လက်တလော သြဇီရဲ့ Jockey လောကမှာ နာမည်ကြီးနေတဲ့ အမျိုးသမီးကစားသမားတစ်ဦးရှိနေပါတယ်။ သူမကတော့ Kayla Nisbet ပါတဲ့။
View this post on Instagram
Jockey ဆိုတာ မြင်သာအောင်ပြောပြရမယ်ဆိုရင်တော့ ပြိုင်မြင်းတွေကို စီးရတဲ့ မြင်းစီးသမားတွေပါပဲ။ Jockey လောကမှာတော့ Kayla ဟာ အရည်အချင်းလည်းရှိတဲ့အပြင်ကိုမှ ရုပ်ရည်လေးကလည်း ချောမောလှပတဲ့အတွက် ပရိတ်သတ်တွေအများကြီးရှိနေခဲ့ပါတယ်။ ဒါပေမဲ့ Kayla ဟာ သူမရဲ့ဖခင်ကြောင့် အနှိမ်ခံခဲ့ရဖူးပါတဲ့လေ။
Kayla ဟာ ညီအစ်မ ၆ ယောက်ကြားမှာ ကြီးပြင်းခဲ့သူတစ်ယောက်ပါ။ ညီအစ်မတွေ များတဲ့အိမ်ဆိုတာ သိတြ့အတိုင်း အလှအပတွေနဲ့ ကောင်လေးတွေအကြောင်းပဲ အမြဲတမ်းလိုလို ကြားရမှာဖြစ်ပေမယ့်လည်း Kayla ကတော့ အမြဲတမ်းလိုလို ဖခင်ဖြစ်သူနဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဖခင်ဟာလည်း သူမလိုပဲ Jockey ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူမကို သမိးတွေကြားထဲမှာ သားတစ်ယောက်လိုမျိုး အမြဲတမ်း ပြောဆိုဆက်ဆံပြီးတော့ ဖခင်ရဲ့ခြေလှမ်းကိုပါ နင်းလာအောင် Jockey လောကထဲကို ငယ်ငယ်လေးကတည်းက ခေါ်သွင်းလာခဲ့တာပါတဲ့လေ။
View this post on Instagram
View this post on Instagram
ဒါကြောင့် အစ်မတွေကြားထဲ သူဟာ ယောက်ျားအဆန်ဆုံးနဲ့ အကြမ်းတမ်းဆုံးဖြစ်နေခဲ့တာကြောင့် တစ်ချို့ကိစ္စတွေမှာဆိုရင် ဖယ်ထုတ်ခံထားတာမျိုးတွေကို ငယ်ငယ်တုန်းက ကြုံခဲ့ရပါတယ်တဲ့။ အခုဆိုရင် Jockey ကစားတဲ့လောကထဲမှာ ၁၀ နှစ်ကျော်ကြာနေပြီဖြစ်ပြီးတော့ မြင်းပြိုင်ပွဲပေါင်း(၄၀၀)ကျော်မှာ အနိုင်ရခဲ့တဲ့ အမျိုးသမီး Jockey ကစားသမားတစ်ဦး ဖြစ်နေခဲ့ပါပြီ။
View this post on Instagram
penny