ရှိုးပွဲလက်မှတ်အတုကို ဒေါ်လာထောင်ချီဖိုးရောင်းခဲ့တဲ့ ၁၈ နှစ်အရွယ်သြဇီလူငယ်လေး

Free-Photos/pixabay

အခုခေတ်လူငယ်တွေကြားမှာ music festival တွေဟာ တော်တော်လေးကို ခေတ်စားနေကြပါတယ်။ ဒီအတွက် တချို့music festival တွေမှာဆိုရင် လက်မှတ်တွေဟာ အချိန်တိုအတွင်း ရောင်းထွက်ကုန်တတ်ကြတဲ့အတွက် တချို့တွေကတော့ လက်မှတ်တွေကြိုဝယ်ပြီး အနားနီးမှ လက်မှတ်လိုက်ဝယ်တဲ့လူတွေကို ရောင်းချတတ်တဲ့ ဈေးကွက်တစ်ခုရှိပါသေးတယ်။ သြဇီကလူငယ်လေးကတော့ အဲဒီဈေးကွက်မှာ အလှိမ့်တပတ်လုပ်ကာ ဒေါ်လာကိုထောင်နဲ့ချီမြတ်သွားခဲ့တယ်ဆိုပြီး Insider မှာ ဖော်ပြထားခဲ့ပါတယ်။

Pexels/pixabay

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းက Queensland မှာရှိတဲ့ Warana မှာ Kayla Rose Mateer ဟာ တရားရင်ဆိုင်ခဲ့ရပါတယ်။ Kayla ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနဲ့ မေလတို့မှာပြုလုပ်သွားခဲ့တဲ့ Grovin the Moo တို့၊ Big Pineapple Festival တို့လိုမျိုးမှာ လက်မှတ်အတုတွေပြုလုပ်ပြီး အမေရိကန်ဒေါ်လာ ၄,၈၉၀ ဖိုးကို ရောင်းချပစ်ခဲ့တဲ့ အမှုကြောင့်ပါ။ အစတုန်းက Kayla လို့ မသိခင်အချိန်တုန်းကလည်း Warana ဒေသခံသတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ လက်မှတ်လိမ်ရောင်သွားခဲ့တဲ့ ဆယ်ကျော်သက်ဆိုပြီး ဖော်ပြထားခြင်းလည်း ခံခဲ့ရတာကြောင့် ဟိုးလေးတစ်ကျော်ဖြစ်နေခဲ့ရပါတယ်။

READ
တကယ့် Plus Size မော်ဒယ်နဲ့ ပထမဆုံးအကြိမ်လက်တွဲလိုက်ပြီဖြစ်တဲ့ Victoria's Secret
Pexels/pixabay

တရားရုံးမှာ အမှုရင်ဆိုင်စဉ်မှာတော့ Kayla ဟာ အဲဒီအချိန်တုန်းက သူမဆီမှာ ဝင်ငွေတစ်စိုးတစ်စိမှ မရှိသေးတဲ့အတွက်ကြောင့် လုပ်မိလုပ်ရာလုပ်ခဲ့တာဖြစ်ပြီး လိမ်လို့ရခဲ့သမျှငွေတွေအားလုံးကို သူမရဲ့ကိုယ်ကျိုးအတွက် တမင်သက်သက်ကြီးသုံးပစ်ခဲ့တာမဟုတ်ဘဲနဲ့ ဈေးဖိုးနဲ့ မောင်ငယ်လေးအတွက် အရုပ်လေးတွေ ဝယ်ပေးခဲ့ရုံပါလို့ ထွက်ဆိုခဲ့ပါတယ်။ သူ့မောင်လေးဟာ ဆေးစွဲနေတဲ့မိခင်နဲ့အတူနေရာမလို့ ချို့တဲ့လွန်းလှတာလည်း အမှန်ပါပဲ။

ဒီလိုအကြောင်းတွေကြောင့် တရားသူကြီးကတော့ Kayla ကို ထောင်ဒဏ် ၆ လနဲ့ လိမ်လည်ခဲ့တဲ့ ငွေကြေးတန်ဖိုးအတိုင်း အမေရိကန်ေူးလာ ၄,၈၉၀ ကို တစ်ပြိုင်နက်တည်းမဟုတ်တောင် ခွဲခွဲပြီးဆပ်ဖို့ကိုလည်း အမိန့်ချမှတ်ပေးခဲ့ပါတယ်။

Penny

SHARE