ သူမကို ဗီဒီယိုရိုက်ခိုင်းလိုက်ပါတယ်။ ဗီဒီယိုထဲမှာတော့ သားဖြစ်သူကို လွမ်းဆွတ်တဲ့အကြောင်းနဲ့ ဒီနှစ်မှာ သားဖြစ်သူဟာ သူမမွေးနေ့မှာ မရှိပေမယ့် နောက်နှစ်မှာတော့ ရှိဖို့ မျှော်လင့်တယ်ဆိုပြီး ပြောဆိုထားတာပါ။

Weibo/Sohu

အန်တီဝမ်ရဲ့ ဗီဒီယိုကိုတော့ သူမရဲ့ ဘေးတစ်ဖက်ခုံမှာ ထိုင်နေတဲ့ လူငယ်လေးတစ်ယောက်က သတိထားမိသွားပါတယ်။ ၄င်းလူငယ်လေးဟာ ငွေရှင်းကောင်တာကို သွားပြီး သူစားတဲ့ အစားအသောက်အတွက် ငွေရှင်းရင်းနဲ့ အန်တီဝမ်မှာထားတဲ့ အစားအသောက်ကိုပါ ငွေရှင်းသွားခဲ့ပါတယ်။ စားသောက်ဆိုင်ကလည်း အန်တီဝမ်မှာထားတဲ့ အစားအသောက်ကို သူတို့ ပိုက်ဆံမယူပဲ အလကားကျွေးလိုက်ပါမယ်လို့ ပြောပါသေးတယ်။ ဒါပေမယ့် လူငယ်လေးက အတင်းပိုက်ဆံပေးသွားတဲ့အပြင် အန်တီဝမ်ကိုပါ မွေးနေ့မှာ ပျော်ပါစေဆိုပြီး နှုတ်ဆက်သွားခဲ့ပါတယ်။

READ
ခင်ပွန်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အထူးလက်ဆောင်လေးတစ်ခု ပေးခဲ့တဲ့ ဇနီးသည်
Weibo/Sohu

အဆိုပါ လူငယ်လေးထွက်သွားမယ့် ဆဲဆဲမှာပဲ စားသောက်ဆိုင်က အန်တီဝမ့်ကို ၄င်းလူငယ်လေးအကြောင်း ပြောပြခဲ့ပါတယ်။ အန်တီဝမ်က လူငယ်လေးကို ဟင်းလျာဖိုးတွေအတွက် ပိုက်ဆံပေးသွားဖို့မလိုကြောင်း ပြောတဲ့အခါမှာတော့ လူငယ်လေးက ဒါဟာ သူကုသိုလ်ပြုတာသာဖြစ်ပြီး နောက်နှစ်မှာတော့ အန်တီဝမ်ဟာ သားဖြစ်သူနဲ့အတူတူ မွေးနေ့ကို ဖြတ်သန်းနိုင်ဖို့ ဆုတောင်းသွားခဲ့သေးကြောင်းလည်း worldofbuzz အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE