ဝေဖန်မှုတွေကို ထူခြားတဲ့ အပြုအမူနဲ့ တုံ့ပြန်ခဲ့တဲ့ သြဇီ အမျိုးသမီးအမတ်

Twitter- @NicolleFlint

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့တုန်းက သြစတေးလျနိုင်ငံရဲ့ အမျိုးသမီးလွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ Nicolle Flint ဟာ သူမရဲ့ Twitter account မှာ ထူးထူးဆန်းဆန်း ဗီဒီယိုတစ်ခုတင်လာခဲ့ပါတယ်။

Twitter- @NicolleFlint

လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Nicolle Flint “အမှိုက်လို စိတ်ဓာတ်တွေနဲ့ ကျား၊ မခွဲခြားဆက်ဆံမှုတွေကို စိတ်ပျက်နေပြီလား။ ကျွန်မကတော့ စိတ်ပျက်နေပါပြီ။ ဒီအတွက် ABC Adelaide သတင်းဌာနက သတင်းသမား Peter Goers ကို သူ ကျွန်မနဲ့ပတ်သက်ပြီး Sunday Mail မှာ တင်ခဲ့တဲ့ သတင်းတစ်ပုဒ်အကြောင်း ပြောချင်တယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် အပြင်ပိုင်း ပုံပန်းသွင်ပြင်ပဲကြည့်ပြီး ဝေဖန်ဆံးဖြတ်တာတွေ လူမှုပတ်ဝန်းကျင်မှာမရှိသင့်တော့ဘူး” လို့ သူမရဲ့ ဗီဒီယိုထဲမှာ  ပြောလာခဲ့ပါတယ်။

သြဇီရဲ့ လူသိများတဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Peter Goers ဟာ Nicolle Flint ရဲ့ ဝတ်စားဆင်ယင်ပုံကို ဆောင်းပါးတစ်ပုဒ်ရေးပြီး လှောင်ပြောင်ခဲ့ပါတယ်။ ပုလဲတွေအရမ်းဝတ်တယ်တို့၊ စကပ်နဲ့အင်္ကျီက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဆောင်းပါးတစ်ပုဒ်လုံးပြည့်နှက်နေခဲ့တာပါ။

READ
ဆပ်ကပ်ထဲက ၀က်ဝံက ပရိသတ်ကို ရန်ပြုတိုက်ခိုက်လို့ အသဲအသန် ထွက်ပြေးခဲ့ရ
Twitter- @NicolleFlint

ပုံမှန်ဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ အခုလိုမျိုး မီဒီယာတွေနဲ့ ပြဿနာဖြစ်တယ်ဆိုတာရှားပါတယ်။ ဒါပေမဲ့ Nicolle Flint ကတော့ အမျိုးသမီးထုအရေးကြောင့် အခုလိုပဲ ပေါ်ပေါ်ထင်ထင်ပြောလာခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ဗီဒီယိုထဲ အမှိုက်နဲ့တန်တဲ့ အတွေးအခေါ်တွေအတွက် အမှိုက်အင်္ကျီဆိုရင်ရော ဘယ်လိုပါလဲတဲ့လေ။ အရမ်းမိုက်တဲ့စကားလေးပဲ။ ဗီဒီယိုအပြည့်အစုံကို ကြည့်လိုက်ပါဦး။

penny

SHARE