Elvis Presley နေရာမှာ သရုပ်ဆောင်ဖို့ သေချာသွားပြီဖြစ်တဲ့ Austin Butler

@bazluhrmann/Twitter, @austinbutler/Instagram

Rock and Roll တို့ရဲ့ ဘုရင် Elvis Presley ရဲ့ အတ္ထုပ္ပတိရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို့အတွက် ဒါရိုက်တာ Baz Luhrmann ပြင်ဆင်နေခဲ့တာ လနဲ့ချီနေခဲ့ပါပြီ။ လူတစ်ယောက်အကြောင်း ရုပ်ရှင်ပြန်ရိုက်ပြီဆိုမှတော့ အရင်ဆုံးကြုံတွေ့ရမယ့် ပြဿနာကတော့ အဲဒီလူနေရာမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင်ကို ရွေးချယ်ရတာပါပဲ။

သာမန်ဇာတ်ကားမျိုးဆိုရင် ကိုယ်ပိုင်ဟန်ပန်နဲ့ လွတ်လပ်စွာသရုပ်ဆောင်လို့ ရပေမယ့်လို့ ဒီလိုအတ္ထုပ္ပတိရုပ်ရှင်တွေမှာကတော့ မူရင်းလူရဲ့ ဟန်ပန်အတိုင်းလိုက်ပါစီးမျောနိုင်ကာမှ တော်ရာကျမှာပါ။ သရုပ်ဆောင်အရွးမှားရင် ဇာတ်ကားတစ်ခုလုံးက ရေစုန်မျောပြီကိုး။

အခု Elvis Presley နေရာမှာ သရုပ်ဆောင်မယ့်သူကိုတော့ Austin Butler ကို ရွေးချယ်ခဲ့တယ်ဆိုပြီး ဒါရိုက်တာ Baz က သူ့ရဲ့ Twitter မှာ ဖော်ပြထားခဲ့ပါတယ်။

https://twitter.com/bazluhrmann/status/1150796379889033216/photo/1

Austin Butler ဟာ Elvis Presley နေရာမှာ သရုပ်ဆောင်ခွင့်ရရှိဖို့အတွက် တခြားသော အနုပညာရှင် ၄ ဦးနဲ့အတူတူ casting ဝင်ခဲ့ရပါသေးတယ်။ Casting အောင်သွားတဲ့အချိန်မှာတော့ Ansel Elgort, Aaron Taylor-Johnson, Miles Teller နဲ့ Harry Styles တို့ ၄ ယောက်ကို ကျော်ဖြတ်ပြီး ဒီနေရာကို ရရှိသွားခဲ့တာပါ။ ဒါရိုက်တာ Baz ကတော့ သူ့အနေနဲ့ Austin Butler နဲ့အလုပ်တွဲမလုပ်ဖူးသေးပေမယ့် သတင်းတွေကြားနေခဲ့တာကြာပြီဖြစ်ပြီး Austin Butler ရဲ့ သရုပ်ဆောင်ပုံနဲ့ အပြင်မှာလည်း ဂီတအပိုင်းမှာ တီးမိခေါက်မိရှိနေတာကြောင့် Presley အဖြစ် ပိတ်ကားပေါ်မှာ မြင်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေခဲ့ပါတယ်။

View this post on Instagram

a m a l f i

A post shared by Austin Butler (@austinbutler) on

နောက်ထပ်ထူးခြားချက်အနေဲ့ကတော့ ဒီဇာတ်ကားမှာ မင်းသားကြီး Tom Hanks ကလည်း Presley ရဲ့မန်နေဂျာ Col. Tom Parker အဖြစ် ပါဝင်သရုပ်ဆောင်သွားဦးမှာပါတဲ့။ ရိုက်ကူးရေကးကိုတော့ သြစတေးလျမှာ အခြေတည်ကာ လာမယ့်နှစ်အစောပိုင်းမှာ စတင်သွားမယ်လို့ CBS မှ သိခဲ့ရပါတယ်။

Austin Butler ဟာ Leonardo DiCaprio နဲ့ Brad Pitt တို့နှစ်ယောက်ရဲ့ Once Upon A Time In Hollywood ဇာတ်ကားမှာလည်း ပါဝင်နေခဲ့ပါတယ်။ ဒီအပြင် Dude ဆိုတဲ့ လူငယ်ဇာတ်လမ်း၊ The Dead Don’t Die ဆိုတဲ့ Selena Gomez ပါဝင်ထားတဲ့ zombie ရုပ်ရှင်တို့မှာလည်း ပါဝင်ထားခဲ့ပြီး ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ High School Musical အဆက် Sharpay’s Fabulous Adventure, Aliens in the Attic စတဲ့ ကလေးကြိုက်ရုပ်ရှင်တွေနဲ့ လူသိခဲ့တာဖြစ်ပါတယ်။

View this post on Instagram

@jonmagazine cover out now!

A post shared by Austin Butler (@austinbutler) on

လက်ရှိအချစ်ရေးကတော့ High School Musical ထဲက Zac Efron ရဲ့ ချစ်သူဟောင်း Vanessa Hudgens နဲ့ တွဲနေပါတယ်။

View this post on Instagram

Date night with @austinbutler 🥰🥰🥰

A post shared by Vanessa Hudgens (@vanessahudgens) on

Penny

READ
လူငယ်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေတဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ အေးသောင်း

 

 

SHARE